စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် အုတ်တံတိုင်းပြိုကျခဲ့ပြီး ယာဉ်ခြောက်စီးနှင့် ထမင်းဆိုင်တစ်ဆိုင် ပျက်ဆီး

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် အုတ်တံတိုင်းပြိုကျခဲ့ပြီး ယာဉ်ခြောက်စီးနှင့် ထမင်းဆိုင်တစ်ဆိုင် ပျက်ဆီး
Published 27 July 2024

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် ဇူလိုင် ၂၇ ရက်က အုတ်တံတိုင်းပြိုကျခဲ့ပြီး ယာဉ်ခြောက်စီးနှင့် ထမင်းဆိုင်တစ်ဆိုင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

ကျွန်းတောလမ်း၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ဘီးလင်းဘုန်းကြီးကျောင်းအရှေ့ အုတ်တံတိုင်းပြိုကျခဲ့ခြင်းဖြစ်ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ စုံစမ်းသိရှိရသည်။

“လက်ရှိမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေပါတယ်” ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အုတ်တံတိုင်းဘေးတွင် ရပ်ထားသည့် ယာဉ်ခြောက်စီးနှင့် ထမင်းဆိုင်တစ်ဆိုင်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ အသက်ကယ်ယာဉ်တစ်စီး၊ အနာဂတ်အလင်း တန်းပရဟိတအသင်းမှ ယာဉ်တစ်စီးတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent