၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမဆုရ မောင်မင်းခန့်ဗိုလ်နှင့် တွေ့ဆုံခြင်း

၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမဆုရ မောင်မင်းခန့်ဗိုလ်နှင့် တွေ့ဆုံခြင်း
Published 15 June 2024

‘ကျွန်တော်ဖြေဖြစ်တဲ့ ရည်မှန်းချက်တစ်ခုက The Whole Burma First ဖြစ်ဖို့ ဖြေခဲ့တယ်။ ငယ်ငယ်ကတည်းက ဖြေခဲ့တာပါ။ အခုချိန်မှာ ဒါကို လက်တွေ့လုပ်ပြနိုင်ခဲ့ပါပြီ’

မေး ■ ၂၀၂၄ တက္ကသိုလ်စာမေးပွဲတွင် အမှတ်ပေါင်း ဘယ်လောက်ရခဲ့လဲ။

ဖြေ  အမှတ်ပေါင်း ၅၅၇ မှတ် ရရှိထားပါ တယ်။

မေး  ဒီလိုရဖို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲ။

ဖြေ  အဓိကတော့ ကျွန်တော်က တစ်နေ့စာ တစ်နေ့ ပြီးအောင်လုပ်တယ်။ ဆရာတွေ သင်သမျှကို သေသေချာချာနားထောင်ပြီးတော့ ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေကို မှတ်စု အနေနဲ့ အချိန်ဇယားလေး သေချာစွဲထားပါ တယ်။ အဲဒီအချိန်ဇယားတိုင်းမှာရှိတဲ့ လုပ် စရာတွေအားလုံးကို တစ်နေ့အတွင်း ပြီးအောင် လုပ်တယ်။ အကြွေး မထားရတာမျိုး လုပ်ပါ တယ်။ နောက်တစ်ခုကျတော့ ကျွန်တော်တို့ အနေနဲ့ဆိုလို့ရှိရင် Positive Cycle ဆိုတဲ့ သီအိုရီတစ်ခုကို ယုံကြည်တယ်။ အဲဒါ ဘာလဲ ဆိုရင် စာက သေသေချာချာနားထောင်လို့ရှိ ရင် သေသေချာချာနားလည်တယ်။ နားလည် လို့ရှိရင် စာမေးပွဲဖြေနိုင်တယ်။ စာမေးပွဲဖြေ နိုင်တဲ့အခါကျလို့ရှိ ရင် Subject ပေါ်မှာ ပိုပြီး တော့ Concentration ပိုရပါတယ်။ အဲဒီလိုအ ခါမျိုးမှာဆိုရင် တဖြည်းဖြည်းပိုပြီးတော့ အကောင်းတွေ အကောင်းတွေပဲ ပတ်ချာတွေ လည်ပြီးတော့ စာလုပ်ရတာ တဖြည်းဖြည်း ပျော်၊ အမှတ်တွေက တဖြည်းဖြည်းတက်ပြီး တော့ ပိုပိုပြီးတော့ ကောင်းလာတာမျိုးပေါ့။ ဒါမျိုးက ကျွန်တော်ခံယူထားတဲ့ သီအိုရီတစ်ခုပါ။

မေး  ငယ်ငယ်လေးကတည်းက ကျောင်းစတက် တဲ့အရွယ်ကာလကနေ အခုချိန်အထိ ဘယ်လို အောင်မြင်မှုတွေ ရခဲ့ပါလဲ။

ဖြေ  ကျွန်တော်အောင်မြင်မှု တချို့ကတော့   လေးတန်းမှာ scholarship  ရရှိခဲ့ပါတယ်။  Grade 11 နဲ့ Grade 12 မှာ နှစ်ထပ်ကွမ်း လူရည်ချွန်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အောင်မြင်မှုအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော် အဋ္ဌမတန်းမှာ သချင်္ာအိုလံပစ် ရန်ကုန်တိုင်းအဆင့် ပထမဆုရရှိဖူးတယ်။ စာစီ စာကုံးအနေနဲ့ဆိုရင် ရန်ကုန်တိုင်းအဆင့် ပထမဆု နှစ်ဆု၊  ဒုတိယ တစ်ဆု၊ တတိယ တစ်ဆု စသဖြင့် ရရှိဖူးပါတယ်။ စုစုပေါင်း Achievement  အားလုံးအနေနဲ့ဆိုရင် ဆုပေါင်း ၁၀၀ ကျော် ရရှိဖူးပါတယ်။

မေး  အစကတည်းက ရည်မှန်းချက်က ဘယ် လိုရှိခဲ့လဲ၊ ဘာဖြစ်ချင်တယ်၊ ကြီးလာရင် ဘာလုပ် မလဲဆိုတဲ့ ရည်မှန်းချက် ဘယ်လိုရှိခဲ့လဲ။

ဖြေ  အင်တာဗျူးတွေ မေးခံရတဲ့အခါတိုင်းမှာ ကျွန်တော်ဖြေဖြစ်တဲ့ ရည်မှန်းချက်တစ်ခုက The Whole Burma First ဖြစ်ဖို့ဆိုတဲ့ ရည် မှန်းချက်ကို ကျွန်တော်ဖြေခဲ့တယ်။ ငယ်ငယ်က တည်းက ဖြေခဲ့တာပါ။ အခုချိန်မှာ ဒါကို လက် တွေ့ လုပ်ပြနိုင်ခဲ့ပါပြီလို့ ယူဆပါတယ်။

မေး  ဘာကြောင့် The Whole Burma First ဖြစ်ချင်ရပါသလဲ။

ဖြေ  ဒီနေရာ ဒီ Position ဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသား  အားလုံးရဲ့ အိပ်မက်တစ်ခုဖြစ်မယ်လို့ ထင်ပါ တယ်။ အထူးသဖြင့် စာတော်တဲ့သူ ကျောင်း သားအားလုံးရဲ့ အိပ်မက်တစ်ခုပါ။ နောက် တစ်ခုက The Whole Burma First တစ် ယောက်ဖြစ်တယ်ဆိုရင်ကျတော့ ကျွန်တော် တို့အနေနဲ့ ကျောင်းသားအားလုံးရဲ့ စံပြ ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ပြ ချင်တာတွေ။ ကိုယ့်နိုင်ငံအတွက် လုပ်ပေးချင် တာတွေ  ကျွန်တော်တို့ စံပြကျောင်းသားတစ် ယောက်အနေနဲ့ ရှိပေးချင်တဲ့အတွက်ကြောင့် မလို့ The Whole Burma First ဖြစ်ချင်ခဲ့ တာပါ။

မေး  အမှတ်တွေအများကြီးရတော့ ဘယ် ကျောင်းသွားမလဲ။

ဖြေ  ကျွန်တော်ဆေးကျောင်းတက်ဖို့ စီစဉ် ထားပါတယ်။

မေး  ဆေးကျောင်းနဲ့ပတ်သက်ပြီး ဘယ်လို ရည် မှန်းချက်တွေ ထားရှိသလဲ။

ဖြေ  ငယ်ငယ်တုန်းက ရည်မှန်းချက်ကတော့ ကလေး အထူးကု ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပါ ခင်ဗျ။ အခုလက်ရှိတော့ အသက်နည်း နည်းကြီးလာတဲ့အမျှ အခုချိန်မှာတော့ ဆရာ ဝန်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စဉ်း စားထားပြီးတော့ ဘာအထူးကုယူမယ်ဆိုတာ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။

မေး  မိဘတွေကရော  ဘယ်လောက်အထိ ပီတိ တွေဖြစ်ပြီးတော့ မိသားစုရဲ့ ကြည်းနူးမှုတွေကို ဘယ်လိုရနေပြီလဲ ပြောပေးပါဦး။

ဖြေ   မိဘတွေကတော့ အတိုင်းအထက်အလွန် ပျော်ကြပါတယ်။ ကျွန်တော့်ထက်တိုင် အများ ကြီးပိုပြီးပျော်ကြတယ်လို့ ပြောလို့ရပါတယ်။ သူတို့ကလည်း ပညာသင်နှစ်တောက်လျှောက် လုံးမှာ အနီးကပ်စောင့်ရှောက်ပေးတဲ့သူတွေ ဆိုတော့ ကျွန်တော်ရဲ့ ဝမ်းသာပီတိကို သူတို့ က အဓိက တကယ်ကိုမှ နားလည်တဲ့ မိဘတွေ ဖြစ်ပါတယ်။ တကယ်ပါ ။အဖေနဲ့အမေဆိုရင် ထခုန်မတတ် ပျော်နေကြတာပါ။

မေး  စာမေးပွဲစဖြေပြီးတဲ့အချိန်ကတည်းက အခု အထိ ဘယ်လိုရည်မှန်းချက်ထားတာလဲ။

ဖြေ  ရည်ရွယ်ချက်ကိုက ဒီ Top Ten  ထဲမှာ ဝင်ဖို့အတွက်ရည်ရွယ်ပြီး ဖြေခဲ့တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့  ဖြေပြီးတဲ့အခါမှာလည်း Top Ten ဝင်လောက်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်ခုတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ The Whole Burma First လောက်ထိတော့ မမျှော်မှန်းရဲတာရော၊ မမျှော်လင့်ရဲတာရော  နည်းနည်းတော့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေ မဲ့ တကယ်ဖြစ်လာတဲ့အချိန်မှာတော့ ဒါက လုံးဝ စပရိုက်ပါ။

မေး  The Whole Burma First  ရခဲ့တဲ့ ရှေ့က Senior အစ်ကို အစ်မတွေရော ဘယ်သူတွေကို အားကျခဲ့လဲ။

ဖြေ  ကျွန်တော်တို့အနေနဲ့ဆိုရင် ကျွန်တော် တို့ လူရည်ချွန်ကွန်မြူနတီထဲကနေ ပြီးတော့ ကိုကျော်လင်းသန်း သုံးထပ်ကွမ်း လူရည်ချွန် ဆိုတာ ကျွန်တော်တို့ အရှေ့  ၂၀၂၀ မှာ ရခဲ့တဲ့ အစ်ကိုရှိပါတယ်။ အဲဒီအစ်ကိုဟာဆိုလို့ရှိရင် လူရည်ချွန်ကွန်မြူနတီထဲမှာ The Whole Burma First  ကို ထိုက်ထိုက်တန်တန် ရသွား တဲ့ အစ်ကိုပေါ့။ ကျွန်တော့်အနေနဲ့ ဒီလူရည် ချွန်အဖွဲ့အစည်းထဲမှာ The Whole Burma First ကို လူရည်ချွန်ထဲနေရတယ်ဆိုတဲ့ ခံစား ချက်လေးတစ်ခု ပေးချင်တဲ့အတွက်ကြောင့် သေချာကြိုးစားခဲ့တာလည်းပါပါတယ်။

မေး  ကျောင်းစတက်တဲ့အချိန်က စပြီးတော့ အတန်းတိုင်း အတန်းတိုင်းမှာ မှတ်တိုင်လေးတွေ ရှိခဲ့လဲ ပြောပေးပါဦး။

ဖြေ  ရှိပါတယ်။ ကျွန်တော်က များသောအား ဖြင် စာပေနဲ့ပတ်သက်ရင် စာစီစာကုံး၊ ကဗျာ၊ သချင်္ာ၊ အင်္ဂလိပ်စာ စတဲ့ဘက်စုံပြိုင်လေ့ပြိုင်ထ ရှိတဲ့အတွက်ကြောင့်မို့လို့ ဆုတံဆိပ်မှတ်တိုင် တွေကတော့ ထိုက်သင့်လောက်တော့ စိုက်ထူ ပြီးပါပြီ။

မေး  ဆုတွေရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ပီတိ လေးကို နည်းနည်းလောက် မျှဝေးပေးပါလား။

အဖြေ  တစ်နှစ်လုံး ပင်ပန်းသမျှတွေ အရာ အားလုံးရဲ့နောက်ဆုံး Reflection  က ဆုပေးပွဲ မှာ တကယ်တွေ့ရတာပါ။ ဆုပေးပွဲမှာ ရတဲ့ ခံစားချက်လေးက ဘယ်လောက်မှ မကြာဘူး။ တစ်နာရီ သို့မဟုတ် နှစ်နာရီလောက်ပဲ  ကြာ တယ်ဆိုတဲ့ အဲဒီဖီးလင်က တစ်နှစ်စာ ပင်ပန်းခဲ့ သမျှအရာအာလုံးကို တကယ့်ကို ချွေးတိတ်စေ ပါတယ်ခင်ဗျ။

မေး  အောင်စာရင်းကြည့်လိုက်တဲ့အချိန်မှာ ဖြစ် ပေါ်နေတဲ့ ရင်ခုန်သံနဲ့ The Whole Burma First ရသွားပြီလို့ သိလိုက်ရတဲ့ ရင်ခုန်သံလေး မျှဝေပေးပါဦး။

ဖြေ  မနက် ၄ နာရီ Website  ကြည့်လိုက်ရ တဲ့အချိန်မှာ ကိုယ့်နာမည်ကိုပထမဦးဆုံး The Whole Burma First မှာ  ပထမဆုံးမြင်လိုက် ရတဲ့အချိန်နဲ့ အမှတ်ကိုပါတွဲပြီး မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော်ရဲ့ဝမ်းသာပီတိက တ ကယ်ကို ပြောပြမတတ်နိုင်အောင်ပါ။ လေပေါ် လွင့်သွားတဲ့ထိအောင် ခံစားချက်မျိုး ဖြစ်တာ ပါ။ အဲဒီအချိန်မှာပဲ တစ်အိမ်လုံးကို အသိပေး ပြီးတော့ တစ်အိမ်လုံး တကယ့်ကိုမှ အုန်းအုန်း ကျွက်ကျွက်တွေ ဖြစ်ကုန်ကြတာပါ။

မေး  နောင်လာမယ့် အနာဂတ်ဖြစ်တဲ့ ညီငယ် တွေ ညီမငယ်တွေကိုရော ဘယ်လိုလေး ကြိုးစား သင့် လဲဆိုတာ လက်ဆင့်ကမ်းစကားလေး ပြောပြ ပေးပါဦး။

ဖြေ  ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ ကိုယ်လုပ်တဲ့ အလုပ်မှာ  Consistent ဖြစ်ဖို့ပါ။  အဲဒီဟာတစ်ခုအပေါ်မှာ တစိုက်မတ်မတ် လုပ် ဖို့ပါ။ ရည်မှန်းချက်တစ်ခုကို ခိုင်ခိုင်မာမာထား ပြီး အဲဒီရည်မှန်းချက်ရအောင် မဖြစ်မနေလုပ် မယ်ဆိုတဲ့ စိတ်မျိုးတစ်ခုထားဖို့ပါ။ တကယ်လို့ လုပ်ပြီးသွားပြီဆိုတဲ့အချိန်မှာ ကိုယ်အကောင်း ဆုံးလုပ်ခဲ့တာကို နောင်တမရဘဲ ဖြစ်လာသမျှ အရာအားလုံးကို အခက်အခဲတွေအားလုံးကို ရင်ဆိုင်ပြီးတော့ ရလာတဲ့ Result ကို အကျေ နပ်ဆုံးနဲ့ အရောင့်ရဲဆုံးဖြစ်အောင် နေထိုင် သွားမယ်ဆိုလို့ရှိရင် ဘဝမှာ အောင် မြင်မှုတွေ အများကြီးရရှိမှာပါ။

 

Most Read

Most Recent