မြင့်တက်လာသည့် လူသားချင်းစာနာမှုအကူအညီများနှင့် စိုးရိမ်ဖွယ် ရန်ပုံငွေရရှိမှု

မြင့်တက်လာသည့် လူသားချင်းစာနာမှုအကူအညီများနှင့် စိုးရိမ်ဖွယ် ရန်ပုံငွေရရှိမှု
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်များကို  ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင် (နောင်ပိန်))
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်များကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင် (နောင်ပိန်))
Published 9 June 2024

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း လက်နက် ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ မြင့်တက်လာပြီး လူသားချင်းစာနာ မှုအကူအညီများမှာလည်း ပိုမိုမြင့် တက်လာခဲ့သည်။

လက်ရှိတွင် ပိုမိုများပြားလာသော နေရပ်စွန့်ခွာရမှုများ၊ လုံခြုံမှု မရှိသည့်ပတ်ဝန်းကျင်၊ ခြိမ်းခြောက်မှုများနှင့် လူသားချင်းစာနာမှု အကူအညီများမှာ အဆမတန် မြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အခြေအနေမှာ အလွန်ဆိုး ရွားလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွက် ကလေးသူငယ် ခြောက်သန်း အပါအဝင် လူဦးရေ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသည်။

ထိုအရေအတွက်သည် ၂၀၂၃ ခုနှစ်ကထက်စာလျှင် တစ်နှစ်အတွင်း လူဦးရေတစ်သန်း မြင့်တက်လာခြင်း လည်း ဖြစ်သည်။

၂၀၂၃ ခုနှစ် မေလက တိုက် ခတ်ခဲ့သည့် မိုခါမုန်တိုင်းနှင့် မြင့် တက်လာသည့် လက်နက်ကိုင်ပဋိ ပက္ခများကြောင့် အရပ်သားပြည်သူ များအနေဖြင့် စားနပ်ရိက္ခာ ဖူလုံမှုမ ရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းများ ဖြစ်ပေါ်ခြင်း၊ ပညာရေးစနစ် ပြတ်တောက်ခြင်းနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရခြင်း စသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

၂၀၂၃ ခုနှစ်တွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုများအကြား လက်နက် ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားလာခြင်း ကြောင့် ၂၀၂၄ ခုနှစ်တွင်လည်း လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်း ဖက်မှုများ ပိုမိုဆိုးရွားလာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ထိုသို့ နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်း ထန်လာသည့်အပြင် အရပ်သားများ အပေါ် ပစ်မှတ်ထားလာခြင်း၊ လွတ် လပ်စွာ သွားလာမှုကို ကန့်သတ်ခြင်း များကြောင့် ကုလသမဂ္ဂက၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အရေး ပေါ်အခြေအနေထက် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကျပ်အတည်းတို့မှာ ပိုမိုဆိုးရွား လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ အ ရပ်သားပြည်သူများ ကြုံတွေ့နေရ သည့် အကျပ်အတည်းများကို နိုင်ငံ တကာမှ ချက်ချင်းအာရုံစိုက်၍ အ ကူအညီများ တိုးမြှင့်ပေးရန် လိုအပ် နေကြောင်း ကုလသမဂ္ဂက တောင်း ဆိုထားသည်။

လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပြန်လည်လျော့ ပါးသွားစေရန်နှင့်လက်နက်ကိုင်ပဋိ ပက္ခကို ခံစားခဲ့ရသည့် အရပ်သား ပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ် ငန်းများလုပ်ဆောင်နိုင်ရန် နိုင်ငံတ ကာအနေဖြင့် ရန်ပုံငွေများကို အ ဆောတလျင် ထောက်ပံ့ပေးဖို့ လိုအပ် နေကြောင်း ကုလသမဂ္ဂက တောင်း ဆိုထားသည်။

စံချိန်တင် စစ်ဘေးရှောင်ဦးရေ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက် ပြည်တွင်းနေရပ်စွန့်ခွာဦး ရေမှာ ခြောက်သိန်းခန့်သာရှိသော် လည်း ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေမှာ ၁ ဒသမ ၅ သန်းအထိ မြင့်တက်ခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီး တစ်နှစ်အတွင်း နေရပ်စွန့်ခွာသူ ဦးရေကိုးသိန်းအထိ မြင့်တက်လာ ခြင်းလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၅ သန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၆ သန်းရှိလာသည့်အတွက် တစ်နှစ် အတွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၁ သန်းကျော်အထိ တိုးမြင့် လာခဲ့သည်။

လက်ရှိ ၂၀၂၄ ခုနှစ် ဇန်နဝါရီ မှ မေ ၄ ရက်အထိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် မလုံ ခြုံမှုများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေမှာ သုံးသန်းကျော်ရှိ လာပြီဖြစ်သည်။

ထို့ကြောင့် လေးလကျော်အ တွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦး ရေ လေးသိန်းကျော် မြင့်တက်လာ ခြင်းလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း သုံးနှစ်အတွင်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ သုံးသန်းကျော် ရှိလာသည့်အတွက် ထိုပမာဏသည် စံချိန်တင်မြင့်တက်လာသည့် လူဦး ရေလည်းဖြစ်ကြောင်း ကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေ ရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်း ကျော်ရှိလာသည့်အနက် လူဦးရေ ၂ ဒသမ ၇ သန်းသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း ထွက်ပြေးရသူများဖြစ် ကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထိုသို့ လက်နက်ကိုင်ပဋိပက္ခ နှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့် ခွာထွက်ပြေးရသူ သုံးသန်းကျော်ထဲ တွင် ကလေးသူငယ် အရေအတွက် သည် သုံးပုံတစ်ပုံခန့် ပါဝင်နိုင် ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထား သည်။  ၂၀၂၃ ခုနှစ် အောက်တိုဘာမှ စ၍ နိုင်ငံတစ်ဝန်းရှိ နေရာအများ အပြားတွင် လေကြောင်းတိုက်ခိုက် မှု အရှိန်အဟုန်မြှင့်လုပ်ဆောင်လာ သည့်အတွက် နေရပ်စွန့်ခွာထွက်ပြေး ရသူဦးရေသည် တိုးတက်မှု မြန်ဆန် လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက သုံးသပ်ထားသည်။

မြန်မာနိုင်ငံ အနောက်မြောက် ပိုင်းမှ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် နေရပ်စွန့်ခွာရသူဦးရေ တစ် သန်းခွဲနီးပါးရှိပြီး အရှေ့တောင်ပိုင်း မှ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာ ရီတိုင်းတို့တွင် နေရပ်စွန့်ခွာရသူ ဦး ရေ ကိုးသိန်းကျော် ရှိကြောင်း ကုလ သမဂ္ဂက ဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် နောက်ထပ် လူဦးရေ ၃၅၆၀၀၀ ကျော် မှာ နေရပ်စွန့်ခွာနေရပြီး အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ IDP စခန်းများသို့ ဝင်ရောက်ခွင့်ရရန် အ ရေးကြီးနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

နေရပ်စွန့်ခွာထွက်ပြေးနေရသူ များအနေဖြင့် တရားဝင်ခိုလှုံရာစခန်းများတွင်ဖြစ်စေ၊ တောတောင် များတွင် နုံချာသော အခြေအနေများ နှင့် ရင်ဆိုင်နေရပြီး မလုံလောက် သည့် အမိုးအကာအောက်တွင် နေ ထိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

အစိုးရပိုင်းက IDP စခန်းများ ပိတ်သိမ်းရေး၊ အချိန်မတိုင်မီ နေရပ် ပြန်ပို့ရေးနှင့် ရွှေ့ပြောင်းနေရာချ ထားရေးတို့ကို လုပ်ဆောင်လာသ ဖြင့် နေရပ်စွန့်ခွာရသူများအနေဖြင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး မှောင်ခိုကူးခြင်းနှင့် လူကုန်ကူးခံရ ခြင်း စသည့် အန္တရာယ်များကိုလည်း ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထိုသို့သောအခြေအနေတွင် လူငယ်များအနေဖြင့် ဘေးကင်းရာ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက် နိုင်ငံရပ်ခြားသို့ အစုလိုက်အ ပြုံလိုက် ထွက်ခွာမှုများ ရှိနေကြောင်း ကုလသမဂ္ဂက ထောက်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ တပ်မတော်က ထုတ်ပြန် ထားသည့် အရေးပေါ်အခြေအနေ သည် ဆက်လက်တည်ရှိနေဆဲဖြစ် ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက် တွင် နောက်ထပ် ခြောက်လသက် တမ်းတိုးထားသည်။

မြို့နယ်ပေါင်း ၁၂၇ မြို့နယ် တွင်လည်း ရာဇသတ်ကြီးကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ လွတ်လပ်စွာ စုဝေးခွင့်ကို တားမြစ်ထားဆဲဖြစ် သည်။  လက်ရှိတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့် အနက် မြို့နယ် ၆၀ တွင် စစ်အုပ်ချုပ် ရေးကို ကြေညာထားသည်။

         

မြင့်တက်လာသည့် လူသားချင်းစာနာမှုအကူအညီ

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်အ တွင်း လူသားချင်းစာနာမှု အကအညီမှာ ခြောက်ဆကျော် မြင့်တက် လာသည်။

နိုင်ငံရေးအပြောင်းအလဲစဖြစ် သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ ၌ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသည့် လူဦးရေမှာ သုံးသန်း သာရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၁၈ ဒသ မ ၆ သန်းရှိလာသည့်အတွက် ခြောက် ဆကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် လူသားချင်း စာနာမှု အကူအညီ လိုအပ်သူ အရေ အတွက် သုံးသန်းရှိရာမှ ၂၀၂၂ ခု နှစ်တွင် ၁၄ ဒသမ ၄ သန်းသို့ ခုန် တက်သွားသည်။

တစ်နှစ်အတွင်း လူဦးရေ ၁၁ သန်းကျော် ခုန်တက်လာခြင်းလည်း ဖြစ်သည်။

ထို့ပြင် ၂၀၂၃ ခုနှစ်တွင် လူသား ချင်း စာနာမှု အကူအညီ လိုအပ်သူ အရေအတွက်မှာ ၁၇ ဒသမ ၆ သန်း အထိ ရှိလာသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်နှင့် ယှဉ်လျှင် လူဦးရေ ၃ ဒသမ ၂ သန်း မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် ၂၀၂၄ ခုနှစ်တွင် လူ သားချင်းစာနာမှုအကူအညီ လို အပ်သူအရေအတွက်မှာ ၁၈ ဒသမ ၆ သန်း ရှိလာသဖြင့် ၂၀၂၃ ခုနှစ် နှင့် ယှဉ်လျှင် တစ်သန်းကျော်တိုး လာခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် သုံး နှစ်အတွင်း လူသားချင်းစာနာမှု အ ကူအညီ လိုအပ်သူအရေအတွက်မှာ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။

 

စိုးရိမ်ဖွယ် ရန်ပုံငွေရရှိမှု

မြန်မာနိုင်ငံတွင် မြင့်တက်လာ သော လက်နက်ကိုင်ပဋိပက္ခများ၊ မ တည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွား ရေး အခြေအနေများ၊ အကြမ်းဖက် မှုများကို နေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝ ဘေးနှစ်မျိုးကြောင့် နေရပ်စွန့်ခွာနေ ရမှုများ အစရှိသည့် အခြေအနေများ ကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ် ငန်းစီမံချက်ကို မဟာဗျူဟာ သုံးရပ် ချမှတ်၍ စတင်ဆောင်ရွက်နေသည်။

ထိုစီမံချက်အရ ၂၀၂၄ ခုနှစ်အ တွင်း အကူအညီပေးရန် ဦးစားပေး သတ်မှတ်ထားသည့် ပြည်သူ ၅ ဒသ မ ၃ သန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၉၉၄ သန်း လိုအပ်နေသည်။

၂၀၂၄ ခုနှစ် လူသားချင်းစာ နာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး လုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန်ဒေါ်လာ ၉၉၄ သန်း တောင်းခံထားရာတွင် ယခုနှစ် မေလကုန်အထိ ၁၀ ရာခိုင် နှုန်းသာ ရန်ပုံငွေရရှိထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် လူသားချင်းဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ် ငန်းစီမံချက်သည် စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် ရန်ပုံငွေ ရ ရှိမှု နည်းပါးနေပြီး လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း ကုလသမဂ္ဂက ဆိုသည်။

 ကုလသမဂ္ဂ၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း အကူအညီပေးရန် ဦး စားပေး သတ်မှတ်ထားသည့် ပြည် သူ ၅ ဒသ မ ၃ သန်းအတွက် ရန်ပုံ ငွေ ဒေါ်လာ ၉၉၄ သန်း တောင်းခံ ထားရာ  ၉၉ ဒသမ ၄ သန်းရရှိသေး ကြောင်း နားလည်ရသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ် မေလ ကုန်အထိ ရန်ပုံငွေရရှိမှုအခြေအ နေသည် ဒေါ်လာ သန်း ၁၀၀ ပင် မပြည့်သေးပေ။

ထိုသို့ ရန်ပုံငွေလိုအပ်ချက် ကြီးမားနေသည့်ကြားမှ နေရပ်စွန့် ခွာ ထွက်ပြေးရသူဦးရေ ပိုမိုများပြား လာပြီး ကုန်စျေးနှုန်းကြီးမြင့်မှုများ ကြောင့် ကဏ္ဍအလိုက် တုံ့ပြန်ကူညီ ပေးနေသည့် အစုအဖွဲ့များကြားတွင် ရန်ပုံငွေ မလုံလောက်သည့် အခြေ အနေများနှင့် ဆိုးရွားစွာရင်ဆိုင်နေ ရကြောင်း ကုလသမဂ္ဂက ပြောကြား သည်။

သို့သော် အခက်အခဲမျိုးစုံနှင့် ရန်ပုံငွေရရှိမှု နည်းပါးသည့်ကြားမှ ပင် လူသားချင်းစာနာမှုဆိုင်ရာ မိတ် ဖက်အဖွဲ့အစည်းများသည် လိုအပ် နေသူများထံ အကူအညီများ ဆက် လက်ပေးလျက်ရှိပြီး ယခုနှစ် ပထမ သုံးလပတ်အတွင်း လူဦးရေ တစ်သန်း နီးပါးကို အကူအညီများ ပေးနိုင်ခဲ့ ကြောင်း  ကုလသမဂ္ဂက ဆိုသည်။

မြန်မာ့လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းသည် အ ရပ်သားပြည်သူများအပေါ် ကြီးမား သည့် အန္တရာယ်ဖြစ်စေသည့် ပြင်း ထန်သောပဋိပက္ခနှင့်အတူ ပြန် လည်ပေါ်ပေါက်လာသော စိုးရိမ် ဖွယ်ရာ လူမျိုးရေးတင်းမာမှုနှင့် စံ ချိန်တင် မြင့်တက်လာသော ပြည်တွင်း နေရပ်စွန့်ခွာမှု အခြေအနေများ ကြောင့် အန္တရာယ်ကြီးသော ကဏ္ဍ သစ်တစ်ခုကို ရောက်ရှိနေကြောင်း လည်း ကုလသမဂ္ဂက ထောက်ပြ ပြောဆိုသည်။

လိုအပ်နေသော လူဦးရေ ၅ ဒ သမ ၃ သန်းကို ကူညီရန်နှင့် ပြတ် လပ်နေသောရိက္ခာများကို မုန်တိုင်း ရာသီအကြို ဖြည့်ဆည်းသွားရန် ထပ်လောင်းအားဖြည့်ရမည့် ရန်ပုံ ငွေအရင်းအမြစ်များ အရေးပေါ်လို အပ်နေကြောင်း ကုလသမဂ္ဂက ဆို သည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှု အကူအညီ လိုအပ်နေသည့် လူဦးရေ ၁၈ ဒသမ ၆ သန်းရှိသော် လည်း ကုလသမဂ္ဂအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းကိုသာ ကူညီရန် လျာထားနိုင် သည်။

၂၀၂၃ ခုနှစ်ကလည်း လူဦးရေ ၃ ဒသမ ၂ သန်းကို ကူညီရန် လျာ ထားသော်လည်း ရန်ပုံငွေ မပြည့်မီ မှုနှင့် ဝင်ရောက်ကူညီခွင့် ကန့်သတ် ချက်များကြောင့် အပြည့်အဝ ကူညီ ပေးနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့်  ၂၀၂၄ ခုနှစ်အတွင်း အကူအညီပေးရန် ဦးစားပေး သတ် မှတ်ထားသည့် ပြည်သူ ၅ ဒသမ ၃ သန်းအတွက် ရန်ပုံငွေဒေါ်လာ ၉၉၄ သန်း တောင်းခံထားရာတွင်  ၉၉ ဒသ မ ၄ သန်းရရှိသေးသည့်အတွက် ကု လသမဂ္ဂအနေဖြင့် လူဦးရေ မည်မျှ ကိုသာ ကူညီနိုင်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

 

Most Read

Most Recent