‌ပါကစ္စတန်ဝန်ကြီးချုပ်နေရာနှင့် စတုတ္ထအကြိမ် နီးစပ်နေသူ

‌ပါကစ္စတန်ဝန်ကြီးချုပ်နေရာနှင့် စတုတ္ထအကြိမ် နီးစပ်နေသူ
Published 3 February 2024
ခက်ဝေ

တိုင်းပြည်နှင့် အချိန်ကြာကြာခွဲခွာနေခဲ့ရာမှ မနှစ်ကမှ ပြည်တော်ပြန်ရောက်လာသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝတ်ရှရစ်ဖ် သည် လာမည့်ဖေဖော်ဝါရီ ၈ ရက်ရွေးကောက် ပွဲတွင် အနိုင်ရနိုင်ခြေရှိသူအဖြစ် တစ်ပြေး လျက်ရှိသည်။

ဝန်ကြီးချုပ်တာဝန်ကို သုံးကြိမ်တိုင်တိုင် ယူခဲ့သူ  နာဝတ်ရှရစ်ဖ်၏ နောက်ဆုံးဝန်ကြီး ချုပ်သက်တမ်းသည် အဂတိလိုက်စားမှု အတွက် အရေးယူခံရခြင်းဖြင့် ဇာတ်သိမ်းခဲ့ရ ပြီး ထိုကာလမတိုင်မီ အာဏာသိမ်းမှုတစ်ရပ် တွင် ဖြုတ်ချခံခဲ့ရသည်။သို့သော်သူသည် နောက်တစ်ကြိမ် ခေါင်းဆောင်နေရာသို့ တစ် ကျော့ပြန်ရောက်လာနိုင်သည့် ပုံမျိုးပြနေပြီး ရွေးကောက်ပွဲတွင် သူတကယ်နိုင်ခဲ့ပါက သြဇာကြီးမားသည့် ပါကစ္စတန်စစ်တပ်၏အတိုက်အခံအဖြစ် ရှုမြင်ခံလာရသူတစ်ဦး တစ်ယောက်အဖို့ အံ့သြဖွယ်၊ မထင်မှတ်ဖွယ် အပြောင်းအလဲဟု ဆိုရလိမ့်မည်။နာဝတ်ရှ ရစ်ဖ်၏ အဓိကပြိုင်ဖက် ၊ ယခင်က စစ်တပ် ထောက်ခံမှုကိုရခဲ့သူ ဝန်ကြီးချုပ်ဟောင်း အီ မရန်ခန်းကမူ လက်ရှိတွင် အကျဉ်းကျနေ သည်။

မစ္စတာရှရစ်ဖ်ကို တစ်ကျော့ပြန်ဘုရင် ဟု ဆိုကြသည်။ ဒုတိယအကြိမ်ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်စဉ် ၁၉၉၉ အာဏာ သိမ်းမှုတွင် နာဝတ်ရှရစ်ဖ်ဖြုတ်ချခံလိုက်ရပြီး ၂၀၁၃ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ပြန် ရကာ တတိယအကြိမ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့သည်။

သို့သော်ရှရစ်ဖ်၏ နောက်ဆုံးသက်တမ်း ကာလတွင် အခက်အခဲများစွာဖြတ်သန်းခဲ့ရ သည်။ မြို့တော်အစ္စလာမာဘတ်ကို အတိုက် အခံများက ခြောက်လကြာပိတ်ထားခဲ့မှုမှ စကြုံရပြီး အဆုံးတွင် အဂတိလိုက်မှုစွဲချက် များအတွက် ဥပဒေနှင့်ရင်ဆိုင်ရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်တွင် အဂတိလိုက်စား မှု ပြစ်မှုထင်ရှားသဖြင့် ပါကစ္စတန်တရားရုံးက သူ့ကိုထောင် ၁၀ နှစ်ချခဲ့သည်။သို့သော်နှစ်လ အကြာတွင် ရုံးတော်က သူ့ထောင်ဒဏ်ကိုဆိုင်းငံ့လိုက်သဖြင့် ပြန်လွတ်လာခဲ့သည်။

တဖန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင်  အဂ တိလိုက်စားမှုအတွက် ထောင်ခုနစ်နှစ်ချခံရ ပြန်သည်။သူ့မိသားစုက ဆော်ဒီအာရေဗျရှိ သံမဏိစက်ရုံပိုင်ဆိုင်မှုများနှင့် ပတ်သက် နေသောကြောင့်ဖြစ်သည်။

ထို့နောက် ဗြိတိန်တွင်ဆေးသွားကုရန် အကြောင်းပြချက်ဖြင့် အာမခံရရန်ကြိုးပမ်းရာ ၂၀၁၉ ခုနှစ်တွင် ရခဲ့သဖြင့် လန်ဒန်သို့ထွက် ပြေးခွင့်ရခဲ့သည်။ လန်ဒန်တွင်လေးနှစ်ကြာ နေခဲ့ပြီး မနှစ်ကအောက်တိုဘာတွင် ပါကစ္စ တန်သို့ပြန်ရောက်လာသည်။နာဝတ်ရှရစ်ဖ် သည် နိုင်ငံ၏ထိပ်တန်းနိုင်ငံရေးသမားများ ထဲမှ တစ်ဦးအဖြစ် ၃၅ နှစ်ကြာရပ်တည်ခဲ့သည်။

အာရှကျားရည်မှန်းချက်နှင့်ဝေးခဲ့

ရှရစ်ဖ်သည် ၁၉၄၉ ခုနှစ်တွင် လာဟိုး မြို့နေ စက်မှုလုပ်ငန်းရှင်မိသားစုမှ မွေးဖွား လာသည်။

ပါကစ္စတန်ပြင်ပတွင် သူ့ကို နိုင်ငံ၏ပထမဆုံး နျူကလီးယားစမ်းသပ်မှုများကို ညွှန်ကြားသူအဖြစ် ကောင်းကောင်းသိကြလိမ့် မည်။

၁၉၉၀ ခုနှစ်တွင် ရှရစ်ဖ်ဝန်ကြီးချုပ် ဖြစ်လာသည်။၁၉၉၃ ခုနှစ်တွင် အာဏာ လက်လွှတ်လိုက်ရကာ အတိုက်အခံခေါင်း ဆောင် ဘန်နဇီယာဘူတိုက အစိုးရဖွဲ့ခွင့်ရ သွားသည်။ တဖန် ၁၉၉၇ ခုနှစ်တွင် ဝန်ကြီး ချုပ်ပြန်ဖြစ်လာပြီး နိုင်ငံရေးလောကကို လွှမ်း မိုးလာကာ စစ်တပ်မှလွဲပြီး အဖွဲ့အစည်းအား လုံးကို ချုပ်ကိုင်လာတော့သည်။

၁၉၉၉ ခုနှစ်တွင် ရှရစ်ဖ်ကို စစ်တပ် အကြီးအကဲ ပါဗတ်မူရှာရတ်ဖ်က ဖြုတ်ချ လိုက်ခြင်းသည် ပါကစ္စတန်စစ်တပ်၏သြဇာ ကြီးမှုကို ဟန့်တားရန်ကြိုးစားသည့် မည်သည့် နိုင်ငံရေးသမားမဆို အန္တရာယ်မည်မျှကြီး သည်ကို သက်သေပြလိုက်ခြင်းဖြစ်သည်။

နာဝတ်ရှရစ်ဖ်ကို ဖမ်းဆီးထောင်ချပြီး အကြမ်းဖက်မှုစွဲချက်ဖြင့် ထောင်တစ်သက် တစ်ကျွန်းချလိုက်သည်။နိုင်ငံရေးလုပ်ခွင့် လည်း တစ်သက်တာတားမြစ်လိုက်သည်။သို့သော်ဆော်ဒီ၏ ကြားဝင်စေ့စပ်ပေးမှု ကြောင့်ရလာသည့် အပေးအယူတစ်ခုက ရှ ရစ်ဖ်နှင့်သူ့မိသားစုဝင်များကို ထောင်မကျ အောင်ကယ်တင်လိုက်သည်။ သူနှင့်သူ့မိသား စုဝင် ၄၀ တို့လည်း ဆော်ဒီသို့သွားရောက် နေထိုင်ခဲ့သည်။

စစ်တပ်နှင့်သဘောတူညီမှုရပြီးနောက်  ၂၀၀၇ ခုနှစ်တွင် ပါကစ္စတန်သို့ သူပြန်ရောက် လာသည်။ ၂၀၀၈ ရွေးကောက်ပွဲတွင် ရှရစ်ဖ် ၏ PML-N ပါတီသည် ပါလီမန်အမတ်ဦးရေ ၏ လေးပုံတစ်ပုံခန့် နိုင်ခဲ့သည်။

ရှရစ်ဖ်သည် တတိယအကြိမ်ဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်စဉ် ပါကစ္စတန်ကို အာရှ ကျားဖြစ်အောင် ပြောင်းလဲပေးမည်၊ အခြေခံ အဆောက်အအုံသစ်များ ဆောက်လုပ်မည်၊ အကျင့်ပျက်ခြစားမှုကို လုံးဝသည်းခံမည် မဟုတ်သည့်အစိုးရ ဖြစ်ရစေမည်ဟု ကတိ များပေးခဲ့သည်။

သို့သော်ယိုင်နဲ့နေသည့် နိုင်ငံစီးပွားရေး ကြောင့် တရုတ်ကပံ့ပိုးပေးထားသည့် ဒေါ် လာ ၅၆ ဘီလျံတန်ဖိုးရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းသည် အကောင်အထည် မပေါ်လာဘဲ ယခုအထိ စီမံကိန်းတချို့သာ ပြီးစီးသေးသည်။

ပနားမားစာတမ်းဂယက်

၂၀၁၆ ခုနှစ်က ပနားမားစာရွက်စာတမ်း ပေါက်ကြားသွားမှုက နာဝတ်ရှရစ်ဖ်အတွက် အန္တရာယ်သစ်တစ်ခု ထပ်တိုးစေခဲ့သည်။ အဂတိလိုက်စားမှုကိစ္စများကို  တရားရုံးချုပ် က စစ်ဆေးမည်ဆိုပြီးဖြစ်လာသည်။ ရှရစ်ဖ် တို့မိသားစု လန်ဒန်ရှိအထက်တန်းစားပတ်ဝန်းကျင်တစ်ခုတွင် တိုက်ခန်းများပိုင်ဆိုင် မှုဖြင့် ပတ်သက်နေသည်။ရှရစ်ဖ်ကမူ သူမည် သည့်အမှားမှမကျူးလွန်ကြောင်းနှင့် စွဲချက် အားလုံးက နိုင်ငံရေးချောက်ချမှုများသာဟု တုံ့ပြန်သည်။

ပြိုင်ဘက်အီမရန်ခန်း တိုင်းပြည်ကို အုပ်ချုပ်ချိန် ရှရစ်ဖ်က လန်ဒန်တွင်သာ ဆက် နေထိုင်ခဲ့သည်။

အီမရန်ခန်းတာဝန်ယူချိန်အတွင်း၌ လည်း ရှုပ်ထွေးမှုများဖြစ်လာပြီး ခန်းနှင့်စစ် တပ်ဆက်ဆံရေး အဆင်မပြေတော့ပေ။ ၂၀၂၂ ခုနှစ်တွင် အယုံအကြည်မရှိအဆိုမဲခွဲခဲ့ ရာ အီမရန်ခန်း ဝန်ကြီးချုပ်အဖြစ်မှပြုတ်ပြီး နာဝတ်ရှရစ်ဖ်၏ပါတီက ချုပ်ကိုင်ခွင့်ရခဲ့ သည်။

ခန်းပြုတ်သွားပြီးကတည်းက ရှရစ်ဖ်က လည်း  နိုင်ငံရေးနှင့်ပိုထိတွေ့လာခဲ့သည်။ရွေးကောက်ပွဲတွင် သူ့ပါတီက မဲအရေအ တွက်အများဆုံးနိုင်ပါက သူအာဏာပြန်ရ မည်မှာ သေချာနေသည်။

စတုတ္ထအကြိမ်ဝန်ကြီးချုပ် ဖြစ်လာမှာလား

နာဝတ်ရှရစ်ဖ်က ဝန်ကြီးချုပ်တာဝန်ကို သုံးကြိမ်ယူခဲ့သည့်အတွက် သူ့ကိုယ်သူ အတွေ့ အကြုံရှိခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ် ထားသည်။ နိုင်ငံစီးပွားရေး တည်ငြိမ်ကောင်း မွန်လာအောင် ဆောင်ရွက်မည်ဟုလည်း ကတိပေးသည်။

နိုင်ငံ့အရေးတွင် ပါကစ္စတန်စစ်တပ်က အဓိကပြောဆိုပိုင်ခွင့်ရှိသည်။ သို့သော် နာ ဝတ်ရှရစ်ဖ် ၊ အီမရန်ခန်း သို့မဟုတ် အခြား နိုင်ငံရေးသမားတစ်ဦးဦး မည်သူ့ကို လိုလား သည်ဆိုပြီး စစ်တပ်က ထုတ်မပြောခဲ့ပေ။

ပါကစ္စတန်တွင်  နိုင်ငံရေးခေါင်းဆောင် တစ်ဦးက စစ်တပ်ထောက်ခံမှုရှိထားလျှင် ရွေးကောက်ပွဲအနိုင်ရနိုင်ခြေ များလေ့ရှိ သည်ဟု လေ့လာသုံးသပ်သူများကယူဆ သည်။

Ref: BBC