■ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုနှင့် တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များ ဖွဲ့စည်းခြင်း
နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၆ အရ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုကို ဖွဲ့စည်းလိုက် ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဖေ ဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ)၊ အတွင်းရေးမှူးအဖြစ် စစ်ရေးချုပ်ရုံးစစ် ရေးချုပ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပြည် သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူး ရုံး ညွှန်ကြားရေးမှူးတို့အား တာဝန်ပေးအပ် ထားသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဥပဒေရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ စစ်ထောက်ချုပ်ရုံး စစ် ထောက်ချုပ်၊ တပ်မတော်လေ့ကျင့်ရေးအရာ ရှိချုပ်ရုံး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူးတို့ ပါဝင်သည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ နေပြည်တော်ကောင်စီ၊ တိုင်းနှင့်ပြည် နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များကို ဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့စစ် မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။
နေပြည်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် နေ ပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် နေပြည်တော်ကောင် စီဝင် အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်များအဖြစ် ဥပဒေ ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဦးစီးဗိုလ်မှူး ကြီး (စစ်ရေး)၊ နေပြည်တော်ရဲတပ်ဖွဲ့ ရဲတပ် ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန နေပြည်တော်ကောင်စီ ဦးစီး မှူးနှင့် အတွင်းရေးမှူးအဖြစ် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တွင် ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး၊ အဖွဲ့ဝင်များအဖြစ် တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန် ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် ဦးစီးဗိုလ်မှူးကြီး (စစ်ရေး)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူးနှင့် အတွင်းရေးမှူးအဖြစ် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးမှူးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။
လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးကို ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အ လိုက်ဖွဲ့စည်းထားပြီး ခရိုင်အဆင့်၊ မြို့နယ် အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ များ အမြန်ဆုံး ဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ကြီး တင်အောင်စန်းက ပြောကြားထားသည်။
သို့ဖြစ်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရာ၌ အောက်ခြေရပ်ကျေးအဆင့်က ရွေးချယ် ပေးပို့့သည့် လူဦးရေစာရင်းသည် အဓိကကျ လာမည်ဖြစ်ပြီး ထိုသို့အခြေအနေတွင် အောက်ခြေ$ စစ်မှုထမ်းခြင်းအား ခေါ်ယူရာ တွင် အဂတိများမကြီးထွားစေရန် ဗဟိုအဖွဲ့ အနေဖြင့် သေသေချာချာ စိစစ်ကြပ်မတ် သည့် လုပ်ငန်းစဉ်များရေးဆွဲထားရန်လည်း ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။
ဥပမာအားဖြင့် ရုရှားနှင့် စစ်ပွဲဖြစ် ပွားနေသည့် ယူကရိန်း၌ တပ်သားသစ်များ စုဆောင်းခဲ့ချိန်တွင် စစ်မှုမထမ်းချင်သူများ သည် တပ်သားသစ်စုဆောင်းသည့် တာဝန်ခံ အရာရှိများကို လာဘ်ထိုးပြီး စစ်မှုထမ်းခြင်းမှ ရှောင်လွှဲခဲ့ကြသည်။
ယူကရိန်း အစိုးရကလည်း ထိုကဲ့သို့ အ ဂတိလိုက်စားမှုများရှိကြောင်း အတည်ပြုခဲ့ပြီး လာဘ်ယူကာ စစ်မှုမထမ်းချင်သူများကို အ ခြားနိုင်ငံများသို့ မှောင်ခိုထုတ်ပေးခဲ့သည့် တာဝန်ရှိသူများကို ရာထူးမှထုတ်ပယ်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက လည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် အသက် ၂၅ နှစ်မှ ၆၀ ကြား အမျိုးသားများကို စစ်မှုထမ်းဆောင်စေရန် အကြောင်းကြားသွား မည်ဟုဆိုသည်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်စတမ် အူမာရော့ဗ်ကမူ ထိုကဲ့သို့ စစ်မှုထမ်းရန် အ ကြောင်းကြားမှုသည် ‘ဖိတ်ကြားချက်’ တစ်ခု သာ ဖြစ်သည်ဟု သုံးနှုန်းဖော်ပြခဲ့သော်လည်း လိုက်နာခြင်းမရှိပါက အရေးယူခံရနိုင်သည် ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရုရှားတွင်မူ စစ်မှုထမ်းကာလကို ၁၂ လ သတ်မှတ်ထားပြီး ထိုကာလအတွင်း နှစ်လ ထက် မပိုသည့် စစ်သင်တန်းတစ်ခုချင်းစီကို တက်ရောက်ရမည်ဖြစ်သည်။ ရုရှားတွင် လည်း စစ်မှုထမ်းဥပဒေကို ကြေညာခဲ့ပြီးက တည်းက နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင် ခဲ့သူ ပေါင်း ၇၀၀၀၀၀ ထက်မနည်း ရှိနိုင် ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။
■ သင်တန်းကို ဘယ်လိုဖွင့်လှစ်မှာလဲ
ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ် သော ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီး မှသာ သင်တန်းအမှတ်စဉ် (၁) ကို အင်အား ၅၀၀၀ ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။
သင်တန်းသားများအနေဖြင့် သင်တန်း ကာလပြီးဆုံးပါက မိမိတို့ဆန္ဒရှိသော အရပ် ဒေသများတွင်သာ သတ်မှတ်ထားသော ကာလအထိ တာဝန်ထမ်းဆောင်သွားရမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ်ကာလနှင့် သင် တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်သည့် ကာ လများတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံ စားခွင့်အားလုံးကို လက်ရှိတာဝန်ထမ်းဆောင် နေသော စစ်မှုထမ်းများအတိုင်း အပြည့်အဝ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသား အားလုံးနှင့်သက်ဆိုင်သော ဥပဒေဖြစ်ခြင်း ကြောင့် ယင်းဥပဒေကို ရှောင်ရှားပြီး အခြား လက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်မည်ဆိုပါ က ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခြင်းခံရ မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံခြား၌ ကျောင်းတက်နေသူ များ၊ အလုပ် လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က) တွင် ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်သော်လည်း ၎င်းင်းတို့အနေ ဖြင့် ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်း ဆောင်ရွက်ပြီးချိန်တွင် ပုဒ်မ ၁၅ (ခ)နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးအတွက် သတ်မှတ် ကာလပြီးဆုံးသည်အထိ စစ်မှုထမ်းဆောင်ရ မည်ဖြစ်သည်။
လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ် (၁) တွင် စစ်မှုထမ်း ဆောင်ရန် အကျုံးဝင်သူ အမျိုးသားများကို သာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံးဝင် သော အမျိုးသမီးများအား သင်တန်းအမှတ် စဉ် (၅) မှသာ ခေါ်ယူရန် လျာထားသည်။
သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှု ထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ် ခေါ်ယူသွားမည်ဖြစ် သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်း လျာထားစီမံထားကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
■ ဘယ်လိုလူမျိုးတွေကို ဦးစားပေးခေါ်သင့်ပြီး ဘယ်လိုလူမျိုးတွေကို ယာယီရပ်ဆိုင်းသင့်သလဲ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုနှင့် တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များ ဖွဲ့စည်း ပြီးနောက် ဧပြီလမှစတင်ခေါ်ယူမည့် သင် တန်းများအတွက် ပထမခြောက်လတွင် တပ် မတော်ကို ထောက်ခံပြီး တပ်မတော်သို့ ဝင် ချင်သူများ၊ အချုပ်အခြာအာဏာအတွက် တိုက်ပွဲဝင်ချင်သူများ၊ ပြည်သူ့စစ်များ၊ အလုပ် အကိုင်မရှိသူများ၊ ကျောင်းမနေသူများကို ဦးစားပေး ခေါ်သင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။
“အဲဒါကတော့ ဦးစားပေးခေါ်လိုက်တယ် ဆိုကတည်းကိုက အဲဒီကတည်းက ဥပဒေရဲ့ သဘောက ပျက်သွားပြီ။ အဲဒီတော့ ဥပဒေရှိ တယ်။ လုပ်ထုံးလုပ်နည်းရှိတယ်။ Regulation ပေါ့။ ပင်မ Law ရှိတယ်။ ဒီဥပဒေမျိုးက ပင်မ Law မှာကလည်းက တစ်ခါတည်း ပြတ်ပြတ်သားသား ပြဋ္ဌာန်းဖို့ ကောင်းတယ်။ Regulation ထဲမှာဆိုတာက ဥပဒေပြုတဲ့သူရဲ့ သဘောမဟုတ်တော့ဘူး။ ဒါကို အကောင်အထည်ဖော်တဲ့ ဌာနဆိုင်ရာရဲ့ သဘောဖြစ်တယ်။ အမြဲတမ်း ရှုံ့ချည်၊ နှပ်ချည်လည်း ဖြစ် တယ်။ အဲဒီတော့ဥပဒေလည်း မဆန်ဘူးပေါ့။ အဲဒီတော့ ဥပဒေလည်း မဆန်ဘူးဆိုတဲ့အခါ ကျတော့ အဲဒီအပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ပထမဆုံးအနေနဲ့ကတော့ ဘာ ဖြစ်သင့်သလဲဆိုရင် ဒါနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြုတဲ့သူပေါ့နော်။ ပထမဆုံး Volunteer သမားတွေကိုပဲ ပထမဆုံးခေါ်သင့်တယ်။ အဲဒီလိုလူမျိုးတွေက အများကြီး ရှိနိုင်ပါတယ်။ အဲဒီတော့ တစ်ချက်ကတော့ ဥပဒေအရ ထွက်တာပဲ။ လုပ်ရမယ်ဆိုတဲ့ အပိုင်းကြီးပေါ့ နော်။ အဲဒီဟာကြီး Conceptual Mind တွေရော၊ နဲ့ ကျတော့ အဆင်မပြေဘူး။ အဲဒါ အဓိကတစ်ခု က အဲဒီဟာ တော်တော်လေးကို ဆိုးရွားတဲ့ တစ်ခုပေါ့။ ဖြစ်သင့်တာက ဒီလူတွေကို ကျွန် တော်တို့ လစာနှုန်းထား ဘယ်လောက်ပေး မယ်ဆိုတဲ့၊ ဘယ်လိုအချက်တွေ ခံစားရမယ် ဆိုတဲ့ အချက်အလက်နဲ့ အရင်ဆုံး ကျွန်တော် တို့ ဆွဲဆောင်မှုလုပ်တာက၊ အခွင့်အရေးတစ် ခုပြပြီး လုပ်လိုက်တာက ပိုကောင်းတယ်။ အဲ ဒီအခါကျလို့ရှိရင် တပ်နဲ့နီးစပ်တဲ့ အသိုင်း အဝိုင်းက ပထမဆုံး ဝင်လာလိမ့်မယ်။ အဲဒီ အခါမှာ ကျွန်တော်တို့ ကြိုတင်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေပေါ့နော်။ Advantage တွေရော၊ သူ့အတွက် ကာကွယ်ပေး မယ့်အချက် တွေရော ဥပမာဗျာ သူ့ကို Fightting Role မှာ မသုံးပါဘူး။ လုံခြုံရေး Role မှာပဲ သုံးပါ မယ်ဆိုတဲ့ ဥစ္စာမျိုးက ဒီလိုမျိုး ပြောရလိမ့် မယ်။ နောက်ပြီးတော့ အခွင့်အရေး ဘယ် လိုပေးပါမယ်ဆိုတာမျိုးလည်း ပြောရလိမ့် မယ်။ အဲဒီလိုပြောမှသာလျှင် နည်းနည်းလေး အဆင်ပြေမယ်။ နို့မို့ဆိုရင်တော့ Corruption က အကြီးအကျယ်ဖြစ်သွားမှာပေါ့နော်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ပြောကြားသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့် ကို ပြဋ္ဌာန်းထားသော်လည်း ပညာရှင်များ၊ လုပ်ငန်းတစ်ခုကို ဦးဆောင်၍ အခွန်ပုံမှန်ထမ်း ဆောင်နေသူများ၊ နိုင်ငံခြားတွင် အလုပ်လုပ် နေသူများ၊ နိုင်ငံတကာတွင် ကုန်ကျစရိတ်များ စွာဖြင့် ပညာသင်ကြားနေသူများကို စစ်မှု ထမ်းဆောင်ခြင်းမှ နှစ်နှစ်မှ ငါးနှစ်အထိ ယာယီကင်းလွတ်ခွင့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
“တချို့လူတွေတော်တော်များက ကုမ္ပဏီ တွေမှာ လုပ်နေတာတွေ အများကြီးရှိတယ်။ ဒီကုမ္ပဏီတွေလုပ်တယ် ဆိုတာလည်း နိုင်ငံ့စီး ပွားရေး တစ်ဖက်တစ်လမ်းကနေ အထောက်အ ကူပြုလုပ်တာပဲ။ သူတို့အနေနဲ့နိုင်ငံကိုအ ထောက်အကူပြုနေတာ။ အဲဒီလိုစီးပွားရေး လုပ်နေတဲ့လူငယ်တွေကျတော့ ဒါတွေဟာ မခေါ်သင့်ဘူးပေ့ါလေ။ မရှိဘူးဆိုရင်တော့ သုံးရတော့မှာပေ့ါ။ ဆန္ဒပြုတဲ့သူမရှိဘူး သင့် တော်တဲ့သူမရှိဘူးဆိုရင်တော့ နောက်ဆုံးပိတ် မှ ထုတ်သုံးသင့်တဲ့ဟာတွေပေ့ါ။ ပြောစရာ တော့ မလိုဘူးထင်ပါတယ်။ ရွေးချယ်ရေးအဖွဲ့ က ဒါတွေကြိုသိမယ် ထင်ပါတယ်။ ရွေးချယ်ရေး အဖွဲ့က ဘယ်သူ့ကို ဦးစားပေးသင့်တယ်ဆိုတာ ကို သိပ်ပြီးတော့ ပူစရာမလိုဘူး စိစစ်ပြီးတော့ လုပ်မယ်လို့ပဲ ယူဆပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ၊ ပညာရှင်ဆိုလျှင် ၄၅နှစ်အထိ အကျုံးဝင်သည်ဆိုသော်လည်း အ လွှာအသီးသီးကို စစ်မှုမထမ်းမနေရ စစ်မှု ထမ်းရမည်ဟူ၍ တစ်ပြေးညီ မသတ်မှတ် သင့်ဟု ဝေဖန်မှုများလည်း ရှိသည်။
“သူ့ Criteria နဲ့ သူရှိတယ်။ တချို့က မသွားချင်ဘူး။ တိုင်းပြည်အတွက် စီးပွားရေးအတွက် ပညာတွေအတွက် လိုအပ်တယ်။ ဘယ်သူနဲ့ သင့်တော်လဲဆိုတာကို ဗဟိုအဖွဲ့အနေနဲ့ နည်းဥပဒေလည်း မရှိတဲ့အချိန်မှာ ခေတ်နဲ့လျော်ညီဖို့အတွက် အခြေအနေနဲ့ အချိန်အခါကို ချိန်ပြီးတော့ စဉ်းစားသုံးသပ် ပေးသင့်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ၂၁ (က) နိုင်ငံတော်၏ ဒေသအချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် နိုင် ငံတော် အစိုးရသည်၊ စစ်မှုထမ်းရန် အရွယ် ရောက်သူ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်း တာဝန် ထမ်းဆောင်ပြီးသူ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျော် သည့်ဒေသ၌ စစ်စည်းရုံးခြင်းအမိန့် ထုတ် ဆင့်နိုင်သည်။
အထက်ပါပြဋ္ဌာန်းချက်သည် ရုရှားနိုင်ငံ ၏ စစ်မှုထမ်းရန်ခေါ်ယူသည့် ပုံစံနှင့်တူပြီး လက်ရှိတိုင်းပြည်အခြေအနေသည် Proxy War ဖြစ်ပေါ်နေသည်မှာ မှန်သော်လည်း ပြည်ပကျူးကျော်စစ် မဟုတ်သေးသဖြင့် လိုအပ်သည့်နေရာတွင် လိုအပ်သလိုမျိုး အကန့်အသတ်ဖြင့် စည်းရုံးသင့်ကြောင်း ပြော ဆိုမှုများလည်း ရှိသည်။
“အဲဒီလို စည်းရုံးတဲ့အခါမှာ တချို့ဆို ကိုယ်တိုင်ဝင်ချင်တဲ့သူတွေ ရှိတယ်။ မြန်မာ နိုင်ငံမှာ ရွာပေါင်း ခြောက်သောင်းကျော်ရှိ တယ်။ တစ်နှစ်ကို တစ်ရွာကို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ကောက်ရင်တောင် တစ်နှစ်ကို အင်အား တစ်သိန်းကျော်ထွက် တယ်။ တစ်လ လူဦးရေ ငါးထောင်နဲ့ တစ်နှစ် ခြောက်သောင်း လျာထားတယ်လို့ သိရတယ်။ ခြောက်သောင်းမဟုတ်ဘူး တစ်သိန်းဆိုလည်း ခေါ်သင့်တယ်။ ဒါပေမဲ့ Criteria တွေကို ကြည့်မှ ရမယ်။ နို့မို့ဆိုရင် လူတွေက အုတ်အော် သောင်းနင်း ဖြစ်ကုန်မယ်”ဟု နိုင်ငံရေးလေ့ လာသူတစ်ဦးက ဆိုသည်။
“လုပ်ငန်းရှင်တွေကိုလည်း အကူအညီ တောင်းလို့ ရတယ်။ ဥပမာ လူအယောက် ၁၀၀ နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတစ်ခုခုမှာ စစ်မှုထမ်းချင်တဲ့သူ တစ်ယောက်ရှိရင် တစ် ယောက် တာဝန်ယူမယ်။ အဲဒီလိုမျိုး ကုမ္ပဏီ လုပ်ငန်းရှင်တွေဆီက အကူအညီတောင်းပြီး စစ်စည်းရုံးခြင်းမှာ စစ်သားစုဆောင်းတွေကို လုပ်လို့ရတယ်။ ရွာတွေမှာလည်း ဒီလိုလုပ်လို့ ရတယ်။ တစ်ရွာကို တစ်ယောက် နှစ်ယောက်နှုန်းနဲ့ ဒါဆိုလို့ရှိရင် သင့်တင်လျောက်ပတ်တဲ့ အင်အားရမယ်။ တကယ်တိုင်းပြည်တာဝန်ထမ်းဆောင်ချင်တဲ့သူကိုလည်း ရမယ်။ ပြီးရင် သူတို့ကို ကုမ္ပဏီကဆိုလည်း ကုမ္ပဏီက ပံ့ပိုး၊ ရွာတွေကဆိုလည်း ရွာတွေက ပံ့ပိုးပြီး နိုင်ငံ ကလည်း သူ့ကိုလစာနဲ့ စားနပ်ရိက္ခာ အပြည့် အဝ ပံ့ပိုးပေး။ ဒါဆိုရင် နှစ်ဦးနှစ်ဖက် အဆင် ပြေတယ်။ ဒါဆိုလို့ရှိရင် အင်အားခြောက် သောင်း မဟုတ်ဘူး။ တစ်သိန်းဆိုလည်း ရ တယ်။ သူတို့လည်း စားဝတ်နေရေး အဆင် ပြေသွားမယ်”ဟု ၎င်းင်းက ဆက်ပြောသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဖေဖော်ဝါရီ ၁၀ ရက် ပြည်သူ့စစ်မှုထမ်းဥပဒေကို နစက အနေဖြင့် အာဏာတည်ကြောင်း ကြေညာခဲ့ ပြီး ထိုဥပဒေသည် မြန်မာနိုင်ငံတွင် ပထမဆုံး အသက်ဝင်လာသည် ့စစ်မှုထမ်းဥပဒေလည်း ဖြစ်သည်။
ထိုဥပဒေပိုပြဋ္ဌာန်းပြီးနောက် ပြည်သူ များအကြားတွင် စိုးရိမ်ပူပန်မှုများ၊ ကြောက် လန့်မှုများ၊ ကြီးထွားလာသည့်အတွက် တပ် မတော်အနေဖြင့် စစ်သားစုဆောင်းရာတွင် မှန်ကန်သည့် စစ်သားစုဆောင်းမှုဖြစ်ရန်လို အပ်နေသည်။
ပြည်သူ့စစ်မှု ထမ်းနည်းဥပဒေ မထွက် သေးချိန်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့အနေဖြင့် အမျိုးသမီးများအား စစ်မှုထမ်းခြင်းမှ အပြီးတိုင် ကင်းလွတ်ခွင့်ပြု ခြင်း၊ ပညာရှင်များ၊ လုပ်ငန်းတစ်ခုကို ဦး ဆောင်၍ အခွန်ပုံမှန်ထမ်းဆောင်နေသူများ၊ နိုင်ငံခြားတွင် အလုပ်လုပ်နေသူများ၊ နိုင်ငံတ ကာတွင် ကုန်ကျစရိတ်များစွာဖြင့် ပညာသင် ကြားနေသူများကို စစ်မှုထမ်းဆောင်ခြင်းအား နှစ်နှစ်မှ ငါးနှစ်အထိ ယာယီကင်းလွတ်ခွင့်ပြု ခြင်းတို့ကို အဘက်ဘက်မှ သုံးသပ်၍ အလျင် အမြန် တရားဝင် ထုတ်ပြန်ပေးသင့်ပေသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေများကို ပြဋ္ဌာန်း ထားသည့် နိုင်ငံပေါင်း ၈၀ ကျော်ကို ကြည့် လျှင် အချို့နိုင်ငံများတွင် စစ်မှုထမ်းကာလကို အမျိုးမျိုး သတ်မှတ်ထားသည်ကိုတွေ့ရမည် ဖြစ်သည်။ ဥပမာအနေဖြင့် ယူကရိန်းနှင့် စစ်ဖြစ်နေသည့် ရုရှားနိုင်ငံကို ကြည့်မည်ဆို လျှင် စစ်မှုထမ်း ကာလ ၁၂ လသာ သတ်မှတ် ထားသည် ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံချင်း သတ်မှတ်ချက်အလိုက်တူညီမှုမရှိသည်ကို တွေ့ရပြီး မိမိတို့ အခြေအနေပေါ်မူတည်ကာ သုံးသပ်လုပ်ဆောင်ကြသည်ဆိုသည့် အချက် ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း စစ်မှု ထမ်းကာလကို အခြေအနေအရ အတိုးအလျှော့ပြုလုပ်သင့်ပြီး စစ်သင်တန်းကာလပြီးဆုံးလျှင် အရန်အင်အားအဖြစ် ထားရှိကာ လိုအပ်မှသာ ဆင့်ခေါ်သည့်ပုံစံမျိုးစသဖြင့် လုပ် ဆောင်သင့်ကြောင်း အကြံပြုပြောဆိုမှုများ လည်း ရှိကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ထွက်လာ ပြီးနောက် ပြည်သူများအကြားတွင် ကောလာဟလများကြောင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ တကာသို့ အုံ့နှင့်ကျင်းနှင့်ရွှေ့ပြောင်းရန် လုပ် ဆောင်လာကြခြင်းများကို တွေ့ရမည်ဖြစ် သည်။ ထိုသို့ဖြစ်ပေါ်လာရခြင်းမှာ အဘက် ဘက်မှ ၀ါဒဖြန့်ချိရေးယန္တရားများက ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်၊ တယ်လီဂရမ် အပါအဝင် လူမှုကွန်ရက်များ ပေါ်တွင် ဆိုက်ဝါးပြုလုပ်ခြင်းနှင့် ခြိမ်းခြောက် ရေးသားမှုများပြုလုပ်ခြင်းတို့ အရှိန်အဟုန်ဖြင့် လှုံ့ဆော်နေကြခြင်းကြောင့်လည်း ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ သည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ် ဆို့မှုများ၊ စီးပွားရေးကျဆင်းမှုများရှိနေချိန်တွင် စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံများ ကဲ့သို့ စီးပွားရေးကောင်းမွန်ပြီး ပညာတတ်ပေါ များကာ GDP မြင့်မားသည့် နိုင်ငံများနှင့်နှိုင်းယှဉ်၍ ပြည်သူ့စစ်မှုထမ်း ခေါ်ယူမှုကို လုပ် ဆောင်၍မရပေ။
ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံ ဖြစ်သည့်အပြင် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခြေတည်၍ ၂၀၁၀ ပြည့်နှစ်က ရေးဆွဲပြဋ္ဌာန်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ခေတ်မမီသဖြင့် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံအတွက် လိုအပ်သော အင်အားတစ်ရပ်ရရှိရန်အပြင် တိုင်းပြည်နှင့် အလွှာအသီးသီးမှ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုနှင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေ ရေးတို့အတွက် ခေတ်နှင့်လျော်ညီသော သင့်တော်သည့် အမိန့်၊ ညွှန်ကြားချက်များ အလျင် အမြန်ထုတ်ပြန်၍ ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများရှိနေသည်။
ခေတ်မမီတော့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူများကြားက ကောလာဟလများ အပိုင်း(၁) ဖတ်ရှုရန် - - - >>> https://news-eleven.com/article/288771