အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစသည့်မြို့များသို့ လှူဒါန်းမည့် ကုန်တင်ခရီးစဉ်များကိုအခမဲ့ပို့ဆောင်ပေးမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစသည့်မြို့များသို့ လှူဒါန်းမည့် ကုန်တင်ခရီးစဉ်များကိုအခမဲ့ပို့ဆောင်ပေးမည်
Published 13 September 2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစသည့်မြို့များသို့ ကုန်တင်ခရီးစဉ်များကို အခမဲ့ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အဆိုပါဒေသများမှ သွားလာရေးခက်ခဲ သည့် ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစသည့်မြို့များသို့ ကုန်တင်ခရီးစဉ်များကို အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ယင်းမြို့များသို့ ကုန်ပစ္စည်းလှူဒါန်းပေးပို့လိုသူများအနေဖြင့် (MAI)လေကြောင်းလိုင်း၏ Cargo Operation Team သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လေကြောင်းလိုင်းအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ ကုန်စည်ပစ္စည်းတွေကို အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု (MAI )လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆိုလ်း-အင်ချွန်း၊ ဒူဘိုင်း၊ ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခတ်စသည့်မြို့များအပါအင် နိုင်ငံတကာခရီးစဉ် ၁၉ခုအား ပျံသန်းနေပြီး ၇၂နာရီ မတိုင်ခင် အခမဲ့ ရက်အပြောင်း အလဲပြု လုပ်နိုင်ကြောင်း သတင်းရရှိသည်။

 အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က  စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆိုလ်း-အင်ချွန်း၊ ဒူဘိုင်း၊ ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခတ်၊ ဟိုချီမင်း၊ ကွမ်ကျိုး၊ ဖနွမ်းပင်၊ ဗီယက်နမ်၊ ဒေလီ၊ ကိုလ်းကတ္တား၊ ချန်နိုင်း၊ နိုဗိုစီဗစ်စသည့် မြို့များသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ဂါယာနှင့် ကူမင်းမြို့တို့သို့ Charter Flight များပျံသန်းနေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ပြည်တွင်းခရီးစဉ်နှင့် ပြည်ပခရီးစဉ်များအတွက် လက်မှတ်များကို သြဂုတ် ၁ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေဖြင့် စတင်ရောင်းချပေးနေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ၏  သြဂုတ် ၁၅ရက်တွင် ကျရောက်သည့် ၃၁နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်း ပြည်ပခရီးစဉ်များကို  ၃၁ရာခိုင်နှုန်း အထိလျှော့စျေးများ ပေးအပ်ထားသည်။

(MAI) ၏  ၃၁နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခမဲ့လေယာဉ်လက်မှတ်များ ပါဝင်သည့် Lucky Draw အစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။ အဆိုပါပရိုမိုးရှင်း၏ ခရီးသွားကာလမှာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလကုန် အထိဖြစ်ပြီး လက်မှတ်များကို MAI ၏ direct sales channels များအပြင် လက်မှတ်အရောင်း ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဟု သိရသည်။

MAI လေကြောင်းလိုင်းက ယခုလက်ရှိ တွင် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော် ဘွားများ ပြည်ထောင်စု(ယူအေအီး)၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများရှိ မြို့ပေါင်း ၃၆မြို့သို့ တိုက်ရိုက်ခရီးစဉ်များကို Airbus A 320 ခြောက်စီး၊Embraer E190 နှစ်စီး၊ ATR 72-600 ၄စီးနှင့် Boeing 737 freighter တစ်စီးတို့ဖြင့် ပျံသန်းနေခြင်းဖြစ်သည်။ ယင်းပြင် MAI လေကြောင်းလိုင်းသည် မဟာဗျူဟာမြောက် ခရီးစဉ်ကွန်ယက် တိုးချဲ့မှုအစီအစဉ်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ယခုနှစ်ကုန်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့့နှင့် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ ဒါကာမြို့များအပါအဝင် ပြည်တွင်း ပြည်ပခရီးစဉ် စုစုပေါင်း ၄၁ခုအထိ ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent