■ လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 February 2024

ဘာစီလိုနာ - ဂီတာဖေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၄၅ နာရီ)

ဘာစီလိုနာရဲ့ ဒီရာသီကစားပုံကအိမ်ကွင်းဆို ဖိအားတွေပိုများနေသလိုပါပဲ။ ကစားပုံမဆိုးလှပေမယ့် ခံစစ်ပိုင်းက ပျော့လွန်းနေသလိုတွေ့ရတယ်။ တိုက်စစ်ကလည်း ဇာဗီပြောသလို ပြိုင်ဘက်ကွင်း (၃)ပုံ၊ (၂)ပုံလောက်အထိကစားပုံကောင်းပေမဲ့ နောက်ဆုံးအဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေနဲ့ အားနည်းနေသလိုဖြစ်နေတုန်းပါပဲ။ ဂီတာဖေးကလည်း ဘာစီလိုနာနဲ့တွေ့တိုင်း ခံစစ်ပိတ်ကစားပြီး မာမာတင်းတင်းတုံ့ပြန်တတ်တဲ့ပုံစံကို ဒီပွဲမှာဆက်သုံးလာဖို့များနေတယ်။ ဂီတာဖေးရဲ့ခံစစ်ဘယ်လောက်ထိ ပိတ်ကစားနေတတ်သလဲဆိုရင် နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲမှာ ဘာစီလိုနာတို့ (၁)ဂိုးသာ သွင်းနိုင်ခဲ့တဲ့အထိပါပဲ။ ဒါကြောင့် အခုလည်း ဘာစီလိုနာတိုက်စစ် ဂိုးရ၊ မရကပွဲရဲ့အဖြေဖြစ်လာဖို့များလိမ့်မယ်။ အိမ်ကွင်းမှာတော့ ဘာစီလိုနာပဲ ရွေးထားကြည့်ချင်တယ်။ ဂိုးတော့ နည်းမယ်။



အလာဗတ်စ် - မာယော့ကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂:၀၀ နာရီ)

မာယော့ကာကလည်း စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရောက်ရေးကို အာရုံပိုများနေနို်င်ပေမဲ့ ခုနောက်ပိုင်းခြေစွမ်းကပိုတည်ငြိမ်လာတယ်။ ခံစစ်လည်းပိုကောင်းလာတယ်။ အလာဗတ်စ် အိမ်ကွင်းဆိုပေမဲ့ ဂိုးနည်းသရေပဲ မှန်းထားချင်တယ်။

 

အယ်မယ်ရီယာ - အက်သလက်တီကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၂:၃၀ နာရီ)

အယ်မယ်ရီယာကလည်း ဒီရာသီမှာနိုင်ပွဲရဖို့ ကံမစပ်သေးပုံပါပဲ။ ခုချိန်ထိကို နိုင်ပွဲနဲ့ဝေးနေတုန်းပဲ။ အက်သလက်တီကိုကိုလည်း ပထမအကျော့မှာ အပြန်အလှန်ကစားနိုင်ခဲ့ပေမဲ့ (၁-၂)ဂိုးနဲ့ အရှုံးပေးထားရတယ်။ အခုလက်ရှိအနေအထားတွေအရလည်း အက်သလက်တီကိုကို  အနိုင်ရဖို့မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ အိမ်ကွင်းမှာ အက်သလက်တီကိုနဲ့တွေ့တိုင်း အကောင်းဆုံးတုံ့ပြန်တတ်တဲ့ အစဉ်အလာရှိနေလို့ ဂိုးနည်းသရေပွဲလောက်ပဲ မှန်းထားကြည့်လိုက်တယ်။

Most Read

Most Recent