ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ (၈)

ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ (၈)
Photo : Getty Images
Photo : Getty Images
Published 22 February 2024
Chan Myae

"Ballon d'Or ဆိုတာက ကစားသမားတစ်ဦးကို ထိပ်တန်းကစားသမားဘဝကနေ ဂရိတ်ကစားသမားတစ်ဦးအဖြစ် ပို့ဆောင်ပေးတဲ့ ဆုဖြစ်ပါတယ်"လို့ ပထမဆုံး Ballon d'Or ကို ယူပြီးတဲ့နောက် ခရစ္စတီယာနိုရော်နယ်လ်ဒိုက ပြောခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ Ballon d'Or က အငြင်းပွားဖွယ်မရှိ ရယူနိုင်ခဲ့တဲ့ ဆုတံဆိပ် ဖြစ်ခဲ့တယ်။ ဘောလုံးသမိုင်းမှာ ရသင့်လို့ရသွားတဲ့ Ballon d'Or ဆုရှင်တွေအများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်က Ballon d'Or ကတော့ အမြင့်ဆုံးရနိုင်တဲ့ ရမှတ် ၄၈၀ မှာ ၄၄၆ မှတ် အထိ ရယူနိုင်ခဲ့တာဖြစ်ပြီး အပြတ်အသတ်လည်းဖြစ်ခဲ့တယ်။

 

Most Read

Most Recent