၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလျံကျော်ရှိ

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလျံကျော်ရှိ
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 6 February 2024

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်ဘီလျံ ၄၈၉၆ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၉ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ကျပ်သန်း ၅၈၁၇၈ ဒသမ ၃၈၁ (ကျပ် ၅၈ ဘီလျံကျော်)ဖြင့် အများဆုံးဖြစ်သည်။တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၃၄၅၆၇ ဒသမ ၅၀၆ ( ကျပ် ၃၄ ဘီလျံကျော်)ဖြင့် ဒုတိယအများဆုံးဖြစ်သည်။မွန်ပြည်နယ်အတွင်းသို့ ကျပ်သန်း ၁၆၄၅၀ ဒသမ ၀၀၀ (၁၆ဘီလျံကျော်)ဖြင့်  တတိယအများဆုံးဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တွင် ကျပ်သန်း ၁၅၉၈၇ ဒသမ ၆၅၇၊မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်း ၉၃၅၀ ဒသမ ၇၀၀၊ မကွေးတိုင်းဒေသကြီးတွင် ကျပ်သန်း ၉၃၅၀ ဒသမ ၇၀၀၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ်သန်း ၁၇၈၅ ဒသမ ၈၂၅၊ ပဲခူးတိုင်းဒေသကြီးတွင် ကျပ် သန်း ၁၇၂၅ သန်း၊ ကယားပြည်နယ်တွင် ကျပ်သန်း ၆၈၀ ၊ရခိုင်ပြည်နယ်တွင် ကျပ်သန်း ၂၄၀ ဖြင့် အသီးသီးဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအ များဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

Most Read

Most Recent