ဒဗ္ဗလင်သို့  စိန်ခေါ်သံ

ဒဗ္ဗလင်သို့  စိန်ခေါ်သံ
Photos: AFP
Photos: AFP
Published 6 March 2024
Phoe Thar

ဒီရာသီယူရိုပါလိဂ် ပြိုင်ပွဲကတော့ ရှုံးထွက် (၁၆)သင်းအဆင့်မှာပဲ ပြိုင်ဆိုင်မှုအရှိန်အဟုန် စတင်ပြင်းထန်လာဖို့ရှိနေပြီး ချန်ပီယံဆုတိုက်ပွဲအပြင် အချို့သောကွင်းပြင်ပအကြောင်းအရာတွေက ပြိုင်ပွဲအပေါ်ပိုပြီးစောင့်ကြည့်ချင်စရာဖြစ်စေပါလိမ့်မယ်။ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပတ်သက်ပြီး  စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နေတာတွေက ကလပ်အသင်း (၃)သင်းစီနဲ့ အများ ဆုံးပါဝင်နေတဲ့ အင်္ဂလန်၊ အီတလီအားပြိုင်မှု၊ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်နည်းပြဘဝနှုတ်ဆက်ရာသီနဲ့ ပထမဆုံး ယူရိုပါလိဂ်ချန်ပီယံဆု မျှော်လင့်ချက်၊ လေဗာကူဆင်နဲ့ အလွန်ဆိုတို့ရဲ့ သက်တမ်းရင့်ဆုဖလား အိပ်မက်၊ ဗီလာရီးယဲလ်နဲ့ စပိန်လာလီဂါရဲ့ မျှော်လင့်ချက် အစရှိတဲ့အကြောင်းအ ရာတွေပဲဖြစ်ပါလိမ့်မယ်။ ဒါ့ပြင် ရိုးမား-ဘရိုက်တန်၊ မာဆေးလ်-ဗီလာရီးယဲလ်၊ ဘင်ဖီကာ-ရိန်းဂျားစ်နဲ့ ဖရိုင်းဘတ်-ဝက်စ်ဟမ်းပွဲစဉ်တွေကလည်း ယူရိုပါလိဂ်ရဲ့ ရသကို အပြည့်အဝပေးစွမ်းဖို့အသင့်ဖြစ်နေမှာ အသေအချာပါပဲ။

 

Most Read

Most Recent