■ ပရီးမီးယားလိဂ်မှထပ်မံထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ဒေးဗစ်မွိုက်စ် ရေပန်းစား     

■ ပရီးမီးယားလိဂ်မှထပ်မံထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ဒေးဗစ်မွိုက်စ် ရေပန်းစား     
Photo: Getty Images
Photo: Getty Images
Published 23 February 2024

ဝက်စ်ဟမ်းအသင်း၏နည်းပြ ဒေးဗစ်မွိုက်စ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထပ်မံထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ရေပန်းစားနေကြောင်း သိရသည်။ 

ဒေးဗစ်မွိုက်စ်သည် ပြီးခဲ့သည့်ရာသီတွင် ဝက်စ်ဟမ်းအသင်းကို ကွန်းဖရန့်လိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း လက်ရှိအချိန်၌ ရှုံးပွဲဆက်နေသည့်အတွက် ရာထူးမှထုတ်ပယ်ရန် ပရိသတ်များ၏တောင်းဆိုမှုနှင့်ပင် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရမည့်နည်းပြအဖြစ် (၃း၁)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဘန်လေနည်းပြ ကွန်ပနီက (၁ဝး၃)လေးဖြင့် ဒုတိယနေရာတွင်ရှိနေကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၃၆) မှတ်သာ ရရှိထားပြီး အဆင့် (၉) နေရာ၌ ရပ်တည်နေသည်။ 

ဝက်စ်ဟမ်းအသင်းအနေဖြင့် အဆင့် (၄) နေရာမှ အက်စတွန်ဗီလာအသင်း (၄၉ မှတ်)နှင့် (၁၃) မှတ်အထိ ကွာဟနေသည်။ 

Most Read

Most Recent