၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းဝန်းကျင် တင်ပို့ထားပြီး ယခင်နှစ်တင်ပို့မှုထက် ငါးသိန်းခန့် လျော့ကျ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းဝန်းကျင် တင်ပို့ထားပြီး ယခင်နှစ်တင်ပို့မှုထက် ငါးသိန်းခန့် လျော့ကျ
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 3 February 2024

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းဝန်းကျင် တင်ပို့ထားပြီး ယခင်နှစ် တင်ပို့မှုထက် ငါးသိန်းခန့်လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ဥက္ကဋ္ဌဦးရဲမင်း အောင်က ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသည့် သတင်းပြန်ကြားထုတ်ပြန်မှုအစီအစဉ် (၁/၂၀၂၄)တွင် ပြောကြားသည်။

“ဒီနှစ်မှာ မြန်မာနိုင်ငံအနေနဲ့နှစ်စဉ် ဆန်တန်ချိန်နှစ်သန်းလောက်၊ ပျမ်းမျှဆန်တန် ၂ ဒသမ ၁ သန်း၊ ၂ ဒသမ ၂ သန်းလောက် တင်ပို့တဲ့အနေအထားရှိပါတယ်။ ဒီနှစ်ကိုတော့  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဧပြီကနေ ဇန်န ၀ါရီလကုန်အထိက ဆန်တန်ချိန်တစ်သန်းဝန်းကျင်တင်ပို့ထားတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်မို့ မနှစ်ကကာလတူနဲ့ နှိုင်းယှဉ်ရင်တန်ချိန် ငါးသိန်းလောက် လျော့ပါတယ်။ ဒါပေမဲ့ ဒီနှစ်က ဝင်ငွေအားဖြင့် အဲဒီ လောက်မလျော့ဘူး။ မနှစ်က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ၁၂ မှာ ဒေါ်လာ ၈၅၃  သန်းဝင်ငွေရပါတယ်။ ဒီနှစ်လည်းသန်း  ၇၀၀ လောက်ရမယ်မှန်းပါတယ်။ အခုလည်း ဇန်နဝါရီလကုန်အထိ ဒေါ်လာ ၅၇၄ သန်းရပြီ။ ကျန်တဲ့နှစ်လမှာ ဒေါ်လာ သန်း ၁၀၀ လောက်ရအောင် မှန်းလာခဲ့တယ်။ ဇန်နဝါရီ တစ်လထဲတင် ဒေါ်လာသန်း ၁၁၀ ရပါတယ်။ ဒါကြောင့်မို့ ဒီနှစ်က ဒီဇင်ဘာမတိုင်ခင် အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ၊ တစ်နည်းအားဖြင့် ၂၀၂၃ ရဲ့ ဆန်တင်ပို့တဲ့ ရာသီအစမှာ ငွေလဲနှုန်းမူဝါဒတွေက Exporter တွေ တွက်ခြေ မကိုက်တဲ့နှုန်းဖြစ်တဲ့အတွက် ပြည်ပတင်ပို့မှုက လျော့နည်းခဲ့တာဖြစ်ပါတယ်။ တစ်ဖက်ကလည်း အယ်နီညိုကို စိုးရိမ်မှုရှိတဲ့အတွက် နိုင်ငံတကာကို ထိန်းညှိပြီးတင်ပို့ဆောင်ရွက် တဲ့အနေအထားဖြစ်ပါတယ်။ လုံးဝထိန်းချုပ် ပြီးတော့ဆောင်ရွက်တဲ့ Export Control မဟုတ်ပါဘူး။ Coordinated ပေါ့နော်။ တင်ပို့ချင်တဲ့သူနဲ့ တင်ပို့သင့်တဲ့ဟာလေးကို ညှိနှိုင်းပြီး တင်ပို့တဲ့အခြေအနေဖြစ်ပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိနိုင်ရန် ဆန်ပြည်ပတင်ပို့မှုကိုလျှော့ချကာ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦးစားပေးတင်ပို့ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“လက်ရှိဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိဆောင်ရွက်ဖို့ ပို့ကုန်ကို ဆန်ပြည်ပတင်ပို့မှုကို ဆန်ကွဲနဲ့ပေါင်းဆန်ကိုပဲဦးစားပေးပြီး ဆန်ဖြူဆိုလည်း အကန့်အသတ်နဲ့ပေါ့နော်။ ငါးမှတ်ဆန်လောက်ကို တင်ပို့တဲ့လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ၊ မတ်လမှာစပြီးဆောင်ရွက်ဖို့ ဝန်ကြီးဌာနကို တင်ပြပြီးအ တည်ပြုချက်ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဥက္ကဋ္ဌဦးရဲမင်းအောင်က ပြောကြားသည်။­­

Most Read