ပုံပြင်လေးရဲ့ အဆုံးမှာတော့ . . . . 

ပုံပြင်လေးရဲ့ အဆုံးမှာတော့ . . . . 
Photo: Goal.com
Photo: Goal.com
Published 6 February 2024
Wai Yan Aung

နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေက ရာသီကုန်ချိန်မှာ PSG အသင်းနဲ့ လမ်းခွဲပြီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒီသတင်းကို ပါရီမြို့အခြေစိုက် Le Parisien သတင်းစာက စတင်ဖော်ပြခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ခိုင်မာတဲ့ သတင်းတစ်ပုဒ်အဖြစ် အားကစားမီဒီယာများစွာက ထပ်ဆင့်ဖော်ပြခဲ့ကြတာပါ။ ဒါဟာ ဘာပေရဲ့ အပြောင်းအရွှေ့ပုံပြင် အမှန်တကယ်အဆုံးသတ်မယ့်အချိန်ရောက်ရှိလာခြင်း လေလား။ ဘာပေက တကယ်ပဲ သူ့ရဲ့အိပ်မက်အသင်းဆီ အရောက်လှမ်းတော့မှာလား။ အသက်အရွယ်ကလည်း (၂၅)နှစ် ကျော်လာခဲ့ပြီဖြစ်တာကြောင့် ကြယ်စင်စုထဲက ကြယ်တစ်ပွင့် ဖြစ်လာအောင် အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့အချိန်ကာလ ရောက်ရှိလာပြီလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူဟာ ငွေမက်သူ၊ ငွေကြေးအတွက် ဦးစားပေးဆုံးဖြတ်သူဆိုတဲ့ စွပ်စွဲမှုတွေလည်း ပိုပြီးပြင်းထန်လာဖို့ ရှိနေပါတယ်။ 

 

Most Read

Most Recent