ထိုင်းနိုင်ငံက ဦးဆောင်သော လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အစီအစဉ်သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအကြား ဆွေးနွေးမှုများကို လမ်းပွင့်စေရန်ရည်ရွယ်သည်ဟု ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံက ဦးဆောင်သော လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အစီအစဉ်သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအကြား ဆွေးနွေးမှုများကို လမ်းပွင့်စေရန်ရည်ရွယ်သည်ဟု ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား
ထိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖူအန်ခက်ကော
ထိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖူအန်ခက်ကော
Published 7 February 2024

ထိုင်းနိုင်ငံက ဦးဆောင်သော လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အစီအစဉ်သည်  မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအကြား ဆွေးနွေးမှုများကို လမ်းပွင့်စေရန် ရည်ရွယ်သည်ဟု အကြီးတန်း ထိုင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တိုက်ပွဲရှောင် ပြည်သူ ၂၀,၀၀၀ နှင့် ဒေသခံပြည်သူများကို အစား အစာနှင့်ဆေးဝါးများပေးပို့ရန် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် မဲဆောက်-မြဝတီနယ်စပ် ဂိတ်အနီးရှိ ထိုင်း-မြန်မာနယ်စပ်၌ လူသား ချင်းစာနာမှုဆိုင်ရာ ဘေးကင်းရေးဇုန် ထူ ထောင်ရန် စီစဉ်ထားသည်ဟု ထိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖူအန်ခက် ကောက ပြောကြားခဲ့သည်။

ယင်းအစီအစဉ်သည် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ရန် မအောင်မမြင်ဖြစ်နေသော အာဆီယံအဖွဲ့ ဝင် ၁၀ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို  တိုးတက်မှုရရှိစေလိမ့်မည်ဟု မစ္စတာဆီဟာ ဆက်က ပြောကြားခဲ့သည်။

နောက်ဆုံး ရည်ရွယ်ချက်မှာ ပဋိပက္ခ ကို ထိန်းချုပ်နိုင်စေရန်နှင့် စေ့စပ်ဆွေးနွေး ရေးလမ်းကြောင်းများ ပွင့်လာစေရန် ဖြစ် သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ နောက်ထပ် မတည်မငြိမ် ဖြစ်နေတာကို ကျွန်တော်တို့ မမြင်ချင်တော့ ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ ယခု ဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် ထိရောက် မည်ဖြစ်ပြီး ယုံကြည်စိတ်ချရကာ ပွင့်လင်းမြင် သာမှုရှိမည်ဟု ၎င်းင်းက ဖြည့်စွက်ပြောဆိုသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့က လွန်ခဲ့သောသီတင်းပတ်တွင် အတည်ပြုပေး ခဲ့သော အစီအစဉ်ကြောင့် အာဆီယံ၏ လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့် ထိုင်းနှင့်မြန်မာ ကြက်ခြေနီ အဖွဲ့များက ထောက်ပံ့ရေးပစ္စည်းများကို မြေ ပြင်တွင် ပေးအပ်နိုင်လာလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီတွင် တပ်မတော်က နိုင်ငံတော် အာဏာ ကို လွှဲပြောင်းရယူပြီးကတည်းက ပဋိပက္ခဖြစ် ပွားလျက်ရှိသော နိုင်ငံဖြစ်သည်။  အနည်းဆုံး ပြည်သူ ၂ ဒသမ ၆ သန်းသည် တိုက်ပွဲရှောင် နေရပြီး ပြည်သူ ၁၈ သန်းကျော်သည် အကူအ ညီများ လိုအပ်လျက်ရှိသည် ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလထဲတွင် တပ်မတော် ဗိုလ်ချုပ်ကြီးများက သဘောတူခဲ့သော အာ ဆီယံ၏ ငြိမ်းချမ်းရေးအစီအမံသည် နစက ၏ဖြည့်စွက်ဆောင်ရွက်မှုမရှိခြင်းကြောင့် တိုးတက်မှုမရဖြစ်နေသည်။ ယင်းကိစ္စနှင့်ပတ် သက်၍ အာဆီယံအဖွဲ့ကြီးကလည်း စိတ် ပျက်လျက်ရှိသည်။ အာဆီယံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိကအပိုင်းမှာ ပဋိပက္ခဖြစ် နေသော အဖွဲ့အစည်းများ စေ့စပ်ဆွေးနွေး ရေးသည် အဓိကအချက်ဖြစ်သည်။

ထိုုင်းနိုင်ငံကဦးဆောင်သော အစီအမံ သည် နစက၊ တိုင်းရင်းသားလက်နက်ကိုင်အုပ် စုများ၊ NUG, PDF တို့ ပါဝင်သော ဆွေးနွေးမှု များကို ဦးတည်သွားစေနိုင်သည်ဟု မစ္စတာဆီ ဟာဆက်က ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent