နယ်သာလန်နောက်ခံလူ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)အထက်ရရှိရန် ဘိုင်ယန်မြူးနစ်အသင်း လိုလား

နယ်သာလန်နောက်ခံလူ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)အထက်ရရှိရန် ဘိုင်ယန်မြူးနစ်အသင်း လိုလား
Photo: Transfermarkt
Photo: Transfermarkt
Published 24 July 2024

 

ဘိုင်ယန်မြူးနစ်အသင်းသည် နယ်သာလန်နောက်ခံလူ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)အထက် ရရှိရန် လိုလားနေကြောင်း သိရသည်။ 

ဒီလစ်(၂၄ နှစ်)သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဟု သတင်းထွက်နေသော်လည်း အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမှုမှာမူ ကွာဟချက်ရှိနေ ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဒီလစ်ကို ယူရိုသန်း(၃၀)+ Add-ons ကြေး ယူရို(၅)သန်းဖြင့် ကမ်းလှမ်းခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ဒီလစ်အတွက် ယူရိုသန်း(၅၀)+ Add-ons ကြေး အလိုရှိနေသည့်အတွက် အပြောင်းအရွှေ့မဖြစ်မြောက်သေးခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent