စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာတွင် PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး

စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာတွင် PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး
Published 28 August 2024

စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာ တွင် PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၂၅ ရက် ည ၉ နာရီတွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအ ရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းရွှေ (၅၆ နှစ်) သည် တစ်ရွာတည်းနေ ၎င်းင်း၏သမီးဖြစ်သူ ဒေါ်တင်တင်ထား၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးသိန်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရ ရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့ သူများအား ဖော်ထုတ်ဖမ်းဆီး၍ အရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent