ပဋိပက္ခများ၏ ရိုက်ခတ်မှုကြောင့် စက်ရုံအမှာစာများ သိသိသာသာ လျော့ကျခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

ပဋိပက္ခများ၏ ရိုက်ခတ်မှုကြောင့် စက်ရုံအမှာစာများ သိသိသာသာ လျော့ကျခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပြန်လည် နိုးကြွ လာသည့်  အာဆီယံ ကုန်ထုတ်လုပ်ငန်းများ
၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပြန်လည် နိုးကြွ လာသည့်  အာဆီယံ ကုန်ထုတ်လုပ်ငန်းများ
Published 18 February 2024

နောက်ဆုံးရရှိသော အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာ များ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) အရ   နှစ်စပိုင်းတွင် အာဆီယံထုတ်လုပ် ရေးကဏ္ဍ တစ်ဝန်း လုပ်ငန်းဆောင် ရွက်မှုအခြေအနေများ၌ ပြန်လည် နိုးကြွ လာသော တိုးတက်မှုကို မြင်ခဲ့ ရကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွက် ထုတ်ပြန်သည့် S&P Global အာဆီ ယံထုတ်လုပ်မှု PMI အစီရင်ခံစာတွင် ဖော်ပြထားသည်။

S&P Global အာဆီယံထုတ်လုပ်မှု  PMI ကို S&P Global သည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ် သူ စုစုပေါ င်း ၂၁၀၀ ခန့် ပါဝင်သည့် အဖွဲ့များက ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးသည့် မေး ခွန်းလွှာများအတွက် ရရှိခဲ့သည့်ဖြေ ကြားချက်များကို အခြေခံတွက်ချက် ထားခြင်းဖြစ်သည်။

ကဏ္ဍစုံ အမှာစာအသစ်များ လျော့နည်းသည့်အလျောက် အလုပ်ကြွေးကျန်များကို ထပ်မံလျှော့ ချနိုင်မှုက ထုတ်လုပ်မှုကို ပိုမိုမြင့်မား စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရောင်းချမှုများ၌ နောက်ဆုံးကျဆင်း မှုသည် လက်ရှိ ငါးလဆက်တိုက် ကျဆင်းမှုတွင် အနည်းပါးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စျေးနှုန်းပိုင်းတွင် ငွေကြေး ဖောင်းပွမှု ဖိအားများ ပြင်းထန်ခဲ့ပြီး ဝယ်ယူသည့်စျေးနှုန်းများရော ထုတ် လုပ်မှု အဖိုးအခများပါ ၁၀ လအ တွင်း အားအကောင်းဆုံးနှုန်းများဖြင့် မြင့်တက်ခဲ့သည်။

ငါးလအတွင်း ပထမဆုံးအဖြစ် အလယ်မှတ်ဖြစ်သော ၅၀ ဒသမ ၀ စံနှုန်း၏ အထက်သို့ ရောက်ရှိကာ S&P Global  အာဆီယံ ထုတ်လုပ် မှုဝယ်ယူရေးမန်နေဂျာများ၏ အ ညွှန်းကိန်း (PMI)သည် ဒီဇင်ဘာ တွင် ၄၉ ဒသမ ၇ ရှိရာမှ ဇန်နဝါရီ တွင်  ၅၀ ဒသမ ၃ သို့ တက်လာခဲ့ သည်။ သို့ရာတွင် နောက်ဆုံးရမှတ် အရ အာဆီယံထုတ်လုပ်ရေးကဏ္ဍ ၏အခြေအနေမှာ အနည်းငယ်မျှ သာ တိုးတက်မှုရှိကြောင်း ပြသခဲ့ သည်။

နိုင်ငံအလိုက်အဆင့်တွင် အာ ဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံအနက် လေးနိုင်ငံတွင် တိုးတက် မှုရှိကြောင်း မှတ်တမ်းဝင်ခဲ့ပြီး မြင့်တက်မှုကို  အင်ဒိုနီးရှားနိုင်ငံက သိသိသာသာ ဦးဆောင် နေခဲ့သည်။ လတ်တလော တွင်အဆိုးရွားဆုံးအဖြစ် မှတ်တမ်း ဝင်သော ယိုယွင်းမှုအခြေအနေများ ကို မြန်မာနိုင်ငံ၌ တွေ့ခဲ့ရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“တိုးတက်မှုက အနည်းငယ်မျှ သာ ဖြစ်ပေမဲ့လည်း နှစ်သစ်စတင် မှုက အာဆီယံထုတ်လုပ်ရေးကဏ္ဍအခြေအနေတွေမှာ ပြန်လည် နိုးကြွ လာတဲ့ တိုးတက်မှုကို ဖြစ်စေခဲ့ပါ တယ်။ ဒါပေမဲ့လည်း ဇန်နဝါရီလမှာ ဖောက်သည်တွေရဲ့ ဝယ်လိုအား ဆက်လက်နည်းပါးနေခဲ့ပြီး အမှာ စာအသစ် ရရှိမှုတွေ ထပ်မံလျော့ နည်းသွားတာကြောင့် ထုတ်လုပ်မှု ပိုမိုတိုးတက်အားကောင်းလာခြင်း က မြင့်တက်မှုကို အဓိကဖြစ်စေခဲ့ တာဖြစ်ပါတယ်” ဟု အာဆီယံ  ကုန် ထုတ်လုပ်မှုPMIဒေတာကို သုံးသပ် လျက် S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch  က ပြောကြား သည်။

         

စက်ရုံအမှာစာများ သိသိသာသာ လျော့ကျခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

ကမ္ဘာ့ကပ်ရောဂါနောက်ပိုင်း တွင် ထုတ်လုပ်ရေးတိုးတက်မှုအ ပေါ် လုပ်ငန်းများက အကောင်းအ မြင်ဆုံးဖြစ်ကြောင်း၊ ထုတ်လုပ်ရေး နှင့် အမှာစာအသစ်များရရှိမှု ပိုမို အား ပျော့စွာ ကျဆင်းနေသော်လည်း ထောက်ပံ့ရေးကွင်းဆက်များ ဆိုး ရွားစွာ ရုန်းကန်နေရဆဲ ဖြစ်ကြောင်း S&P Global  မြန်မာထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း ကိန်း  PMI စစ်တမ်းတွင် ဖော်ပြ ထားသည်။

ဇန်နဝါရီလ ဒေတာတွင် အခြေအနေများ ပိုမိုးဆိုးရွားလာ ခြင်းကိုတွေ့ရပြီး ၂၀၂၃  နှစ်ကုန်ပိုင်း တွင် မြင်တွေ့ခဲ့ရသည့် မြန်မာနိုင်ငံ ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းမှု သည် နှစ်သစ်သို့ ပါလာကြောင်း၊ အမှာစာအသစ်များနှင့် ထုတ်လုပ် မှုပမာဏနှုန်းများသည် သတိပြုမိ ဖွယ်နှုန်းဖြင့် လျော့ကျခဲ့ကြောင်း၊  သို့ဖြစ်ရာ လုပ်ငန်းများသည် လုပ် သား အရေအတွက်နှင့် ကုန်ပစ္စည်း ဝယ်ယူမှုများကို လျှော့ချကာ လျော့ နည်းလာသော လိုအပ်ချက်များနှင့် အညီဖြစ်စေရန် ၎င်းင်းတို့၏လုပ် ဆောင်မှုကို ချိန်ညှိခဲ့ကြကြောင်း၊ အဆိုပါကာလအတွင်း နိုင်ငံ၏မြောက်ပိုင်းဒေသများမှ လက်နက် ကိုင်ပဋိပက္ခက ထောက်ပံ့ရေးကွင်း ဆက်များအတွက် နောက်ထပ်စိန် ခေါ်မှုတစ်ခုထပ်ဖြစ်လာခဲ့သည်ဟု လည်း ဖော်ပြထားသည်။

“နိုင်ငံရဲ့မြောက်ပိုင်းဒေသ တွေမှာ လက် နက်ကိုင်အကြမ်းဖက် မှုတွေ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် ကုန်ထုတ်လုပ်မှုက ဆက် လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဝယ်လို အားအခြေအနေတွေက ယို ယွင်းနေခဲ့ပြီး လုပ်ငန်းတွေက ထုတ် လုပ်မှု၊အလုပ်ခန့်ထားမှု နဲ့ ဝယ်ယူမှု တွေကို လျှော့ချဖြတ်တောက်ထား ပါတယ်” ဟု S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြော ကြားသည်။

မည်သို့ပင်ဖြစ်စေ နှစ်သစ်က ကုန်ပစ္စည်း ထုတ်လုပ်သူများ အကြားတွင် အကောင်းမြင်စိတ်ကို ရုတ်ခြည်းဖြစ်ပေါ်စေခဲ့ကြောင်း၊ လာမည့် ၁၂ လအတွင်း ကုန်ထုတ် လုပ်မှုပိုမို မြင့်မားလာရန် လုပ်ငန်း များက မျှော်လင့်နေကြပြီး လေးနှစ် နီးပါးကာလအတွင်း လုပ်ငန်းယုံ ကြည်ချက်သည် အမြင့်မားဆုံး ဖြစ်ခဲ့ ကြောင်းလည်း ဖော်ပြထားသည်။

ကုန်ထုတ်လုပ်မှု စွမ်းဆောင် ရည်အတွက် အညွှန်းကိန်းတစ်ခုဖြစ် သော S&P Global  မြန်မာထုတ် လုပ်ရေး PMI သည် ၁၂ လအ တွင်း အနိမ့်ဆုံးဖြစ်ခဲ့သော ၄၂ ဒသမ ၉ မှ ဇန်နဝါရီတွင် ၄၄ ဒသမ ၃ အထိ မြင့်တက်ခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဇန်န ၀ါရီတွင် စွမ်းဆောင်ရည်နိမ့်ကျခြင်း ၏အဓိကအချက်မှာ အမှာစာအ သစ်များ ဆက်လက်လျော့နည်းမှု ကြောင့်ဖြစ်ခဲ့သည်။ နဂိုရှိထားသော ဝယ်လိုအားနည်းပါးမှုများကို နိုင်ငံ ၏မြောက်ပိုင်းဒေသများ၌ ဆက် လက်ဖြစ်ပွားနေသော ပဋိပက္ခ၏ ရိုက်ခတ်မှုကြောင့် စက်ရုံအမှာစာ များတွင် သိသာထင်ရှားစွာလျော့ ကျမှုကို ဖြစ်စေခဲ့သည်။ ယင်းကြောင့် လုပ်ငန်းများသည် ၎င်းင်းတို့၏ထုတ် လုပ်မှုပမာဏများကို များစွာ လျှော့ ချခဲ့ကြသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း လက်နက် ကိုင်အကြမ်းဖက်မှု မြင့်တက်လာ ခြင်းက ကုန်သွယ်ရေးလမ်းကြောင်း များအပေါ် ဆိုးဆိုးရွားရွား သက် ရောက်မှုရှိခဲ့ပြီး ကုန်ပစ္စည်း ပြတ် လပ်မှုများကို ဖြစ်စေခဲ့သောကြောင့် ထောက်ပံ့ရေး ကွင်းဆက်များသည် ဆက်လက်ရုန်းကန်နေရဆဲဖြစ် သည်။ ရလဒ်အနေဖြင့် ဝယ်ယူမှုများ အတွက် တင်ပို့ချိန်များ စံချိန်တင် အကြာဆုံး အဖြစ် ဆက်လက်တိုးလာ ခဲ့သည်။

ကုန်ပစ္စည်းပြတ်လပ်မှုများ၊ စွမ်းအင်ပြတ်တောက်မှုများနှင့် အတူ လူ့စွမ်းအားအရင်းအမြစ်များ မရှိခြင်းကြောင့် အလုပ်ကြွေးများ သည် ဇန်နဝါရီတွင် လျင်မြန်သော နှုန်းဖြင့် ပြန်လည်မြင့်တက်လာခဲ့ သည်။

စျေးနှုန်းအနေဖြင့် ဝယ်ယူမှု စျေးနှုန်းနှင့် ထုတ်လုပ်မှု အဖိုးအခ များသည် မြင့်မားစွာ တက်လာခဲ့ပြီး ဇန်နဝါရီတွင် သမိုင်းကြောင်းအရ အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ ကြောင်း၊ ကုန်ပစ္စည်းစျေးနှုန်းများ ပိုကြီးလာကြောင်း လုပ်ငန်းများက မှတ်ချက်ပြုခဲ့ကြပြီး ကျပ်ငွေနှင့် ဒေါ် လာငွေလဲနှုန်း မကောင်းမွန်ခြင်းက ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးမြင့် တက်မှုကို ဖြစ်စေခဲ့သည်။ ယင်း ကြောင့် လုပ်ငန်းများက ၎င်းတို့၏အဖိုးအခများကို တိုးမြှင့်ခဲ့ကြသည်။

“ပြည်တွင်းက မသေချာမရေ ရာမှုတွေနဲ့ လုံခြုံရေးစိုးရိမ်ကြောင့် ကြမှုတွေအပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျပ်တည်းမှုတွေက မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍ ကို စိန်ခေါ်မှုရှိလာမှာလည်းဖြစ် ပါတယ်။  ဒါ့အပြင် ကုန်ကြမ်းပစ္စည်း တွေ စျေးနှုန်းပိုကြီးမှုနဲ့ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေတန်ဖိုး လျော့ ကျမှုတို့ကြောင့်ဖြစ်လာတဲ့ ငွေကြေး ဖောင်းပွမှုဖိအားတွေကလည်း ဆက် ရှိနေပါ လိမ့်မယ်” ဟု စီးပွားရေးပညာ ရှင် Maryam Baluch က ပြော ကြားခဲ့သည်။

နောက်ဆုံးအနေဖြင့် လက်ရှိ စိန်ခေါ်မှုများရှိနေသည့်တိုင် ကုန် ထုတ်လုပ်မှုအပေါ် ရှုမြင်သုံးသပ် ချက်မှာ မြန်မာနိုင်ငံတွင် အခြေပြု သောကုန်ပစ္စည်းထုတ်လုပ်သူများ အကြား ကောင်းမွန်လာခဲ့သည်။ မျှော်မှန်းချက်အဆင့်မှာ လေးနှစ်နီး ပါးကာလအတွင်း အားအကောင်းဆုံး ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

“စိန်ခေါ်မှုတွေရှိလောက်အောင် အလုပ်ကြွေး ရှိနေတဲ့ကြားကပဲ နိုင်ငံ တစ်ဝန်းမှာရှိတဲ့ ကုန်ထုတ်လုပ်သူ တွေက နှစ်စပိုင်းမှာ အကောင်းမြင် စိတ်ကို ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်ခဲ့ကြပါတယ်။ ယုံကြည်စိတ် ချမှုအဆင့်တွေက လေးနှစ်နီးပါးအ တွင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမျှော်မှန်းချက်တွေက တကယ် အကျိုးရှိလာမလာ းဆိုတာ ကိုတော့ ဆက်လက်စောင့်ကြည့်ရဦး မှာပါ” ဟု စီးပွားရေးပညာရှင် Maryam Baluch က  သုံးသပ်ပြော ကြားခဲ့သည်။ 

Most Read

Most Recent