အွန်လိုင်းပေါ်က Apps တွေကို သတိထား

အွန်လိုင်းပေါ်က Apps တွေကို သတိထား
Published 18 February 2024
ဇော်မင်းနိုင်

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများ၌ Apps တစ်ခုခုအား ဒေါင်းလော့ပြုလုပ်ပြီးနောက် အကောင့်များသို့ ငွေများဝင်လာကာ အတိုးဖြင့်ပြန်ဆပ်ခိုင်းသည့် ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလျက် ရှိ သည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမှုများအရ သိရသည်။

“ လွန်ခဲ့သော နှစ်ပတ်ခန့်က ဂိမ်းဆော့ရင်း ad တက်လာတဲ့ apps တစ်ခုကို ဒေါင်းမိပြီး လက်ကလိရင်း account ဖွင့်ရမယ်ဆိုလို့ phone number နဲ့ အကောင့်ဖွင့်တော့ code ကျပါတယ်။ permission accept တွေ allow တွေ ပေါ်လာလို့ သေချာမကြည့်ပဲ accept/allow လုပ်ခဲ့ပါတယ်။ ပုံမှန်လဲ apps အထူးအဆန်းတွေဆို လက်ကလိနေကြမို့ လက်ကလိပြီး ဒီတိုင်းထားပြီး မနက်ရောက်တဲ့အခါမှာ ကျွန်မရဲ့ wave account ထဲ ငွေ ၃၅၅၀၀ နှစ်ခါတိတိ ရောက်နေခဲ့ပါတယ်။ ဘာလဲဟပေါ့။ ဘယ်သူများ မှားလွှဲလဲပေါ့။မှားလွှဲရင်တော့ ဖုန်းဆက်မှာပဲပေါ့ဆိုပြီး ဘယ်ကိုပြန်လွှဲရမှန်းလဲ မသိတဲ့အတွက် ဒီအတိုင်းနေရင်း ၅ ရက် လောက်ကြာတဲ့အခါမှာ မနက် ၈ နာရီလောက်ကြီး မယုသက်ထားလား အွန်လိုင်းချေးငွေကပါဆိုပြီး ဖုန်းဆက်လာပါတယ်။ မချေးထားကြောင်းနှိပ်တော့ နှိပ်မိကြောင်းနဲ့ အဲ့တုန်းကတော့ပိုက်ဆံရောက် ကြောင်း အဲ့တာကြောင့် အဲ့တုန်းက ပိုက်ဆံကို ပြန်လွှဲပေးဖို့လုပ်ပေမယ့် သူတို့ဘက်က ၅၀၀၀၀ နှစ်ခါ ချေးထားတာကြောင့် ၁သိန်း ပြန်ပေးရမယ်လို့ပြောပါတယ်။ ကျွန်မ account ထဲရောက်လာတဲ့ငွေက ရဝဝဝဝသာ ရှိပေမယ့် ၁သိန်းပြန်ပေးရမယ်လို့ဆိုပါတယ်။ကိုယ်လက်ကလိတာ ကိုယ့်အမှားဆိုတော့ ၁ သိန်းကို ကောင်းကောင်းမွန်မွန်ပဲ ပြန်လွှဲပေး ခဲ့ပါတယ်။ သူတို့ဘက်ကိုလဲ အကောင့်ဖျက်ပေးဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့နေရင်း နောက်ရက်မှာ မနက်အစောကြီး အဲ့ company ကပဲ ဖုန်းဆက်လာပြီး ချေးငွေလေးစိတ်ဝင်စား လားဆိုပြီး မိတ်ဆက်တာ လုပ်ပါတယ်။ အိပ်နေတဲ့အချိန်မို့ စိတ်မဝင်စားကြောင်းပြော တော့ ဖုန်းချပါတယ်။ နိုးလာတဲ့အချိန်မှာ ကျွန်မ wave account ထဲ နောက်ထပ် ၉၆၈၀၀ ကျပ်တိတိရောက်နေပါတယ်။ဘာလဲ ဟပေါ့။ နောက်ထပ် ၅ ရက်လောက်နေတော့ ဖုန်းထပ်ဆက်ပြီး ၁၅ဝဝဝဝပေးခိုင်းပါတယ်။ မချေးကြောင်းပြောတော့ ဆဲဆိုပါတယ်။ပြန်ဆဲတဲ့အခါမှာ ကျွန်မရဲ့ ရည်းစားဖြစ်သူကို ဖုန်းဆက်ပြီး ယုသက်ထား က ငါတို့ဆီကငွေ ချေးထားတာ ဘာညာဆိုပြီး ပြောပါတယ်။နောက်ထပ်လဲ ကျွန်မနဲ့ရင်းနှီးသူတွေကို ဖုန်းဆက်ပြီး ဆဲဆိုပါတယ်။ ရည်းစားနဲ့လဲ ရန်ဖြစ်ရ သူငယ်ချင်းတွေနဲ့လဲ မျက်နှာပျက်ရ ပါတယ်။ အဲတာကြောင့် ပိုက်ဆံ ၁၅၀၀၀၀ လောက်နဲ့ အာရုံ အနှောက်မခံပဲ လွှဲပေးခဲ့ပါတယ်။ account ကိုလဲ ထပ်ဖျက်ခိုင်းခဲ့ပါတယ်။ စုံစမ်းကြည့်တဲ့အခါ ကျားဖြန့် အလုပ်နဲ့ ငွေ လိုက်လိမ်နေတဲ့သူတွေဖြစ်ပြီး permission accept လုပ်လိုက်တာနဲ့ ဖုန်းထဲက contact တွေကိုပါ Hack ယူသွားကြောင်း သိရပါတယ်။ အဲ့လိုကြောင့် ထပ်စိတ်ရှုပ်ရမှာဆိုးလို့ apps ကို uninstalled ခဲ့ပြီး နောက်ရက်မှာ ကျမဆီ ၁၆၈၀၀၀ ကျပ်ထပ်ရောက်လာပါတယ်။အလားတူပဲ နောက်ထပ် ၅ရက်မြောက်တဲ့နေ့ ဒီနေ့မှာ ၂၇၀၀၀၀ ကျပ်ပေးသွင်းရမယ်လို့ ပြောလာတဲ့အတွက် မပေးနိုင်ကြောင်း၊ ၁၆၈၀၀၀ ကျပ်သာရောက်လာတဲ့အတွက် အဲ့ဒီငွေကိုသာပြန်ပေးမည်ဖြစ်ကြောင်းပြော တဲ့အခါမှာ “နင့် ဖုန်း contact person တွေကို ဆဲမယ်။ နောက် ၁၅မိနစ်အတွင်းမှ မလွှဲရင် နင့်အိမ်ရှေ့ကိုစစ်ကားနဲ့ လာမယ်၊ တရားစွဲ မယ်၊ လူအငှားနဲ့လုပ်ကြံမယ်” ဆိုတဲ့အထိပါ ခြိမ်းခြောက်ပါတယ်။ အခုပဲ ကျွန်မလဲ သူတို့နဲ့ အပြိုင်ဆဲပြီး ဒီ post ကိုလာရေးတာပါ။ပထမ ကိစ္စမှာ ကျွန်မလက်ယားမိလို့ ဖြစ်တဲ့အတွက် ကျွန်မတာဝန်ယူခဲ့ပြီး နောက်ထပ်ကိစ္စတွေက သူ့ဘာသာရောက်လာတဲ့ ကိစ္စဖြစ်တဲ့အတွက် တာဝန်မယူတော့ပါ။ အသိထဲမှာလဲ အဲဒီလိုကိစ္စ ဖြစ်ဖူးတဲ့သူတစ်ယောက်ကတော့ မပေးရင် ကျွန်မ အသိတွေကို ဖုန်းဆက်ပြီး ဆဲဆို ကျလိမ့်မယ်လို့ ပြောတဲ့အတွက် ကျွန်မနာမည် နဲ့ ဖုန်းဆက်ပြီး လာဆဲတာမျိုးလုပ်ရင် အားမနာတမ်းသာပြန်ဆဲလိုက်ကျပါ။ ဖုန်းဆက်လာသူများနဲ့ ကျွန်မ ဘာမှမသက်ဆိုင်ပါ။ မရေတွက်နိုင်သော ဖုန်းပေါင်းများစွာနဲ့ခေါ်ပြီး လူ၄/၅ယောက်လောက်က ၀ိုင်းဆဲဆိုနေတာ ဖြစ်တဲ့အတွက် ကျွန်မလဲ ရက်အနည်းငယ် sim card  ဖြုတ်ထားမှာပါ။ လူကြီးမင်းတို့ဆီ ဖုန်းဆက်လာခဲ့တာရှိရင်လဲ စကားအကောင်း ပြန်ပြောမနေပဲ သူတို့ထပ်ဦးအောင်သာ ဆဲလိုက်ကျပါ။ နောက်ထပ်လဲ ကျွန်မကြောင့် စိတ်အနှောက်အယှက်တစ်စုံတစ်ခုများ ဖြစ်ပေါ်ခဲ့သည်ရှိခဲ့သော် ဒီ post ကနေ ပဲ ညိုးငယ်စွာ စိတ်ရင်းနဲ့တောင်းပန်အပ်ပါတယ်။ ပိုက်ဆံလဲကုန် သိက္ခာလဲကျရတဲ့အတွက် ဒီ post ကို အရှင်းလင်းဆုံးဖြစ်အောင်ရေးခြင်း ဖြစ်ပါတယ်။ ကျွန်မနဲ့ ရင်းနှီးသူ ကျွန်မအကြောင်းသိသူများက ကျွန်မအတွက် ဒီ လောက်ငွေနဲ့ နာမည်အပျက်မခံကြောင်း လိုက်ချေးနေစရာမလိုကြောင်း သိကျမှာပါ အဲ့အလုပ်မှာ လုပ်ခဲ့ဖူးတဲ့ အသိတစ်ယောက် ပြောတာတစ်ခုကတော့ အဲလို ငွေညှစ် ဆဲဆို ခြိမ်းခြောက်တဲ့ဒဏ်ကို မခံနိုင်ပဲ suicide လုပ်သွားတဲ့သူ သူ့မျက်စိရှေ့မှာတင် ၄/ ၅ ယောက် လောက်ရှိပါတယ်တဲ့” ဟု စုဝေငြိမ်း ဆိုသည့် အကောင့်ဖြင့် လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက ရေးသားထားသည်။

ယခင်က facebook လူမှုကွန်ရက်စာ မျက်နှာများတွင် k pay အဆင့်မြှင့်တင်ပေး သည်ဆိုသည့် လိမ်လည်သည့် ပေ့ချ်များရှိခဲ့ သည်။ ကာယကံရှင်မှ မိမိ၏ k pay ကိုအဆင့် မြှင့်တင်လိုသဖြင့် ယင်းပေ့ချ်ကို ဆက်သွယ်မိ ရာမှ k pay ထဲရှိ ငွေသားများကို ကျူးလွန်သူ များက ရယူသွားခြင်းဖြစ်သည်။

“အဲဒီလိုဟာတွေက လူတွေက သိပ်မသိ ကြသေးတဲ့အချိန်။ ကိုယ့် otp ကုတ်နံပါတ် နဲ့ password ကို သူတို့က လှမ်းတောင်းတယ်။ ပေးလိုက်မိတော့ ကိုယ့် k pay အကောင့်ထဲ ကိုဝင်လို့ရသွားတဲ့အချိန် အကောင့်ထဲမှာရှိတဲ့ ငွေတွေကို တခြားအကောင့်ထဲကို ယူသွားတာ ပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်း ရင်းနဲ့ ငွေကို ထုတ်သွားတာ။ အဲဒီတုန်းက ဘယ်လောက်အထိ အတင့်ရဲသလဲဆို ဘဏ် က တာဝန်ရှိသူဆိုပြီး ဖုန်းဆက်ပြီး အကောင့် ကို အဆင့်မြှင့်ပေးမယ်ဆိုပြီး လိမ်ကြတယ်” ဟု အိုင်တီနည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

လိမ်လည်ခံရမှု များလာသည့်နောက် ပိုင်းတွင် ပုဂ္ဂလိကဘဏ်များက အသိပေးခြင်း များကို ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ သည်။

ယခုနောက်ပိုင်းတွင် ငွေကြေးအခက်အ ခဲကြုံတွေ့နေရသူများကို ပစ်မှတ်ထားပြီးခြိမ်း ခြောက်ခြင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဗန်းပြကာ ဘဏ်အကောင့်ရယူခြင်းများကို လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။

လူမှုအခက်အခဲများတွင် ငွေရေးကြေး ရေးအခက်အခဲမှာ လတ်တလောတွင် လူအ များအကြား ထိပ်ဆုံးတွင်ရှိနေသည့်အခြေအ နေလည်းဖြစ်သည်။ ယင်းအချက်ကို အခွင့် ကောင်းယူကာ လိမ်လည်သူများက ချေးငွေရ ယူနိုင်သည်ဆိုသည့် ပေ့ချ်များထောင်၍ လိမ် လည်နေခြင်းဖြစ်သည်။

လတ်တလောတွင် စားသုံးသူရေးရာ ဦးစီးဌာနက ချေးငွေပေးသည်ဆိုသည့် အွန် လိုင်း Apps ၃၅ ခုကို သတိထားကြရန် ထုတ် ပြန်ထားသည်။

အဆိုပါ Apps များကို လာရောက် ဆက် သွယ်သူများကို ဒေါင်းလော့ခ်ရယူခိုင်းသည်။ သို့သော် ယင်း Apps များမှာ လိမ်လည်မည့်သူ များက တည်ထောင်ထားခြင်းဖြစ်သည်။

အွန်လိုင်းချေးငွေလုပ်ငန်း အမည်ခံ Apps များသည်ဒေါင်းလော့ခ်ဆွဲ၍ဝင်ရောက် လိုက်သည်နှင့် ချေးလိုသော ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့် ငွေလွှဲပို့ကြောင်း၊ သို့သော် ငွေလွှဲမပို့မီ အချက် ခုနစ်ချက်ကို သဘော တူညီမှုပေးရကြောင်း စားသုံးသူရေးရာ ဦးစီး ဌာနက ထုတ်ပြန်ထားသည်။

တရားမဝင် ချေးငွေလုပ်ငန်းများ အသုံး ပြုသည့် Apps များတွင် install ပြုလုပ်ရန် အတွက် ပေးရသည့် permission များကြောင့် အသုံးပြုသူအား ထိခိုက်စေနိုင်သည့် အချက် များမှာ camera မှတစ်ဆင့် application မှ ပုံများတောင်းခံရာတွင် ပေးနိုင်ရန် ထည့်သွင်း ထားခြင်းဖြစ်သော်လည်း ၎င်းတို့တောင်းခံ လာသည့် camera permission အား access ပြုလုပ်မိပါက developer များမှ အသုံးပြုသူ မသိရှိဘဲ ပုံများ၊ ဗီဒီယိုများကို ရယူသွားနိုင် ခြင်း၊ contacts အား access ပေးလိုက်မိပါက မိမိဖုန်းအတွင်းရှိ contacts အားလုံးကို developer များက သိရှိပြီး ဆက်သွယ်မှုပြု လုပ်ခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုမှုများပြုလုပ်နိုင်ခြင်း၊ ခြိမ်းခြောက်ငွေညစ်မှုများ ပြုလုပ်နိုင် ခြင်း၊ location ကို  accessပေးလိုက်မိပါက developer များက အသုံးပြုသူ၏ သွားလာ လှုပ်ရှားနေထိုင်မှု အချက်အလက်အားလုံး သိရှိနိုင်ခြင်း၊ မသမာသူများ၏ လုပ်ကြံသတ် ဖြတ်မှု၊ ပြန်ပေး မှု၊ ဓားပြမှု၊ အိမ်ဖောက်ထွင်း ဝင်ရောက်မှုများအထိ ကျူးလွန်လာနိုင်ခြင်း တို့ဖြစ်သည်။

ထို့ပြင် phone call အား access ပေး လိုက်မိပါက အသုံးပြုသူ၏ ဖုန်းခေါ်ဆိုမှု အ ချက်အလက်အားလုံးကို သိရှိနိုင်ခြင်း၊  sms အား ACCESS ပေးလိုက်မိပါက အသုံးပြုသူထံ သို့ ဝင်ရောက်လာသည့် မက်ဆေ့များအား သိရှိနိုင်သဖြင့် အသုံးပြုသူ၏ social media  နှင့် ပတ်သက်သော အချက်အလက်များကို ရယူနိုင်ခြင်း၊ ဥပမာအားဖြင့် - Google, Facebook, Wave Money, KBZ pay, Verification Code  တို့ကို ရယူသွားနိုင်ခြင်း၊ storage ကို ACCESS ပေးလိုက်မိပါက အသုံး ပြုသူအား  media access control ပြုလုပ်နိုင် သဖြင့် အသုံးပြုသူဖုန်းအတွင်းမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို  ရယူနိုင်ခြင်း၊ other အနေဖြင့် အသုံးပြုသူ၏ ID အချက်အလက်များအား developer များက ကြော်ငြာနိုင်ခြင်း အစရှိ သည်တို့ဖြစ်သည်။

ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ အွန်လိုင်းလိမ်လည်မှု

ကမ္ဘောဒီးယားနိုင်ငံတွင် ဆိုက်ဘာပြစ်မှု များဆိုင်ရာ တိုင်ကြားချက်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၅၅၇ မှု၊ ၂၀၂၁ ခုနှစ်တွင် ၂၄၇ မှု၊ ၂၀၂၂ ခုနှစ်တွင် ၄၅၄ မှု ဖြစ်ပွားခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ၄၈၅၀၊ မလေးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၁၀၆၆၅၂ မှု ဖြစ်ပွားခဲ့သည်။  စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဆိုက်ဘာမှုခင်းဆိုင်ရာ တိုင် ကြားလာမှု ၃၃၆၉ မှုဖြစ်ပွားခဲ့ပြီး ဆိုက်ဘာ မှုခင်းအများစုသည် အွန်လိုင်းလိမ်လည်မှု များဖြစ်သည်။ စင်ကာပူတွင် အမှုများ၏ ၉၄ ဒသမ ၂ ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန် ဒေါ်လာ ၅၁၁ ဒသမ ၃ သန်း ငွေကြေးဆိုင်ရာ လိမ်လည်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင်လည်း အွန်လိုင်း  PAY များမှတစ်ဆင့် ငွေကြေးများကို လိမ်လည် ထုတ်ယူမှုများမှာ တစ်စထက်တစ်စ မြင့်တက် လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ကျူးလွန်သူများမှာ ပေ့ချ်တစ်ခုတည် ထောင်၊ Apps တစ်ခုတည်ဆောက်ကာ လိမ် လည်နေခြင်းဖြစ်ပြီး အများပြည်သူမှာ ငွေ ကြေးဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရခြင်း လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ဖြစ်ပွားမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အမှု ပေါင်း ၉၀ မှု၊ ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၁၆၁ မှု၊ ၂၀၂၃ ခုနှစ်တွင်အမှုပေါင်း ၂၂၁ မှု နှင့် ၂၀၂၄ ခုနှစ် လက်ရှိကာလအတွင်း အမှု ပေါင်း ၁၀ မှု ဖြစ်ပွားခဲ့ပြီး တရားခံပေါင်း ၄၂၉ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ ထို့အ တူ အွန်လိုင်းလောင်းကစားနှင့်ပတ်သက်နေ သည့် တယ်လီဖုန်းဆင်းကတ်များကို ပိတ် သိမ်းလျက်ရှိရာ လက်ရှိအချိန်အထိ ဆင်း ကတ်ပေါင်း ၈၈၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီးဖြစ် ကြောင်း ဇန်နဝါရီ ၂၂ ရက် နေပြည်တော်တွင် ပြုလုပ်သည့် မိုဘိုင်းငွေပေးချေမှု လမ်း ကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှု တားဆီးရေးအသိပညာပေးဆွေးနွေးပွဲမှ သိရ သည်။

Mobile ငွေပေးချေမှု လမ်းကြောင်းများ မှ ငွေကြေးလိမ်လည်မှုမှုခင်းများ ဖြေရှင်း ဆောင်ရွက်ရာတွင် anti scam center (လိမ်လည်မှုတိုက်ဖျက်ရေးစင်တာ) များ ဖွင့် လှစ်နိုင်မှုမရှိသေးသည့်အတွက် ယင်းမှုခင်း များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးသည်ကို တွေ့ရကြောင်း အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် လူမှုကွန်ရက် website များ အသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်၌ ငွေကြေလိမ်လည်မှုများကို စောင့် ကြည့်သတင်းရယူခြင်း၊ အသွင်ယူစုံစမ်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများကိုလည်း လုပ် ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ ဒီ cyber မှုခင်းများအပေါ် ရာဇသတ် ကြီး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ၂၀၀၄ နဲ့ ဆက်သွယ် ရေးဥပဒေ ၂၀၁၃ တို့နှင့် အရေးယူဆောင် ရွက်လျက်ရှိသည့်အပြင် ဆိုက်ဘာလုံခြုံရေး ဥပဒေကိုလည်း ရေးဆွဲလျက်ရှိပြီးတော့ အခု အချိန်မှာ မူကြမ်းအဆင့်ကနေ အတည်ပြုနိုင် ရေးလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် နည်းပညာအသုံးပြုပြီး ဆက် သွယ်ရေးကွန်ရက်မှတဆင့် ငွေကြေးလိမ် လည်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တိုမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ယင်းလိမ်လည်မှုများ တွင် အသုံးပြုသည့် အချို့သောဖုန်းနံပတ်များ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင် များသည် အတုများကို အသုံးပြုထားသည်ကို တွေ့ရှိရကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ကို ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ အသိပညာပေးခြင်း နည်းလမ်းများနှင့် ညှိနှိုင်း ပူးပေါင်း အဖြေရှာဆောင်ရွက်ရွက်ရန် လို အပ်နေသည်ကို တွေ့ရှိရကြောင်းလည်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

“နည်းပညာအသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ကို ကာကွယ်ဖို့၊ လူမှုကွန်ရက် ၊ software , website များ အသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်မှ ငွေကြေးလိမ်လည်သူများကို စောင့်ကြည့်သတင်းရယူခြင်း၊ အသွင်ယူ စုံ စမ်းထောက်လှမ်းခြင်းများကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနတို့က ပူးတွဲညှိနှိုင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေး ကတ်အတုနဲ့ ဘဏ်ငွေစာရင်း၊ ဒါမှမဟုတ် သြဘငူန ဏပေ တွေ၊ စာရင်းတွေ ဖွင့်လှစ်ခြင်း မရှိစေဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က စိစစ်ကြပ် မတ်ရမှာ ဖြစ်ပြီးတော့ ဆက်သွယ်ရေးကွန်ရက် ကို အသုံးပြုတဲ့ ငွေကြေးလိမ်လည်မှု ဖြစ်စဉ် ကနေတဆင့် တရားခံ ဖော်ထုတ်ဖမ်းဆီးရာမှာ ပြစ်မှုကျူးလွန်သူရဲ့ သတင်းအချက်အလက် တွေ အချိန်နှင့် တပြေးညီရရှိရေးအတွက် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်သွား ကြရန် အထူးလိုအပ်ပါတယ်”  ဟု ပြည်ထောင် စုဝန်ကြီးက ပြောကြားသည်။

လက်တလောတွင် အွန်လိုင်းစာမျက်နှာ များ၌ ငွေကြေး လိမ်လည်ခံရမှုများရှိသကဲ့သို့ Apps တစ်ခုအား ဒေါင်းလော့ပြုလုပ်မိသဖြင့် ချေးငွေရယူသည်ဟုဆိုကာ ငွေပြန်ဆပ်ခိုင်း ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ကြုံတွေ့နေရသူ အများအပြားရှိနေသည်။

ယင်းသို့ ဖြစ်ပွားနေသည့်အခြေအနေ များနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်လည်း အင်တိုက်အား တိုက် နှိမ်နင်းရမည့်အခြေအနေတစ်ခုလည်း ဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။       

Most Read

Most Recent