အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံခဲ့ပြီး Imphal အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် မြန်မာ ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံခဲ့ပြီး Imphal အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် မြန်မာ ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်
Published 13 June 2024

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီး Imphal အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ သတ်မှတ်ပြစ်ဒဏ်များ ကျခံပြီးနောက် Imphal အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ စုစုပေါင်း ၇၇ ဦးအနက် ကျန်ရှိနေသည့် မြန်မာနိုင်ငံသား ၃၈ ဦးအား ဒုတိယအသုတ်အဖြစ် ဇွန် ၁၁ ရက်တွင် မဏိပူပြည်နယ်မှ မိုရေးမြိုသို့ ရဟတ်ယာဉ်ဖြင့် ဦးစွာပို့ဆောင်ခဲ့ပြီး တမူးမြို့ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်မှတစ်ဆင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာသံရုံး နယူးဒေလီမြို့အနေဖြင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှတစ်ဆင့် မဏိပူရ်ပြည်နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent