မြေလတ်ဒေသ ရှုမဝ၊ ဓနုဌာနေ ပင်းတယ

မြေလတ်ဒေသ ရှုမဝ၊ ဓနုဌာနေ ပင်းတယ
Published 14 July 2024
စည်သာ (တောင်ကြီး)

ကျွန်တော့်စိတ်တွင် အမြဲတမ်းလည်ပတ် လေ့လာ၍ အားမရနိုင်သော ဒေသလေးရှိ သည်။ ထိုနေရာလေးမှာ ရှေးက မြေလတ်ဒေ သဟုခေါ်သော ရှမ်းပြည်နယ်တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ၊ ပင်းတယ ဖြစ်ပါသည်။

ပင်းတယအနီးတစ်ဝိုက် လည်ပတ်လေ့ လာရန် အချိန်ပေးရပါသည်။ ရှေးဟောင်းဘု ရားစေတီတော်များ၊ ရိုးရာလက်မှုလုပ်ငန်းများ နှင့် သဘာဝပတ်ဝန်းကျင် ရှုခင်းနေရာများကို အချိန်ယူလေ့လာမှသာ နေရာစုံ ရောက်နိုင်ပေ မည်။ ယခုတစ်ခေါက် ပင်းတယမြို့ အနီးတစ် ၀ိုက် ရှေးဟောင်းဘုရားစေတီတော်များကို မှတ်တမ်းပြုစုထားသမျှ တင်ပြပေးမည် ဖြစ်ပါ သည်။

ဟဲဟိုးမှ ပင်းတယ

ထိုနေ့က မနက်ပိုင်းထွက်လာခဲ့ရာ တစ် နေကုန် မိုးအုံ့၍ အေးစိမ့်စိမ့်ဖြစ်နေသည်။ မိုး ရွာခြင်းမရှိသော်လည်း အုံ့ဆိုင်း၍ မည်းမှောင် နေခြင်းဖြစ်သည်။ တောင်ကြီးမှ နံနက် ၉ နာရီ ကျော်အချိန်ထွက်လာရာ ဟဲဟိုးလမ်းခွဲတွင် ဆီချက်ခေါက်ဆွဲ အဆာပြေဝင်စားလိုက်သေး သည်။

          ဘော်ဆိုင်းလမ်းခွဲအတိုင်းသွားလျှင် ပင်း တယကို ပွေးလှလမ်းနှင့် သဲကုန်းလမ်းဟူ၍ လမ်းနှစ်လမ်းမှ သွားနိုင်သည်။ ဟဲဟိုးမှ ဘော် ဆိုင်းလမ်း ၁၉ မိုင်ရှိကာ  ပွေးလှ-ပင်းတယ လမ်း ရှစ်မိုင်၊ ဘော်ဆိုင်းရောက်ခါနီး သဲကုန်း မှ ပင်းတယသွားလမ်း ၇ မိုင် ၂ ဖာလုံ ရှိသည်။ ပင်းတယ အောင်ပန်းလမ်းမှာ ၂၄ မိုင် ၊ ပင်း တယ-ရွာငံလမ်းမှာ ၅၇ မိုင်၊ ပင်းတယ-ရပ် စောက်လမ်းမှာ ၃၁ မိုင်ရှိသည်။

          ခရီးစဉ်အရ ပွေးလှလမ်းနှင့် သဲကုန်း လမ်းတို့ရှိ ရှေးဟောင်းစေတီတော်များတို့ကို ဦးစွာ ဖူးမြော်ခဲ့ရသော်လည်း ယခုဆောင်းပါး တွင် ပင်းတယမြို့အကြောင်းကိုသာ ဖော်ပြ ပေးသွားပါမည်။

 

ပင်းတယ လည်ပတ်စရာနေရာများ

          ပင်းတယတွင် ထင်ရှားသော ရှေးဟောင်း နေရာများမှာ ပင်းတယ ရွှေဥမင်လိုဏ်ဂူ၊ ပွေး လှနှင့် ကုံလုံဆရာတော်ကျောင်းတို့ပင်ဖြစ် ကာ ထိုသုံးနေရာကို အဓိကထား၍ သွား ရောက်လေ့လာသင့်ပေသည်။

          အခြားသောနေရာများမှာ ပင်းတယ အဝင်ရှိ ၈၄၀၀၀ ဘုရား၊ ဇော်ဂျီ ပင်မရေထွက်၊ ရွှေဥမင် သဘာဝလိုဏ်ဂူအနီးရှိ အလယ်ဂူနှင့် မြောက်ဘက်ဂူ၊ ကန်ထောင့်ကျောင်းတိုက် ဘုရား၊ ရွာသစ်ရပ်ကွက် စေတီကြီးဘုရား၊ ရှေးဟောင်းသမိုင်းဝင် မြောက်ကျောင်းကြီး ကျောင်းတိုက်၊ တမဲရွာရှိ ဆုတောင်းပြည့် မြ စေတီဘုရားကြီး၊ တမဲရွာအနီး စကြာတောင် ဘုရားတို့ဖြစ်ကြသည်။ ထို့ပြင် ပင်းတယစျေး၊ ပွေးလှစျေး၊ ပင်းတယညောင်ကြတ်ပင်တန်း အလှအပ၊ လက်ဖက်စိုက်ခင်းနှင့် ကော်ဖီစိုက် ခင်းများ၊ ငှက်ပျောတောတွင် ရိုးရာစက္ကူထီး၊ ယက်တောင်လုပ်ငန်းများကိုလည်း အချိန်အား လျှင် ဝင်ရောက်လေ့လာနိုင်ပါသည်။

          ရွာငံနှင့် ပင်းတယ မြို့နယ်တို့မှ ထုတ်လုပ် သော ကော်ဖီနှင့် သဘာဝ  ွမနနည ွှနေ များမှာ ကမ္ဘာကျော်ပါသည်။

          ပင်းတယတွင် သမိုင်းဝင်ထင်ရှားသော အဆောက်အအုံနှင့် နေရာများ ၃၇ နေရာဟု ပင်းတယမြို့နယ်အချက်အလက် ဖော်ပြထား ချက်အရ သိရသည်။

 

ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား

 

          ပင်းတယမှာ ရှေးဟောင်းဒဏ္ဍာရီလာ အရ “ပင့်ကူရ” မှ ဆင်းသက်လာသည်ဟု ဆို ကြပြီး တောင်ခြေတွင် နတ်သမီးခုနစ်ဖော် ရေကစားခဲ့သည်ဟု ဆိုသော ပုန်းတလုတ်ရေ ကန်လည်းတည်ရှိသည်။

          ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၇၀ ပေတွင် တည်ရှိပြီး ဂူ၏အရှည်သည် ပေ ၄၉၀ ဖြစ်ကာ အမြင့်ဆုံးနေရာသည် ပေ ၁၅၀ မြင့် ပြီး ဂူထဲတွင် ဗုဒ္ဓဆင်းတုတော်၊ ရုပ်ပွားတော် ၈၀၀၀ ကျော်ရှိသည်။

          ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူတော် ဘုရားသည် တောင်တန်း၏ တောင်ကြောပေါ် တွင်  တည်ထားခြင်းဖြစ်ကာ တောင်ကြောမှာ ဂူပေါက်သုံးပေါက် ရှိပြီး ဘယ်ဘက်အပေါက်ဝ (ဓာတ်လှေကားဘက်) ရှိသည့် နေရာကို အဓိက လည်ပတ်ကြပါသည်။ ညာဘက်ရှိ ကျောင်း ဆောင်ကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စေတီတော်များနှင့် တခြားဂူများလည်း အများ ကြီးကျန်ရှိပါသည်။

          ရွှေဥမင်လိုဏ်ဂူတွင် ဘုရားအဆူပေါင်း ၈၀၉၄ ဆူတည်ထားပြီး ပထမဆုံးတည်ထား သော ကုသိုလ်ရှင်မှာ အသောကမင်းကြီး ဖြစ် ကာ ဒုတိယကုသိုလ်ရှင်မှာ အလောင်းစည်သူ မင်းဖြစ်ပြီး ရွှေဥမင်သဘာဝလိုဏ်ဂူသည် ပေ ပေါင်း ၄၉၀ ဝင်ရောက်နိုင်ကာ ယခုအခါ ဓာတ်လှေကားနှစ်စင်းဖြင့် အတက်အဆင်းပြု လုပ်ပေးနေကြောင်း သိရသည်။                         ပင်းတယရွှေဥမင်သဘာဝ လိုဏ်ဂူတော် သည် အင်းလေးကန်ကဲ့သို့ပင် ထုံးကျောက် တောင်ဖြစ်ပြီး နိုင်ငံတကာမှ သုတေသီများက ကျောက်စက်တိုင်ကို စမ်းသပ်ချက်အရ နှစ် သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၂၀၀ ကျော် ပြီ ဖြစ်ကြောင်းသိရသည်။ ဂူအတွင်းထဲတွင် ဆင်ချည်တိုင်၊ မြင်းချည်တိုင်၊ ဝင်္ကပါဂူ၊ ချွေး ထွက်ဘုရား၊ အောင်မြေ၊ နတ်ရေကန်တို့သည် ထင်ရှားသဖြင့် လာရောက်ကြည့်ရှုဖူးမြော်သူ များပြားခြင်းဖြစ်ကြောင်း သိရသည်။

          သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နှင့် ဆရာကြီးသိန်းသန်းထွန်း ရေးသားသော ပင်းတယစာအုပ်တွင် ဖော်ပြချက်အရ ရှေးအ ကျဆုံး သစ်သားဆင်းတုတော်ရှစ်ဆူတွင် ဓာတ်ပုံ (၁) ဇန်နဝါရီလ (၁၀) ရက် ၁၇၇၃ ရက်စွဲပါ သစ်သားဆင်းတု၊ ဓာတ်ပုံ (၂) ဖေ ဖော်ဝါရီလ (၆) ရက် ၁၇၇၃ ရက်စွဲပါ သစ်သား ဆင်းတု၊ ဓာတ်ပုံ (၃) နိုဝင်ဘာလ (၃) ရက် ၁၇၇၇ ရက်စွဲပါ သစ်သားဆင်းတု၊ ဓာတ်ပုံ (၄) မတ်လ (၁၅) ရက် ၁၇၈၉ ရက်စွဲပါ ဘိသက္ကဂုရု၊ ဓာတ်ပုံ (၅) ၁၇၉၄ ရက်စွဲပါ သစ်သားမင်း ဝတ်ဘုရား ၊ ဓာတ်ပုံ (၆) နိုဝင်ဘာလ ၂၀ ရက် ၁၈၀၉ ရက်စွဲပါ သစ်သားကြာဖက်ဆောင်း ဗောဓိရိုးဘုရား၊ ဓာတ်ပုံ (၇) ဒီဇင်ဘာလ ၂၂ ရက် ၁၈၁၂ ရက်စွဲပါ သစ်သားဆင်းတု၊ ဓာတ် ပုံ (၈) မင်းဝတ်ဘုရား ကုန်းဘောင်ခေတ်ဦး တို့ဖြစ်ကြောင်း သိရသည်။

          ထိုသို့ ဆင်းတုတော်ရှစ်ဆူခုနှစ်များကို လေ့လာခြင်းအားဖြင့် ၁၇၇၃ ခုနှစ်သည် အ စောဆုံးဖြစ်ကြောင်း လေ့လာမိသည်။ ပင်းတ ယဂူထဲတွင် တွေ့ရသော စေတီ၊ ဆင်းတုတော် ကိုယ်စားတော် ရုပ်ပွားတော်များသည် ပင်း တယတစ်မြို့တည်း၊ တစ်နယ်တည်း၏ ကုသိုလ် မဟုတ်ဘဲ မြေလပ်တစ်ခွင် ကုသိုလ်ဖြစ်ကြောင်း ကိုလည်း စာအုပ်ထဲတွင် ဖော်ပြထားသည်။

          ထို့ပြင် ပင်းတယ ရွှေဥမင်လိုဏ်ဂူအဝင်ဝ ခေါင်းလောင်းစာတွင် ဖော်ပြထားသော ရက် စွဲမှာ သာသနာတော်နှစ် ၂၃၈၆ ခုနှစ် ၊ သက္က ရာဇ်  ၁၂၀၄ ၊ ခရစ်နှစ် ၁၈၄၂ ဟု သိရသည်။ ထိုခေါင်းလောင်းစာအရ နှစ်ပေါင်း ၁၈၂ နှစ် ကြာမြင့်နေပြီဖြစ်ကြောင်း သိနိုင်သည်။               ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ပင်းတယဂူနှင့် မြို့သည် ခရစ် ၁၈ ရာစုရောက် မှ ပေါ်ပေါက်ခြင်းဖြစ်ကြောင်း ကောက်ချက် ချထားသည်ကို တွေ့ရသည်။

 

အလယ်ဂူရှိ ရှေးဟောင်းဘုရား

 

          ခရီးသွားအများစုသည် ပင်းတယ ရွှေ ဥမင်လိုက်ဂူကိုသာ ရောက်ကြပြီး  အလယ်ဂူ နှင့် မြောက်ဘက်ဂူကို ရောက်ဖူးသူ နည်းကြ လိမ့်မည်။ ဘုရားအတက်လမ်းမှာပင် ရန်ကြီး အောင် ဆုတောင်းပြည့်ဘုရားကြီး ၊ အလယ်ဂူ နေလကျောင်းတိုက်ဟူ၍ ဆိုင်းဘုတ် အတိုင်း ဝင်သွားလျှင် အလယ်ဂူဘုရားကြီးကို ရောက် ပါသည်။

          ဘုရားကြီးမှ တောင်ဘက်ဆက်သွားလျှင် ပင်းတယ ရွှေဥမင်ဂူနှင့် လမ်းချင်းဆက်ထား ပါသည်။

          အလယ်ဂူတွင် ရှေးလက်ရာဘုရားဆင်း တုတော်ကြီးနှင့် ဘုရားရုပ်ပွားတော်များစွာ ရှိပါသည်။ တောင်ပေါ်ရှုခင်း အင်မတန်လှပ ပြီး ပုန်းတလုတ်ရေကန်၊ တောင်ခြေရှိ ဘုရား များ ၊ ပင်းတယမြို့အလှနှင့် အဝေးမှ တမဲရွာရှိ စကြာတောင်စေတီတော်များကိုပါ လှမ်းမြော် ဖူးမြင်ရပါသည်။

          ပင်းတယ ဂူသုံးလုံးရှိသည့်အနက် တောင် ဘက်ဂူပေါက်တွင် သီပေါမင်းလက်ထက် လာ ဆောက်သော သစ်သားပြာသာဒ်ကြီးရှိခဲ့ဖူး ကြောင်း (လက်ရှိ သံပြာသာဒ်နေရာတွင်) မှတ် တမ်းအရ သိရသည်။ ပြာသာဒ်အတွင်းပတ် လည်တွင် ပိတ်ကားအရုပ်များ ချိတ်ဆွဲထား ကာ မင်းသမီးခုနစ်ဖော်ပင့်ကူကြီးနှင့် ကုမ္မာ ဘယဇာတ်ဖြစ်သည်။ ရေးဆွဲသူမှာ ပင့်ကူနီရွာ ဆရာမြဖြစ်ကာ ရေးဆွဲချိန်မှာ ပထမကမ္ဘာ စစ်အချိန်မတိုင်မီ ၁၉၁၀ ခုနှစ်ခန့် ဖြစ်ကြောင်း မှန်းဆကြသည်။ ထိုသစ်သားပြာသာဒ်ကြီးကို တောမီးလောင်သဖြင့် ၁၂၇၉ (၁၉၁၇) တွင် ပျက်စီးခဲ့ရကြောင်း သိရသည်။ ပြာသာဒ်အ သစ်ကို သံဖြင့်ဆောက်မည်ဟု နယ်ရှင် ခွန်စွန် ညိုနှင့် ဂိုဏ်းအုပ်ဆရာတော် ဦးဇာဂရတို့ သဘောတူကြသဖြင့် သံပြာသာဒ် တိုင်ထူရက် မှာ ၁၂၈၈၊ တပို့တွဲလပြည့် (၁၆၊ ဖေဖော်ဝါရီ၊ ၁၉၂၇) နေ့ဖြစ်သည်။

          ထို့ပြင် မည်သူ့အမိန့်ဟု တပ်အပ်သေချာ မပြောနိုင်သော ဂူပေါက်ချဲ့ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဂူပေါက်မှာ တလံ (ခြောက်ပေ) ခန့်သာရှိပြီး ယမ်းဖြင့်ခွဲ၍ ချဲ့ပေးခြင်းပင်။ အဝင်ဝတွင် အုတ်အင်္ဂတေ ဖြင့်ပြုလုပ်သော ဆင်ဖြူရုပ်ကြီးတစ်ရုပ်၊ ကျောက် စာတစ်တိုင်နှင့် ဂူတွင်းမှာကဲ့သို့ ရုပ်ပွားဆင်း တုတော်များစွာရှိသည်။ လက်ဝဲလက်ယာအ ဆင့်ဆင့် အထပ်ထပ်ရှိနေခြင်းပင်။ ကျောက် စာကို ငှက်ပျောတောကျောင်း ရွှေ့စိုက်သလို၊ ဂျပန်ခေတ်ဗုံးကျသဖြင့် မရှိတော့ကြောင်း၊ ကျန်ဆင်နှင့် ရုပ်တုများမှာ ဂူပေါက်ချဲ့သော အခါ ယမ်းခွဲစဉ်ပျက်စီးခဲ့ရကြောင်း ပင်းတယ ဂူသမိုင်းမှတ်တမ်းအရ သိရသည်။

          ပင်းတယဂူအချုပ်အားဖြင့်ဆိုလျှင် (၁) ခရစ် (၁၈) ရာစု နှစ်လယ် စတင်တည်ထား သော ဂူတွင်းရုပ်ပွားတော်များ ကုန်းဘောင် ခေတ်ဦး ပန်းပုလက်ရာများကို လေ့လာနိုင် ပါသည်။

 

ရှစ်သောင်းလေးထောင်ဘုရား

 

          ကုံလုံဘက်မှလာလျှင် ပင်းတယအဝင် တွင် ရှစ်သောင်းလေးထောင်ဘုရားနှင့် ဇော်ဂျီ ပင်မရေထွက်တို့ကို သွားရောက်နိုင်သည်။ မကောင်းသူပယ် ကောင်းသူကယ် ရှစ်သောင်း လေးထောင်ဘုရားဆိုင်းဘုတ်မြင်လျှင် ရွာ လမ်းအတိုင်း ဝင်ရောက်သောအခါ ရှစ် သောင်းလေးထောင်ဘုရားကို ရောက်သည်။ ပင်းတယမြို့အပြင်ဘက် တစ်မိုင်ကျော်တွင် တည်ရှိသည်။ ပင်းတယမြို့ ရေဖြူရွာအရှေ့ ဘက် ပင်းတယ-ရပ်စောက်သွားလမ်းဘေး ၌ တည်ရှိသော ဘုရားစေတီဖြစ်သည်။ ကျောက် စိုင်ကျောက်သားပေါ်တွင် တည်ထားသော စေတီတော်များတွင် ဘုရားဆင်းတုတော် အငယ်ပေါင်းများစွာကို ပူဇော်ထားသဖြင့် တစ်မူထူးခြားသောအမြင်ရှိပါသည်။

          မြန်မာသက္ကရာဇ် ၁၃၀၄ ခုနှစ်တွင် ဘုရားဒါယကာ ဦးစံဖေက ဘုရားတည်ခဲ့ကာ ၁၃၀၉ ခုနှစ်၌ တဲကျောင်းဆောက်ပြီး ၁၃၁၀ ပြည့်နှစ်တွင် ရဟန်းဝတ်သာသနာပြုရာနေရာ ဖြစ်သည်။

          ဒေသခံများက ကရင်ငွေခဲတောင်ဘုရား ဟု ခေါ်ဆိုကြသည်။  ခရစ်နှစ် ၂၀၀၂ ခုနှစ် ရောက်မှ ထိုငွေခဲတောင်ပေါ်ရှိ ဘုရားစေတီ များပေါ်တွင် ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေး ထောင် ပူဇော်ခဲ့သဖြင့် ရှစ်သောင်းလေးထောင် ဘုရားဟု ခေါ်ဆိုလာခဲ့ခြင်းဖြစ်သည်။

          ကုံလုံလမ်းအတိုင်း ဆက်ဝင်လာလျှင် ရှေးဟောင်းသမိုင်းဝင် မြောက်ကျောင်းကြီး ကျောင်းတိုက်ရောက်ပါသည်။ ထိုကျောင်း တိုက်အတွင်း အရုပ်စုံများဖြင့် တည်ထားသော စေတီတော် အမြောက်အမြားကိုလည်း ဖူးမြင် ရသည်။ စေတီတော်များတွင် ထုလုပ်ထား သော ရုပ်တုများစွာ စိတ်ဝင်စားစရာကောင်း ပါသည်။

          ထို့ပြင် ကျုံးမွေတော်ဘုရားကြီးမှာ ဓနု နယ်တွင် သက်တမ်းရင့်ထင်ရှားသော မွေတော် ဘုရားကြီးဖြစ်ပြီး ဘုရားသမိုင်းမှာ စိတ်ဝင်စား စရာကောင်းသည်။ ဘုရားကြီးဘွဲ့တော်မှာ             “ရွှေတညောင်း” ဘုရားဟုခေါ်ဆိုသည်။ ဘုရားသမိုင်းစာအုပ်အရ သီရိဓမ္မာသောက မင်းကြီး၏ သရီရဓာတ်တော်ကို ဌာပနာ၍ သာသနာနှစ် ၂၇၃ ခုနှစ်တွင် တည်ထားကိုး ကွယ်ခဲ့သည်ဟုဆိုသည်။ ထို့နောက် ကောဇာ သက္ကရာဇ် ၄၁၂ ခုနှစ်တွင် အနော်ရထာ မင်း ကြီးက ထပ်မံတည်ထားခဲ့သည်ဟု ဆိုလေ သည်။ ၄၇၂ ခုနှစ်တွင် အလောင်းစည်သူမင်း၊ ၉၃၈ ခုနှစ်တွင် ရှင်ဖြူရှင်မင်းတရားကြီးတို့က အဆင့်ဆင့် ပြုပြင်မွမ်းမံခဲ့သည်ဟု ဖတ်ရှုရ ပါသည်။

          ကောဇာသက္ကရာဇ် ၁၂၉၄ ခုနှစ်ရောက်မှ ကျုံးမွေတော်ဂိုဏ်းချုပ်ဆရာတော်နှင့် ဦးပဥ္စင်း ၀ိစာရတို့ဦးဆောင်ပြီး Óဏ်တော် ၈၇ တောင် အမြင့်ရောက်အောင် ပြုပြင်မွမ်းမံတည်ထား ခဲ့သော မွေတော်ဘုရားကြီးဖြစ်သည်။ ၁၉၄၃ ခု ဂျပန်ခေတ်အတွင်း စစ်တလင်းဖြစ်ခဲ့ရာ ကျောင်းနှင့်ရွာသည် ပြာပုံအတိ ဖြစ်ခဲ့သော် လည်း ဘုရားကြီးနှင့် စေတီရံများမှာမူ တစ်စုံ တစ်ရာထိခိုက်ပျက်စီးခြင်း မရှိခဲ့ကြောင်း သိရ သည်။ ဗုံးနှင့် စက်သေနတ်ဒဏ်ကြောင့် ဂန္ဓ ကုဋီတိုက်တော်နှင့် ပြာသာဒ်တော်များသာ ပျက်စီးခဲ့ရသည်။ ကျုံးသည် အောင်ပန်းမှ ၁၀ မိုင်အကွာ အောင်ပန်းရွာငံ သွားရာလမ်းဆုံ တွင်ရှိသောရွာဖြစ်သည်။

 

ပင်းတယမြို့

 

          ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် သံလွင်၏ မြစ်လက်တက်ဖြစ်သော ဇော်ဂျီမြစ် တောင်မှ မြောက်သို့ ဖြတ်သန်းစီးဆင်းသော မြစ်ဝှမ်း၌ တည်ရှိသည်။ မြို့အဝင်တွင် နာဂပတ္တန်၊ ပုန်း တလုတ်ကန်ဟုခေါ်သော ပင်းတယကန်ကြီးရှိ သည်။ ပင်းတယမြို့ အနောက်တောင်ဘက် ယွန်းယွန်း တစ်မိုင်ခန့်အကွာ တောင်စောင်းပေါ်တွင်စောင်းတန်းအသွယ်သွယ် ရွှေရောင် တဝင်းဝင်းဖြင့် ရွှေဥမင်ဘုရားတည်ရှိကာ ရွှေ ဥမင်ဘုရားအပါအဝင် ဂူပေါက်သုံးခုတို့၏ အတွင်းဘက် ကျောက်သားဥမင်လိုဏ်တွင်း၌ ဘုရားဆင်းတုတော်များ လက်ညှိုးထိုးမလွဲ အောင် များပြားသည်။ ပင်းတယမြို့၏ အရှေ့ ဘက်ပိုင်းတွင် ပေ ၃၀၀၀ ကျော်မြင့်သော ကုန်းမြင့်လွင်ပြင်ကြီး တည်ရှိသည်။ အနောက် ပိုင်းတွင်လည်းပေ ၅၀၀၀ ကျော်မြင့်သော တောင်တန်းကြီးရှိသည်။ ပင်းတယမြို့သည် တောင်တန်းကြီး၏ ခြေရင်းတွင် တည်ရှိကာ ရှုခင်းလှပသည်။ ညောင်ကြတ်ပင်တန်း၏ အရိပ်အောက်၌ တင့်တယ်စွာရှိသည်။

 

ကုံလုံသွားလမ်းရှိ ဘုရားများ

 

          သရက်ပြားလမ်းခွဲမှ ကုံလုံလမ်းအတိုင်း ဝင်လာရာ ရှေးဟောင်းကျောင်းတော်ကြီး သစ်အယ်ပင်အောက်ကျောင်းကြီး ဆိုင်းဘုတ် ကို မြင်တွေ့သဖြင့် ဝင်ရောက်ခဲ့သည်။ ပင်း တယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာဟု ရေး ထားသည်။ ထိုနေရာအနီးအနားတွင် ြျွွှဠ က လာရောက်ဖွင့်လှစ်ထားသော အပန်းဖြေ စခန်းရှိသည်ဟု ပြောကြသော်လည်း အချိန် မရသဖြင့် မရောက်ခဲ့ရပါ။

          ရှေးဟောင်းဘုန်းတော်ကြီးကျောင်း သစ်သားကျောင်းဆောင်နှင့် ရွှေရန်အောင် စေတီတော်ကို ဖူးမြင်ရသည်။ အပေါ်ဘက် တွင် ဘုရားများကိုလည်း ဖူးမြင်ရပြီး ကိုရင် တစ်ပါးကို မေးမြန်းလျှောက်ထားကြည့်ရာ ဘွဲ့နာမည်မသိရကြောင်းနှင့် အပေါ်ကျောင်း ဘုရားဟုသာ မိန့်ကြားသည်။

          ထိုမှအပြန် လမ်းတွင် လမ်းမှား၍ ကျေး ရွာတွင်း မျက်စိလည်နေသည်။ ကျွန်တော့် နေကာမျက်မှန်လည်း ကျပျောက်သွားပြန် သည်။ မေးမြန်းပြီး ပြန်ထွက်လာမှ ကုံလုံသွား လမ်းအတိုင်း ဆက်သွားရပါသည်။

          မကြာခင်မှာပင် ထယ်သွန်းရွာရောက် သည်။ ထယ်သွန်းမှာ ကုံလုံကျောင်းရှိသော ရွာဖြစ်သည်။ ထယ်သွန်းရောက်စဉ် မိုးကောင်း ဘုရားကို ဖူးမြင်ရသည်။ မိုးကောင်းဘုရား နှစ်ဆူရှိပြီး ထယ်သွန်းမိုးကောင်းဘုရားနှင့် ကျောက်စုမိုးကောင်းဘုရားဟူ၍ မိုးကောင်း ဘုရား နှစ်နေရာရှိကြောင်းသိရသည်။

          ထယ်သွန်း မိုးကောင်းဘုရားတွင် ရွှေ သင်္ကန်းကပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရ သည်။ ရှေ့ဘက်ကျေးရွာလမ်းခွဲတွင် ဘဒ္ဒ တောင် ၀ိပဿနာ ဓမ္မရိပ်သာနှင့် ကုံလုံဘက် လမ်းခွဲကို ရောက်ပါသည်။

 

ကုံလုံဆရာတော် ရုပ်ကလာပ်ရှိရာ ဂူဗိမာန် လွမ်းစေတီ စံကျောင်းတော်

 

          ကုံလုံကျောင်းရောက်ရှိစဉ် ပထမဆုံး မြင်တွေ့ရသည်မှာ ပြည်တော်အေး ဆုတောင်း ပြည့်စေတီတော်ဖြစ်သည်။ မုခ်များတွင် ခြင်္သေ့ နှစ်ကောင်ရုပ်တုများကိုလည်း တွေ့ရသည်။ အဆိုပါ ဆုတောင်းပြည့်စေတီတော်သည် Óဏ်တော်အမြင့်ဆုံးစေတီတော်ဖြစ်ကာ ကုံလုံကျောင်းတိုက်ကို အဝေးမှပင် လှမ်းမြော် ဖူးမြင်နိုင်သည်။ ကုံလုံပရိယတ္တိစာသင်တိုက် မုခ်ဦး ဘယ်ဘက်နံဘေးတွင် သီရိစကြာ ရတ နာကျောင်းတော်တည်ရှိကာ ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ သွန်းလောင်းခဲ့သော ဆရာတော် ဘုရား၏ ပုံစံတူရုပ်တုတော်ကိုလည်း ဖူးမြင် နိုင်ပါသည်။ ကျောင်းပရဝုဏ်အတွင်း မြေပုံနှင့် တကွ လမ်းညွှန်ကို ပြသထားသည်။

          ကုံလုံကျောင်းတိုက်မှာ ကျယ်ဝန်း၍ စနစ်တကျ တည်ဆောက်ထားသည်။ အဓိက အားဖြင့် ဘုရားဖူးတို့သည် ဆရာတော်ရုပ် ကလာပ်စံကျောင်းကို သွားရောက်ဖူးမြင်ကြ သည်။ သာသနာ့ဗိမ္မာန်တော်၊ ဗူးဘုရား၊ ဆွမ်း စားဆောင်၊ သန့်စင်ခန်း၊ အောင်မြေ၊ ဓမ္မာရုံ၊ ရန်ကုန်စံကျောင်း၊ ဧည့်ရိပ်သာ ၊ ရေချိုးခန်း၊ ဘုရားဖူးအိပ်ဆောင်များ၊ ကောင်းမှုစေတီ၊ ရွှေကျောင်းတော်ရှိ ဆရာတော်ရုပ်တု၊ တိုက် အုပ်ဆရာတော်ကျောင်း၊ သံဃာဆောင်နှင့် ယာဉ်ရပ်နားစခန်းဟူ၍ ပြင်ဆင်ထားပေး သည်ကို တွေ့ရသည်။

          ယခင်က ဘုရားဖူးအများအပြားလာ ရောက်ဖူးမြော်ကြပြီး ကိုဗစ်ကာလနောက်ပိုင်း တွင် ဘုရားဖူး အသွားအလာနည်းပါးကြောင်း၊ လက်ရှိ မိုးတွင်းကာလ အရောင်းပါးကာလ ဆိုင်ခန်းအနည်းငယ် ပိတ်ထားခြင်း ရှိကြောင်း စျေးဆိုင်တစ်ဆိုင်မှ သိရသည်။ ကုံလုံကျောင်း တိုက်အသွင်အပြင်မှာ ထူးခြားသလို ကုံလုံ ဆရာတော်ဘုရားကြီး၏ လွမ်းစေတီ စံကျောင်း တော် ဗိသုကာမှတ်တမ်းသမိုင်းကြောင်းကို လည်း ကျောက်စာနှင့်တကွ ရှင်းပြထားသည် ကို မြင်ရသည်။ ထို့နောက် နှီးဘုရားရုပ်ပွား တော်သို့ ညွှန်ပြထားရာ ကျောင်းဆောင်တွင် သွားရောက်၍ ဘုရားဖူးမြော်ခဲ့သည်။ ကုံလုံ ကျောင်းတိုက် စံကျောင်းတော်ကြီးအပြင် ဘက်တွင် တရုတ်စံကားပန်းအနီရောင်နှင့် ရွက်လှပင်များ စိုက်ထားသည်ကို မြင်ရသည်။

 

ကုံလုံကျောင်းတိုက်မှ ပင်းတယသွားလမ်းရှိ ရှေးဟောင်းစေတီတော်များ

 

          ကုံလုံကျောင်းတိုက်မှ ပင်းတယသွား လမ်းတွင်လည်း ရှေးဟောင်းစေတီတော်များ ထပ်မံတည်ရှိသည်။ လမ်းနှစ်သွယ်ရှိရာ ဘယ် ဘက်လမ်းအတိုင်းလိုက်ခဲ့ရာ ပြည်တော်ငြိမ်း ချမ်းအေးစေတီတော်ကို ဦးစွာဖူးမြင်ရသည်။ ဉာဏ်တော်မြင့်သော စေတီတော်ကြီးတစ်ဆူ ဖြစ်ပါသည်။ ဆရာတော်တရားကျင့်သော အောင်မင်္ဂလာဂူကျောင်းလည်း တည်ရှိပါ သည်။

          ထို့နောက် ရှေးဟောင်းသမိုင်းဝင်ဖြစ် သော ရွှေဘော်နင်းကုန်းကျောင်းတိုက်ဆိုင်း ဘုတ်ကို မြင်သဖြင့် ဝင်လာရာ ရှေးဟောင်းရွှေ ဘော်နင်းဆုတောင်းပြည့် စေတီတော်ကို ရောက်သည်။ ကျေးဇူးတော်ရှင် ကုံလုံဆရာ တော်ကြီး သြဝါဒနှင့်အညီ ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်သော ရှေးဟောင်းရွှေဘော် နင်းဆုတောင်းပြည့်စေတီတော်ဟု ရေးသား ထားသည်။

          ထိုကျောင်းတိုက်မှ ဆရာတော် မိန့်ကြား ချက်အရ ဘုရားဌာပနာထည့်သွင်းခဲ့သော ရှေး ဟောင်း ဆင်းတုတော်မှတ်တမ်းအရ ကောဇာ သက္ကရာဇ်  ၅၀၃ ခုနှစ် ၊ ၀ါဆိုလဆုတ် ၁၂ ရက် ဟု ရေးထိုးထားသည်ကို မြင်တွေ့ခဲ့ရကြောင်း မိန့်သည်။ ထိုခုနှစ်ကို တွက်စစ်သော် နှစ်ပေါင်း ၈၈၀ ကျော် သက်တမ်းရှိနိုင်ကြောင်း သိရ သည်။ ဘုရားစေတီတော်များကိုလည်း ဖူးမြင် ရပြီး အတွင်းဘက် လိုဏ်ပါသောဂူဘုရားများ လည်းရှိကာ ရှေးဟောင်းလက်ရာ ဘုရားဆင်း တုတော်များကို ဂူဘုရားများအတွင်း ဖူးမြင်ခဲ့ရ သည်။

          ကံထူးရှင်အလိုတော်ပြည့်ဘုရား၊ ထို့ပြင် စာမရေးထားသော ဆင်းတုတော်များစွာကို လည်း မြင်တွေ့ရသည်။

          ထိုကျောင်းတိုက်တွင် ရှေးဟောင်း ဗုဒ္ဓ ရွှေကျောင်းတော်ရှစ်သောင်းလေးထောင် ဘုရားကိုလည်း ဖူးမြင်ရသည်။ အတွင်းခန်း လိုဏ်ပါ၍ ပတ်လမ်းပါသော ဘုရားဖြစ်ပြီး ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ကိုယ် စားပြု၍ ဆင်းတုတော်အငယ် ရှစ်သောင်းလေး ထောင် တို့ကို နံရံတွင်ကပ်၍ ပူဇော်ထားခြင်း ဖြစ်သည်။

          ရွှေဘော်နင်းဘုရားတိုက်ကျောင်းတိုက် မှ ဆရာတော် ရှင်းပြချက်အရ ရွှေဘော်နင်း အပြင် အောက်ဘက်တွင်လှမ်းမြင်ရသော ငွေ ဘော်နင်းဘုရားများလည်း ရှိသေးကြောင်း မိန့်၍ လိုက်လံပြသည်။ ထို့ပြင် ဘုရားခန်းတွင် လည်း ရှေးဟောင်းဆင်းတုတော်အငယ်များကိုလည်း ဖူးမြင်ခဲ့ရသည်။

 

ပွေးလှမြို့

 

          ပင်းတယမြို့နယ်တွင် ပါဝင်သော ပွေးလှ မြို့အကြောင်းကို အကျဉ်းမျှဖော်ပြပါမည်။ ပွေးလှတွင် ဘုရားစေတီတော်များစွာ တည် ထားသည်ကို ဖူးမြင်ရပြီး တောင်ပေါ်တွင်လည်း ရှေးဘုရားများကို ဖူးမြင်ရသည်။ ထို့ပြင် မြက် ပေါင်းများပိတ်ဖုံးနေသော ရှေးဟောင်းဘုရား များကိုလည်း မြင်တွေ့နိုင်သည်။ တောင်ပေါ် ပွင့်လန်းရွာတွင်လည်း တောင်ပေါ်ဘုရား၊ ကိုး ဆူတောင်နှင့် ပေါ်တော်မူဘုရားများ ဖူးမြင်နိုင် သည်။

          ပွေးလှသည် ယခင်က အိမ်ခြေထောင် ကျော်နေထိုင်ခဲ့သောရှေးမြို့ဖြစ်ခဲ့ပြီး ယခုအခါ ကျေးရွာအုပ်စုအဆင့်ပင်ရှိသည်။ ရှေးက ပင်း တယမြို့၊ ပွေးလှမြို့၊ ကျုံးမြို့များသည် စော် ဘွားအုပ်ချုပ်ခဲ့သော ဒေသများဖြစ်သည်။ ပွေး လှနယ်သည် ပင်းတယမြို့နယ်တွင် ပါဝင်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၄၄ ပေ မြင့်သည်။

          ပွေးလှမြို့သည် “ဥသြဧစီ ပွေးလှတည်” ဆိုသည့်မှတ်တမ်းအရ ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင်တည်ခဲ့ရာ ရှေးကျသောမြို့ ဖြစ်ပြီး ပင်းတယမြို့ထက် နှစ်ပေါင်းများစွာ စောသည်။

          “တစ်လီသုံးလုံး၊ နောက်ဆုံးခြင်္သေ့၊ ဂဏန်းတွေ့” ဟူသော လင်္ကာအရ မြန်မာ သက္ကရာဇ် ၁၁၁၃ ခုနှစ်၊ ခရစ်နှစ် ၁၇၅၁ ခု၊ သာသ နာနှစ် ၂၂၈၅ ခုနှစ်တွင် ပွေးလှမြို့ကို တည်ခဲ့ကြောင်းသိရသည်။ ကောဇာသက္က ရာဇ် ၁၁၁၃ နှစ်တွင် တည်ခဲ့သဖြင့် မြို့တည် နှစ် သက်တမ်း ၂၇၂ နှစ် ရှိကာ မန္တလေးမြို့ ထက်ပင် မြို့ဝါအား ဖြင့် ၁၀၈ နှစ်ကြီးကြောင်း တွက်ချက်နိုင်ပေသည်။ ပွေးလှမြို့ တိမ်မြုပ် သွားပုံအကြောင်းကို ဓနုကြေးမုံ၌ ဖော်ပြချက် အရ ပွေးလှမြို့သည် အင်္ဂလိပ်မတိုင်မီခေတ် တွင် ဆက်သွယ်ရေးဗျူဟာကျသောမြို့ဖြစ် ခဲ့ပြီး ကိုလိုနီခေတ် တောင်ကြီး-မိတ္ထီလာကား လမ်း ပေါ်ပေါက်လာပြီးနောက်ပိုင်း ပွေးလှ လမ်း ခရီးသွားလာမှု နည်းခဲ့ရသည်။ “မုဆိုး လည်း ဆုံး၊ ပွေးလည်း တုံး၏” ဟူသော တ ဘောင်အတိုင်း ပွေးလှမြို့သည် အိမ်ခြေတစ် ထောင်ကျော်ရှိရာမှ သုံးရာအထိ ဆုတ်ယုတ် သွားခဲ့ရကြောင်း သိရသည်။

          ထို့ပြင် ကျုံးကျေးရွာသည် ၁၉၅၉ စော် ဘွားများ အာဏာစွန့်ချိန်တွင် အောင်ပန်းမြို့ နယ်အတွင်း တည်ရှိခဲ့သော်လည်း ၁၉၆၅ အောက်တိုဘာ ၁ ရက်နောက်ပိုင်း ပင်းတယ မြို့နယ်အတွင်းသို့ ရောက်ရှိသွားခဲ့လေသည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း အလို အရ ဇမ္ဗူဒီပဥဆောင်းကျမ်းတွင် ပွေးလှမြို့ ပါဝင်သော်လည်း ပင်းတယမပါဝင်ပေ။ ဆိုလို သည်မှာ အင်းဝခေတ် ၊ ညောင်ရမ်းခေတ်အ ထိ ပင်းတယ မတွေ့ခြင်းဖြစ်သည်။ ပင်းတယ လိုဏ်ဂူအတွင်းမှ ရှေးအကျဆုံးဆင်းတုတော် ရက်စွဲ  ၁၇၇၂ ဖြစ်ခြင်းကြောင့် ပင်းတယလိုဏ် ဂူနှင့်မြို့သည် ၁၈ ရာစုရောက်မှ ပေါ်ပေါက် လာသည်ဟု ယူဆကြောင်း ဓနုကြေးမုံ စာအုပ် တွင် ဖော်ပြထားသည်။

 

တမဲရွာရှိ ဆုတောင်းပြည့် မြစေတီဘုရားကြီးနှင့် တမဲရွာအနီး စကြာတောင်ဘုရား

 

          တမဲရွာရှိ ဆုတောင်းပြည့်မြစေတီဘုရား ကြီးနှင့် စကြာတောင်အကြောင်းကို ပွေးလှ ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်သော်လည်း အချိတ်အဆက်ရှိစေရန် အကျဉ်းမျှ တင်ပြ သွားပါမည်။

          တမဲကျေးရွာကို သွားရောက်ရန် ပွေးလှ လမ်းမှ ပင်းတယလမ်းအတိုင်း လမ်းခွဲမှလည်း ကောင်း ၊ ပင်းတယ-အောင်ပန်းလမ်းအတိုင်း လမ်းခွဲမှလည်းကောင်း၊ ဘော်ဆိုင်း-သဲကုန်း- ပင်းတယ လမ်းခွဲမှလည်းကောင်း သွားရောက် နိုင်သော ကျေးရွာချင်းဆက်လမ်းများရှိပါ သည်။

          တမဲရွာ၏ ထူးခြားချက်မှာ ပင်းတယ ဘက်မှ အဝင်တွင် နှစ်သက်တမ်းရင့် ညောင် ပင်ကြီးများကို အုံ့ဆိုင်းစွာမြင်တွေ့ရသည်။ တမဲကျေးရွာတွင် တမဲကျောင်းရှိပြီး မလှမ်း မကမ်းတွင် စကြာတောင်တည်ရှိသည်။ ဘော် ဆိုင်းသွားလမ်းမှကြည့်လျှင် အမြင့်ပိုင်း၌ စကြာတောင်ရှိကာ အောက်တစ်ဆင့် တောင် ကုန်းမှာ တမဲကျောင်းရှိ မြစေတီဘုရားကြီး တို့ကို ရွာလမ်းလေးအတိုင်း ဖူးမြင်ရသည်။

          အလောင်းစည်သူ တည်ထားတော်မူခဲ့ သော တမဲဆုတောင်းပြည့်မြစေတီဘုရားကြီး ကို ဟံသာဝတီမှ ထွက်ပြေးလာကြသူများက ထပ်မံပြုပြင်ခဲ့ကြခြင်းဖြစ်သည်။ ငဇင်ကာရန် ကြောင့်  ထွက်ပြေးလာကြသူများသည်   မြေ လတ်ဒေသသို့ ရောက်ရှိလာခြင်းဖြစ်သည်။ နေရပ်စွန့်ခွာရာ လမ်းတစ်လျှောက်ကို လေ့ လာရာတွင် ဆည်ခေါင်းကျေးရွာအနီး ဘုရား စေတီပုထိုးများ၊ ပွေးလှကျေးရွာအနီး ဘုရား စေတီပုထိုးပျက်များ၊ တမဲကျေးရွာအနီး စေတီ ပုထိုးများစွာကို ကြည့်ခြင်းအားဖြင့် ဟံသာ ဝတီဘက်မှ စွန့်ခွာလာကြသော မြန်မာတို့ဖြစ် နိုင်ကြောင်း မစ္စတာ အက်စ်အိပ်ချိဂျိုင်းစ်က ခန့်မှန်းခဲ့ဟန်တူသည်။

          စကြာတောင်ကို တက်ရာတွင် တောင်ခု လတ်တွင် ဘုရားများကို ဖူးမြင်ရပြီး ညာဘက် တောင်တက်လမ်းအတိုင်း ဆက်တက်ပါမှ တောင်ပေါ်တွင် တည်ရှိသော စကြာတောင် ဘုရားကိုရောက်ရှိနိုင်သည်။ ပထမဆုံးရောက် သော ကျောင်းတိုက်တွင် လေးကျွန်းစကြာ ရတနာမာန်အောင် ကမ္ဘာငြိမ်းချမ်းအေးစေတီ နှင့် လေးကျွန်းစကြာ အတုမရှိ မဟာဗောဓိ စေတီတော်တို့ တည်ရှိသည်။

          စကြာတောင်၏ ထူးခြားချက်မှာ ထို တောင်ထွတ်ပေါ်၌ သာသနာစတင်ပြုခဲ့သော ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒာသူရိယ၏ ရုပ် ကလာပ်တော်အား အမှတ်တရပူဇော်ထား ခြင်းပင်ဖြစ်သည်။ ဆရာတော်ကြီးသည် ကျား ကုန်းစိန်သောက်ကျောင်းတွင် အစ်မတော်၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး ရဟန်းပြုတော်မူခဲ့ သည်။ ထို့နောက် နေရာများစွာတွင် နှစ်ပေါင်း များစွာ တရားအားထုတ်တော်မူခဲ့ကာ နောက် ဆုံး စကြာတောင်ပေါ်သို့ ရောက်ရှိလာပြီး တရားအားထုတ်တော်မူခဲ့ခြင်းဖြစ်သည်။ စကြာတောင်သို့ သမီးရည်းစားစုံတွဲများ လုံးဝ လာရောက်ခြင်းမပြုကြရန် အသိပေးစာကပ် ထားသည်ကို မြင်ရသည်။

၁၈၉၅ ခု ရှမ်းပြည်နယ်

 

          ၁၈၉၅ ခု ဇူလိုင်တွင် ရှမ်းပြည်နယ်ကို ဗြိတိသျှအစိုးရက အုပ်ချုပ်ရေး နယ်မြေအပိုင်း သတ်မှတ်ချက်မှာ မြောက်ပိုင်းနှင့် တောင်ပိုင်း ခွဲခြားထားကြောင်း ရပ်စောက်မဂ္ဂဇင်း ဖော်ပြ ချက်အရသိရသည်။

          ရှမ်းပြည်နယ်မြောက်ပိုင်းကို အရေးပိုင် က အုပ်ချုပ်သည်။ စော်ဘွားနယ်များမှာ (၁) တောင်ပိုင်း၊ (၂) သိန္နီမြောက်လက်၊ (၃) သိန္နီ တောင်လက်၊ (၄) သီပေါ (မိုင်းလွန်းနယ်၊ သုံး ဆယ်နယ်၊ မိုင်းတုံနယ် ပါဝင်)၊ (၅) မိုင်းလွန်း အရှေ့၊ မိုင်းလွန်းအနောက် (မော်ဖနယ်၊ မုတ် ဟေးနယ်၊ ဟုတ်လပ်နယ်၊ မန်ဆန်နယ်၊ မန် ပတ်နယ်၊ ငက်ထင်နယ် ပါဝင်)။ သံလွင်မြစ် အရှေ့ပိုင်းနယ်များကို အထက်မြန်မာပြည်၏ အစိတ်အပိုင်းဟု သတ်မှတ်သည်။

          ရှမ်းပြည်နယ်တောင်ပိုင်း အရေးပိုင်နှင့် နိုင်ငံရေးအရာရှိက အုပ်ချုပ်သည်။ စော်ဘွား နယ်များမှာ (၁) မိုးနဲ (ကျိုင်းတောင်နယ်ပါဝင်၊ (၂) မိုင်းပန် (မိုင်းထားနယ်၊ မိုင်းဟန်နယ်၊ မိုင်းကြွက်နယ်၊ မိုင်းတုံနယ်ပါဝင်)။ (၃) ရပ် စောက် (မိုင်းပျဉ်းနယ်ပါဝင်) (၄) ညောင်ရွှေ (လက်သက်နယ်၊ အင်းလေးရွာနယ်၊ ကျောက် ထပ်နယ်၊ သီကျစ်နယ်ပါဝင်) (၅) မိုင်းကိုင်၊ (၆) လဲချား၊ (၇) မိုင်းပွန်၊ (၈) မောက်မယ် (မဲစခွန်နယ်၊ မိုင်းမောနယ်ပါဝင်) (၉) မိုးဗြဲ၊ (၁၀) ကျိုင်းတုံ (မိုင်းပုနယ်၊ မိုင်းဆတ်နယ်၊ ဆင်မောင်နယ်၊ ဆင်ရွတ်နယ်၊ ကျိုင်းချိုင်နယ် ပါဝင်)။

          မြို့စားနယ်များမှာ (၁) မိုင်းနောင်၊ (၂) ကျေးစီး၊ မန်းစံ၊ (၃) မိုင်းစိတ်၊ (၄) သထုံ (တ ဘက်နယ်၊ လမိုင်းနယ် ပါဝင်)၊ (၅) ဘန်းယဉ်၊ (၆) နောင်မွန်၊ (၇) စကွယ်၊ (၈) ကျိုင်းခမ်း၊ (၉) ဟိုပုန်း (ဟဲလုံ ပါဝင်)၊ (၁၀) နမ့်ခုတ် (၁၁) မိုင်း ရှူး၊ (၁၂) မိုင်းစင်၊ (၁၃) ကျိုင်းလွန်း၊ (၁၄) လွယ်လုံတို့ဖြစ်သည်။

          မြေလတ်နယ်ကို ရှမ်းပြည်နယ်တောင် ပိုင်းအရေးပိုင်နှင့် နိုင်ငံရေးအရာရှိက အုပ် ချုပ်သည်။

          မြေလတ်မြို့စားနယ်မှာ (၁) ဘော်နင်း၊ ဖြစ်သည်။ မြေလတ်ငွေခွန်မှူးနယ်များမှာ (၁) ရွာငံ၊ (၂) ပွေးလှ၊ (၃) ဘော်ဆိုင်း၊ (၄) နမ့်ခုံ၊ (၅) ပင်မှီ၊ (၆)လွယ်မော၊ (၇) နမ့်တုတ်၊ (၈) ကျောက်ဂူလေးရွာ၊ (၉) ပင်းတယ၊ (၁၀) ကျုံး၊ (၁၁) သာမိုင်းခမ်း၊ (မကွေနယ်၊ လွယ် အံနယ်၊ တောင်လားနယ်၊ မင်ဘိနယ် ပါဝင်)၊ (၁၂) လွယ်အဲ ၊ (၁၃) နမ့်ခဲ ၊ (၁၄) ဘော်တို့ဖြစ် သည်။ မိုးမိတ်နယ်နှင့် ထိုနယ်အတွင်း ပါဝင် သော မိုးလှိုင်းနယ်၊ ခမ်းတီးလုံနယ်များကို ရှမ်းပြည်မြောက်ပိုင်း အရေးပိုင်က အုပ်ချုပ် သည်။

          ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ရွာငံ၊ ပင်းတယ၊ ပွေးလှ၊ ကျုံး၊ ဘော်ဆိုင်းစသော နယ်များသည် ၁၈၉၅ ခု တွင် မြေလတ်မြို့စား နယ်များဖြစ်ကြောင်း သိရသည်။ ထိုအချက် အလက်များကို ဗဟုသုတ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

 

ပင်းတယနယ်

 

          ရပ်စောက်မဂ္ဂဇင်းထဲတွင် ရှမ်းပြည်နယ် မြို့ရွာများအကြောင်း မှတ်တမ်းတင်ထားပါ သည်။ ထိုထဲတွင် ပင်းတယနယ်အကြောင်း လည်း ပါဝင်သည်။

          မြေလတ်ဒေသမှ နယ်တစ်နယ်ဖြစ် သည်။ ဧရိယာစတုရန်းမိုင် ၂၀၀ ကျယ်သည်။ ငွေခွန်မှူး အုပ်ချုပ်သည်။ နယ်နိမိတ် စပ်သော နယ်များမှာ မြောက်ဘက် ရပ်စောက်နယ်၊ အရှေ့ဘက် ဘော်ဆုံ၊ တောင်ဘက် ပွေးလှ နယ်၊ အနောက်ဘက် ရွာငံနှင့် ကျောက်ဂူ လေးရွာနယ်တို့ဖြစ်သည်။ ဇော်ဂျီမြစ်သည် ပင်းတယနယ် ရေဖြူတိုက်နယ်မှ မြစ်ဖျားခံ သည်။ မြေလတ်နယ်သည် အများထက်ပို၍ နွေးသည်။ ၁၈၉၇ တွင် လူဦးရေ ၁၂၄၁၃ ဦး ရှိသည် ။ ဓနု ၈၃၄၈ ၊ ပအိုဝ်း ၁၃၄၆၊ တောင် ရိုး ၁၀၄၁၊ ဓနော့ ၇၄၇၊ ရှမ်း ၁၃၃၊ မြန်မာ ၇၉၊ အင်းသား ၅၆ ၊ ပလောင် ၅၄၊ တရုတ် ၆၊  မွန် ၄၊ ဟိန္ဒူဘာသာဝင် ၃ ဦး နေထိုင်သည်။

          နယ်ကို တိုက်နယ်ကိုးခုခွဲသည်။ (၁) ဦး တိုက်၊ (၂) ကန်အရှေ့၊ (၃) ကန်အနောက်၊ (၄) ထယ်သွန်း၊ (၅) ကျောက်စု၊ (၆) ရေဖြူ၊ (၇) တောင်ရှေ့၊ (၈) ပင်ပျော်၊ (၉) အနောက်တ တန်းတို့ဖြစ်သည်။ ရွာ ၉၀၊ အိမ်ခြေ ၂၂၆၉ အိမ်၊ အခွန်တော် ၁၄၄၇၆ ကျပ်ဆောင်သည်။ ငွေခွန်မှူး၊ ရွာအုပ်၊ မြေလတ်စစ်ကဲတို့သည် ပင်းတယကို အုပ်ချုပ်သော ခေတ်တစ်လျှောက် ရာထူးရှင်များ ဖြစ်သည်။ ၁၈၇၆ တွင် မြေလတ် စစ်ကဲ ဦးလှိုင်က အုပ်ချုပ်ဖူးသည်။ ၁၈၈၇ တွင် ဗြိတိသျှများ သိမ်းပိုက်သောအခါ ငွေခွန် မှူးမှာ ဦးဘိုးခင် ဖြစ်သည်။ ၁၈၉၇ တွင် ငွေ ခွန်မှူး ဦးစွန်ညို ဖြစ်သည်။ ၁၈၉၇ တွင် ဦး ဘိုးခင် သေသောအခါ သား ဦးစွန်ညိုက ကလေးအရွယ်ဖြစ်၍ ကျောင်းတကာ ဦးအုန်း က ရင်ခွင်ပိုက် ငွေခွန်မှူးအဖြစ် အုပ်ချုပ် သည်။ ၁၈၉၇ ခုနှစ်တွင် ပင်းတယမြို့တွင် အိမ်ခြေ ၂၅၇ အိမ်ရှိသည်။ လူဦးရေ ၁၅၃၈ ဦး ရှိသည်။ အခွန်ဆောင်ရသောအိမ်ပေါင်း ၁၁၇ အိမ်ရှိသည်။ အခွန်တော်မှာ ပင်းတယ မြို့မှ တစ်နှစ် ၁၂၆၂ ကျပ်ဆောင်သည်။ ရွှေ ဥမင်ဘုရား ထင်ရှားကာ တပေါင်းပွဲတော် သည် ငါးရက်၊ ခြောက်ရက်ကြာပြီး မြေလတ် ဒေသတွင် အစည်ဆုံးပွဲဖြစ်သည်။

          ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ပင်းတယမြို့နယ်တွင် ပင်းတယ ရွှေဥမင် လိုဏ်ဂူဘုရားတည်ရှိပြီး အရှေ့ဘက်၊ တောင် ဘက်နှင့် အနောက်ဘက်မှာ ကလောမြို့နယ်၊ အနောက်နှင့် အနောက်မြောက်ဘက်တွင် ရွာငံမြို့နယ်၊ မြောက်ဘက်တွင် ရပ်စောက်မြို့ နယ်ဟူပြီး သုံးမြို့နယ်အကြားတွင် တည်ရှိနေ ပါသည်။

          ပင်းတယမြို့ နှင့် အနီးတစ်ဝိုက် လည် ပတ်စရာနေရာအချက်အလက်များကို ခရီး သွားမှတ်တမ်း ဖော်ပြရင်းဖြင့် မှတ်တမ်းတင် လိုက် ပါသည်။

          ထူးခြားဆန်းပြား နေရာဒေသလေးများ ကို ဆက်လက်၍ လေ့လာမှတ်တမ်း တင်သွား မည်ဖြစ်ပါသည်။

Most Read

Most Recent