အိန္ဒိယတွင် လေကြောင်းလိုင်းများ ဗုံးခွဲခံရမည်ဟု ခြိမ်းခြောက်မှုကြောင့် စိုးရိမ်မှုများမြင့်တက်

အိန္ဒိယတွင် လေကြောင်းလိုင်းများ ဗုံးခွဲခံရမည်ဟု ခြိမ်းခြောက်မှုကြောင့် စိုးရိမ်မှုများမြင့်တက်
Published 21 October 2024

အိန္ဒိယနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း လေကြောင်းလိုင်းများ ဗုံးခွဲခံရမည်ဆိုသည့် အတုအယောင် ခြိမ်းခြောက်မှု ၇၀ ကျော်ကြောင့် လေကြောင်းခရီးစဉ်များ အနှောက်အယှက်ဖြစ်ခဲ့ရပြီး စိုးရိမ်းမှုများကို မြင့်တက်စေခဲ့သည်သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။

လေကြောင်းခရီးစဉ် အားလုံးသည် ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့သော်လည်း ထိုခြိမ်းခြောက်မှုများကြောင့် အချို့လေယာဉ်များသည် ကနေဒါနှင့် ဂျာမနီတို့သို့ ပြောင်းလဲဆင်းသက်ခဲ့ကာ ဗြိတိန်နှင့် စင်ကာပူတွင်လည်း တိုက်လေယာဉ်များက  ခရီးသည်တင်လေယာဉ်များကို လိုက်ပါစောင့်ကြပ်ပေးခဲ့သည်။

အိန္ဒိယစိုးရနှင့် ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့ကမူ အလွန်တင်းကျပ်သည့် အရေးယူမှု ပြုလုပ်သွားမည် ဟု သတိပေးခဲ့သည်။

အောက်တိုဘာ ၁၃ ရက်ကတည်းက ပြည်တွင်းနှင့် ပြည်ပလေကြောင်းလိုင်းများကို ပစ်မှတ်ထားသည့် အတု အယောင်ခြိမ်းခြောက်မှုပေါင်း ၇၀ ကျော်ရှိခဲ့ကြောင်း Times of Indiaနှင့် News 18 တို့က ဖော်ပြခဲ့ပြီး အောက်တိုဘာ ၁၉ ရက် တစ်ရက်တည်းမှာပင် ခြိမ်းခြောက်မှု ၃၀ ခန့် ရှိခဲ့သည်ဟုဆိုသည်။

 ထိုခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး ဆယ်ကျော်သက်လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသော်လည်း ခြိမ်းခြောက်မှု များ ဆက်လက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Ref:AFP

                                              

Most Read

Most Recent