ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ
Published 25 February 2024

၁၉၉၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၁၁၇၅၉ ဒသမ ၉၀၈ သန်း အပါအဝင် ကျပ် ၂၄၆၁၄ဒသမ ၉၃၂ ဘီလျံ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းပမာဏတွင် ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းများပါဝင်သကဲ့သို့ ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီး မြှုပ်နှံမှု လျှော့ချခြင်းများလည်း ပါဝင်သည်။

နိုင်ငံအလိုက် ကဏ္ဍအလိုက် နိုင်ငံအသီး သီးက ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအခြေအနေကို လေ့ လာကြည့်ပါက မြန်မာနိုင်ငံသားများ၏ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်ကာလ အတွင်း ကျပ် ၉၂၅၀ ဘီလျံကျော် (၉၂၅၂ ဒသမ ၈၄၀ သန်း) ဝင်ရောက်ထားပြီး ကုန် ထုတ်လုပ်မှုကဏ္ဍတွင်သာ အဓိကမြှုပ်နှံထား ကြခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးမှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဒေါ်လာ ၁၃ ဒသမ ၅၉၈ သန်းရှိသည်။ အဆိုပါပမာဏ၏ ၉၂ ဒသမ ၆၅ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ဖြစ်ပြီး ဒေါ်လာ ၁၂ ဒသမ ၅၉၈ သန်းရှိသည်။ ဒုတိယအနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး ဒေါ်လာ တစ်သန်းရှိသည်။

တရုတ်နိုင်ငံက ဒေါ်လာ ၈ ဒသမ ၄၂၆ သန်းဖြင့် အများဆုံးဖြစ်ပြီး စင်ကာပူက ဒေါ် လာ ၁ ဒသမ ၆၉၆ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ samoa က ဒေါ်လာတစ် သန်း၊ တိုင်ပေက ဒေါ်လာ တစ်သန်း၊ အိန္ဒိယ က ဒေါ်လာ သုည ဒသမ ၆ သန်း၊ ကိုရီးယားက ဒေါ်လာ သုည ဒသမ ၅ သန်း၊ အမေရိကန်က ဒေါ်လာ သုည ဒသမ ၃၇၆ သန်းဖြင့် ဝင် ရောက်မြှုပ်နှံထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လက်ရှိဘဏ္ဍာ နှစ် ပထမသုံးလပတ်အတွင်း ရန်ကုန်တိုင်းဒေ သကြီးတွင် ဒေါ်လာ ၁၂ ဒသမ ၅၉၈ သန်း၊  ကချင်ပြည်နယ်တွင် ဒေါ်လာတစ်သန်းဝင် ရောက်ထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုအနေဖြင့်  လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း  မြန်မာနိုင်ငံသားများက စစ်ကိုင်းတိုင်းဒေ သ ကြီး၌ ကျပ်သန်း ၆၀၀၀  ဖြင့် အများဆုံးမြှုပ် နှံထားကြသည်။ ဒုတိယအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၌ ကျပ်သန်း ၂၅၀၀၊ တတိယ အနေဖြင့် မွန်ပြည်နယ်၌ ကျပ် ၇၅၂ ဒသမ ၈၄၀ သန်း ဝင်ရောက်မြှုပ်နှံထားကြသည်။ 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် ဒေါ်လာ ၇၈ ဒသမ ၂၈၁ သန်းဖြင့် ထိပ် ဆုံးမှ ရပ်တည်ခဲ့သည်။ယင်းနောက် စွမ်းအင် ကဏ္ဍမှာ ၃၇ ဒသမ ၉၄၂ သန်း၊ ကုန်ထုတ်လုပ် မှုကဏ္ဍမှာ ဒေါ်လာ ၃၀ ဒသမ ၃၈၅ သန်း ဖြင့် တတိယနေရာတွင်ရပ်တည်ခဲ့သည်။ နိုင် ငံအလိုက်အနေဖြင့်  ကိုရီးယားက ဒေါ်လာ ၇၃ ဒသမ ၄၈၂ သန်း၊ စင်ကာပူက ဒေါ်လာ ၄၈ ဒသမ ၀၈၇ သန်းနှင့် တရုတ်က ဒေါ်လာ ၁၇ ဒသမ ၀၃၈ သန်း အသီးသီးမြှုပ်နှံထား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံး လပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက် မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထ သုံး လပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက် မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သို့ ကျပ်သန်း ၅၈၁၇၈ ဒသမ ၃၈၁ (ကျပ် ၅၈ ဘီလျံကျော်) ဖြင့် အများဆုံးဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၃၄၅၆၇ ဒသမ ၅၀၆ ( ကျပ် ၃၄ ဘီလျံကျော်)ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မွန်ပြည် နယ်အတွင်းသို့ ကျပ်သန်း ၁၆၄၅၀ ဒသမ ၀၀၀ (၁၆ ဘီလျံကျော်)ဖြင့်  တတိယအများ ဆုံးဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တွင် ကျပ်သန်း ၁၅၉၈၇ ဒသမ ၆၅၇၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်း ၉၃၅၀ ဒသမ ၇၀၀၊ မကွေးတိုင်းဒေ သကြီးတွင် ကျပ်သန်း ၉၃၅၀ ဒသမ ၇၀၀၊ ဧရာဝတီတိုင်းဒေသကြီး၌ ကျပ်သန်း ၁၇၈၅ ဒသမ ၈၂၅၊ ပဲခူးတိုင်းဒေသကြီးတွင် ကျပ် သန်း ၁၇၂၅ သန်း၊ ကယားပြည်နယ်တွင် ကျပ်သန်း ၆၈၀၊ ရခိုင်ပြည်နယ်တွင် ကျပ် သန်း ၂၄၀ ဖြင့် အသီးသီးဝင်ရောက်ခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေး ကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမား မား ဝင်ရောက်လာရန် လိုအပ်သည်။ 

ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုညီလာခံ (United Nations conference on Trade and development UNCTAD)  က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ စောင့်ကြည့်ခြင်း အစီရင်ခံစာ (Global Investment Tredn Monitor) အရ ၂၀၂၃ ခုနှစ်အတွင်း ဖွံ့ဖြိုး ဆဲနိုင်ငံများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကိုးရာခိုင်နှုန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄၁ ဘီလျံ) ကျဆင်းခဲ့ကြောင်း UNCTAD ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်း များအနက် အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံတို့ရှိ ဖွံဖြိုးဆဲနိုင်ငံများတွင် အနည်းနှင့်အများ တည်ငြိမ်ခဲ့ကြောင်း၊ ကမ္ဘာနှင့်အဝန်း ရင်းနှီး မြှုပ်နှံမှု အားနည်းခဲ့ခြင်းနှင့် စီးပွားရေးအရ မသေချာ မရေရာမှုများက ယင်းသို့ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အစပိုင်းက ဥရောပနိုင်ငံအချို့ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် သုံးရာခိုင်နှုန်း (တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ထရီလီယံခန့်) တက်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံများကို ဖယ် ထုတ်လိုက်ပါက ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ ခုနှစ်အတွင်း ၁၈ ရာခိုင်နှုန်းခန့် ကျ ဆင်းသည်ဟုဆိုနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကဏ္ဍတွင်လည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက  များစွာလျော့ကျလျက်ရှိသည်။  ယခင်က ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင် နိုင်ရန် Investment Forum များ ကျင်းပကာ ဖိတ်ခေါ်လေ့ရှိသည်။ ၂၀၂၃ ခုနှစ် ဒီဇင် ဘာလအတွင်းကလည်း မန္တလေးတိုင်းဒေသ ကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပခဲ့ သည်။

မန္တလေးတိုင်းဒေသကြီးသည် စီးပွား ရေး အချက်အချာကျသောနေရာဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်း  များ စွာ ရှိသော တိုင်းဒေသကြီးဖြစ်ကြောင်း၊ မြန် မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနက် မန္တလေးတိုင်းဒေသကြီးသည် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၅) နေရာနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၂) နေရာတို့၌ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပ သည့် သောကြာနေ့ စကားဝိုင်း Friday talk ၏ အမှတ်စဉ် (၄၅) ဆွေးနွေးပွဲတွင် ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံ  များ များစွာတည်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သောအ ခွင့်အလမ်းများ များစွာရှိကြောင်း၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရဦးဆောင်သော စီးပွားရေးပုံစံ၊အစိုးရ -ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော စီးပွား ရေးပုံစံ (PPP) နှင့် ပုဂ္ဂလိကဦးဆောင်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံတို့ဖြင့် ဆောင်ရွက်ရကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားသည်။

Mandalay International Trade Fair & Investment Forum 2023  ကို  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက် အ ထိ ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအ တွင်း စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးသည် အဓိက ကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားနိုင်ပြီး စက်မှုလုပ်ငန်းများ ထွန်းကားသည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကြောင်းတရား များနှင့် ပြည့်စုံနေသည့် တိုင်းဒေသကြီးဖြစ် သည်နှင့်အညီ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော် က အားပေးလျက်ရှိကြောင်း၊ အသေးစား၊ အ ငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပါဝင်နိုင် ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အလားအလာကောင်းများရှိကြောင်း၊ လုပ် ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူ ပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုကောင်းများ ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် ကမ္ဘာတစ် ဝန်းမှာ FDI တွေ ကျဆင်းနေပါတယ်။ စီး ပွားရေးအရ အင်အားကြီးနိုင်ငံတွေတောင် ကိုဗစ်ကြောင့် ရုန်းကန်ခဲ့ရတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံရဲ့ တည်ငြိမ်မှု၊ စျေးကွက်အလားအလာ ဒါတွေကိုကြည့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက် ရှိအနေအထားက အနောက်လည်း မျှော်မရ၊ အရှေ့ကလည်း သိပ်မသေချာတဲ့ အခြေအနေ ဖြစ်နေတယ်။ အခုအချိန် မြန်မာနိုင်ငံနဲ့ ဆွေး နွေးတာ အဓိကရုရှားပဲ။ ရုရှားနဲ့ ဆွေးနွေးမှုတွေ ခပ်စိပ်စိပ်တွေ့လာရတယ်။ ကိုယ့်ဘက်က လည်း သွားတယ်။ သူတို့လည်း လာတယ်ပေါ့ ဗျာ။ နယ်မြေမအေးချမ်းတဲ့ ဒေသတွေမှာ သိပ်မဝင်ပေမဲ့ ရန်ကုန်တို့ ဘာတို့မှာတော့ DICA ဒေတာအရ တချို့နိုင်ငံတွေ နည်း နည်းဝင်လာတာတွေ့ရပါတယ်”  ဟု ရန်ကုန် မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။              

  ■