■ လာလီဂါ ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

■ လာလီဂါ ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Photo: FC Barcelona
Photo: FC Barcelona
Published 27 August 2024

◘ ဗယ်လက်ကာနို - ဘာစီလိုနာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် နံနက် ၂:၀၀ နာရီ)

ဗယ်လက်ကာနိုက သူတို့ရဲ့အိမ်ကွင်းမှာ ဘာစီလိုနာကို အမြဲဒုက္ခပေးလေ့ရှိတဲ့အသင်းလို့ ပြောရမယ်။ ဒီပွဲက ဗယ်လက်ကာနိုအသင်းရဲ့ အိမ်ကွင်းအဖွင့်ပွဲဖြစ်လို့ ဘာစီလိုနာကို အင်နဲ့အားနဲ့ တောင့်ခံရင်ဆိုင်လာဦးမှာ သေချာတယ်။ ဘာစီလိုနာကတော့ အဖွင့်ပွဲ (၂)ပွဲဆက် အနိုင်ရရှိထားပြီး ဗယ်လက်ကာနိုကွင်းမှာလည်း ယုံကြည်မှုအားကောင်းကောင်းနဲ့ ရင်ဆိုင်ဦးမှာပဲ။ ဒါပေမဲ့ ခက်တာက စျေးကွက်ပိတ်ခါနီး ဘာစီလိုနာရဲ့ ကစားသမားအဝင်အထွက်တွေများနေလို့ နည်းပြ ဟန်ဆီဖလစ်ခ်အတွက် အသင်းရဲ့အမာခံလူစာရင်းနဲ့ ခြေစွမ်းကို စိတ်တိုင်းကျပုံဖော်လို့ မရနိုင်ဘူးဖြစ်နေနိုင်တယ်။ ဗယ်လက်ကာနိုအသင်းရဲ့ အိမ်ကွင်း မာမာထန်ထန်နဲ့ ခံစစ်လုံအောင်ကစားပြီး တုံ့ပြန်လာနိုင်မှုကလည်း ရာသီအစအချိန်ယူနေရဆဲ ဘာစီလိုနာအသင်းကို စိတ်ကြိုက်ကစားခွင့် ပေးမယ်မထင်ဘူး။ ဗက်လက်ကာနိုအသင်းကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။ (၂)သင်းပေါင်း သွင်းဂိုးအနည်းကိုကြိုက်တယ်။

◘ မာယော့ကာ - ဆီဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၇ ရက် ည ၁၁:၃၀ နာရီ)

ရာသီအဖွင့်ပွဲမှာ ဆီဗီလာအသင်း အတော်လေး ရုန်းကန်လိုက်ရတယ်။ အထူးသဖြင့် ခံစစ်ကစားပုံအတော်လေး အားနည်းနေပြီး (၂)ပွဲကစားအပြီး တစ်ပွဲ(၂)ဂိုးနှုန်းပေးထားရတယ်။ မာယော့ကာကလည်း အိမ်ကွင်းအဖွင့်ပွဲမှာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်ကို သရေကစားခဲ့တယ်။ ဒါ့အပြင် မာယော့ကာရဲ့ အိမ်ကွင်းခံစစ်ကစားပုံကိုကြည့်ရင်လည်း မာကျောမှုရှိတာ တွေ့ရပါတယ်။ ဒါကြောင့် ဆီဗီလာအသင်းအနေနဲ့ နိုင်ပွဲရဖို့ ခက်ဦးမှာပါ။ အိမ်ရှင် မာယော့ကာနဲ့ ဂိုးအနည်းကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent