အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ပြည်ထောင်စုနေ့ ဂုဏ်ပြုအထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲအား ဒုတိယအကြိမ်အဖြစ် Dagon City Golf Resort တွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ပြည်ထောင်စုနေ့ ဂုဏ်ပြုအထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲအား ဒုတိယအကြိမ်အဖြစ် Dagon City Golf Resort တွင် ကျင်းပ
Published 12 February 2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ပြည်ထောင်စုနေ့ ဂုဏ်ပြုအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဒုတိယအကြိမ်အဖြစ် Dagon City Golf Resort တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) ၏ ဒုတိယအကြိမ်မြောက် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် မင်္ဂလာဒုံမြို့နယ်ရှိ Dagon City Golf Resort တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနှင့် ညီနောင်လေကြောင်းလိုင်းများဖြစ်သည့် Mingalar လေကြောင်းလိုင်းမှ ဂေါက်သီးရိုက် အားကစားသမားများ၊ လေကြောင်းနှင့် ဆက်စပ်လျက်ရှိသည့် ဌာနအသီးသီးမှ ဂေါက်သီးရိုက် အားကစားသမားများအား ဖိတ်ခေါ်၍ ယှဉ်ပြိုင်ကစားကြရာ ဂေါက်သီးရိုက်အားက စားသမား ၁၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအပြီးတွင် ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို Dagon City Golf Resort ရင်ပြင်တွင်ဆက်လက် ကျင်းပခဲ့ရာ ပြိုင်ပွဲအတွင်း Nearest Pin ဆုရရှိသူနှစ်ဦး၊ Nearest Line နှင့် Longest Drive ဆုရရှိသူနှစ်ဦးနှင့် အသင်းလိုက်ဆုရရှိခဲ့ကြသည့် အသင်းလေးသင်းမှ ကစားသမား ၁၆ ဦးနှင့် စုစုပေါင်း ဆုရရှိသူ ဂေါက်သီးရိုက် အားကစားသမား ၂၀ ဦးအား တာဝန်ရှိသူများမှဆုများ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။ 

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)၏ ပြည်ပ BUSINESS CLASS ခရီးသည်များအနေဖြင့် Mingalar sky Premium Lounge ၏ အထူးအခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI)၏ ပြည်ပ BUSINESS CLASS ခရီးသည်များအနေဖြင့် ခရီးဆောင်အိတ် သယ်ဆောင်ခွင့် ၄၀ ကီလို၊ အစားအသောက်၊ အပိုဆောင်းခရီးမိုင်များအား ၅၀ ရာခိုင်နှုန်းအထိ စုဆောင်းနိုင်ခြင်း၊ သီးသန့် Amenity Kit ပေးဆောင်ခြင်းများအား ရရှိနိုင်မည်ဖြစ်သည်။

ယင်းပြင် Mingalar sky Premium Lounge တွင်ရရှိနိုင်မည့် အထူးအခွင့်အရေးများအနေဖြင့် အခမဲ့ကားပါကင်၊ Lounge တွင် ခရီးဦးကြိုဆိုခြင်း၊ သီးသန့် Check-in ဝင်ရောက်နိုင်ခြင်း၊ သီးသန့် Immigration နှင့် Security Check ၊ Buggy ကားဖြင့် Departure, Arrival Gate များသို့ ပို့ဆောင် ကြိုဆိုပေးခြင်း စသည့်အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။   

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဟနွိုင်းခရီးစဉ်အား အပတ်စဉ်လေးကြိမ်နှင့် ရန်ကုန်-ဟိုချီမင်း ခရီးစဉ်အား အပတ်စဉ် သုံးကြိမ်ပျံသန်းနေပြီး ၉၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)၏ ပြည်ပ BUSINESS CLASS ခရီးသည်များအနေဖြင့် Mingalar sky Premium Lounge ၏ အထူးအခွင့်အရေး များအား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI)၏ ပြည်ပ BUSINESS CLASS ခရီးသည်များအနေဖြင့် ခရီးဆောင်အိတ်သယ်ဆောင်ခွင့် ၄၀ ကီလို၊ အစားအသောက်၊ အပိုဆောင်းခရီးမိုင်များအား ၅၀ ရာခိုင်နှုန်းအထိ စုဆောင်းနိုင်ခြင်း၊ သီးသန့် Amenity Kit ပေးဆောင်ခြင်းများအား ရရှိနိုင်မည် ဖြစ်သည်။

Most Read

Most Recent