နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ယခင်က မဲဆောက်အပါအဝင် သုံးမြို့နယ် သွားလာခွင့်ရှိသော်လည်း ယခုအခါ တစ်မြို့တည်းသာ ခွင့်ပြု

နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ယခင်က မဲဆောက်အပါအဝင် သုံးမြို့နယ် သွားလာခွင့်ရှိသော်လည်း ယခုအခါ တစ်မြို့တည်းသာ ခွင့်ပြု
Published 25 February 2024
ကိုရွှေသိန်း (မြဝတီ)

နယ်စပ်မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass) ဖြင့် ယခင်က မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမက် သုံးမြို့နယ်အတွင်း ခြောက်ညအိပ် ခုနစ်ရက် သွားရောက် နေထိုင်လည်ပတ်ခွင့် ရှိသော်လည်း ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ မဲဆောက်တစ်မြို့တည်း၌သာ သွားလာခွင့်ရှိကြောင်း သိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ဖေဖော် ၀ါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ မဲဆောက် တစ်မြို့တည်း၌သာ သွားလာလည်ပတ်ခွင့်ရ သည့်အပြင်  အိမ်ရှင်၊ တည်းခိုခန်း/ဟိုတယ်၊ မိုတယ်ပိုင်ရှင်များအနေဖြင့် လာရောက် တည်းခိုလည်ပတ်သည့်ဧည့်သည်များကို ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားရမည်ဟု ပါရှိကြောင်း သိရသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က “မြန်မာနိုင်ငံက လူငယ်မောင်မယ်တွေက ခြောက်ညအိပ် ခုနစ်ရက်လက်မှတ်နဲ့ မဲဆောက် မြို့ကိုလာမယ်။ ပြီးရင် မပြန်ကြတော့ဘူး။မဲဆောက်အပါအဝင် တာ့ခ်ပြည်နယ် ကိုးမြို့ နယ်မှာရှိတဲ့ အိမ်ရှင်တွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ၂၄နာရီအတွင်း ဧည့်စာ ရင်းတိုင်ရမယ်ဆိုပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ က ပြဋ္ဌာန်းလိုက်ပြီ။ အရင်ကဆိုရင် မဲဆောက် အပါအဝင် ဖုတ်ဖရ၊ မယ်ရမက် သုံးမြို့နယ် သွားလာလို့ရတယ်။ အခုတော့ မဲဆောက်တစ် မြို့နယ်ပဲ သွားလာလို့ရတော့တယ်။ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းလိုက်ပြီးမှာ မြန်မာနိုင်ငံက ူ ငယ်လူရွယ် အရွယ်ကောင်း လူသားအရင်းအ မြစ်တွေက ထိုင်းဘက်ကို အလွယ်တကူစီးဆင်းကြတာပဲ။ အခြားဘက်မှာလည်း လူတွေမဟားတရားများလာရင် ထိန်းချုပ်ရခက်လာမှာ စိုးတဲ့အတွက် မနေ့ကပဲ ထိုင်းကာကွယ်ရေးဝန်ကြီးကိုယ်တိုင် မဲဆောက်ကို ကွင်းဆင်းပြီး လိုအပ်တာေတွေ မှာကြားခဲ့ပါတယ်။ တစ်မြို့ တည်းပဲ လည်ပတ်လို့ရရင်တောင် မြဝတီ-မဲ ဆောက်ပြေးဆွဲနေတဲ့ကားတွေ ပုံမှန်အတိုင်း လည်ပတ်တာ၊ စျေးဝယ်တာ၊ဆေးကုတာတို့ ကသွားနေကျဆိုရင် ဘာပြဿနာမှမရှိပေမဲ့ မျက်နှာစိမ်းဆိုရင် မြန်မာဘက်မှာ အာမခံတစ် ယောက်၊ ထိုင်းဘက်မှာ အာမခံတစ်ယောက် နှစ်ဖက်လဝကတွေက စီစဉ်ထားတယ်” ဟု ဆိုသည်။

နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် မဲ ဆောက်ဘက်သို့ ခြောက်ညအိပ် ခုနစ်ရက် သွားရောက်ပြီး အလုပ်လုပ်ကိုင်သူများရှိသော် လည်း ယခုအခါ ထိုင်းနိုင်ငံဘက်မှတင်းကျပ် သည့်ထုတ်ပြန်ချက်ချက်များကြောင့် အခက် အရှိလာပြီး မဲဆောက်အပြင်ဘက်ရှိ ပါဝိုင် ကဲ့သို့သော လည်ပတ်စရာနေရာများကိုလည်း သွားရောက်လည်ပတ်ရန် ခက်ခဲသွားသည်ဟု သိရသည်။

 

Most Read

Most Recent