ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိနိုင်ရန် ဆန်ပြည်ပတင်ပို့မှုကို လျှော့ချကာ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦးစားပေးတင်ပို့ရန် စီစဉ်

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိနိုင်ရန် ဆန်ပြည်ပတင်ပို့မှုကို လျှော့ချကာ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦးစားပေးတင်ပို့ရန် စီစဉ်
Published 2 February 2024

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိနိုင်ရန် ဆန်ပြည်ပတင်ပို့မှုကို လျှော့ချကာ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦးစားပေးတင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသည့် သတင်းပြန်ကြားထုတ်ပြန်မှုအစီအစဉ်(၁/၂၀၂၄)တွင် ပြောကြားခဲ့သည်။

“လက်ရှိဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိဆောင်ရွက်ဖို့ ပို့ကုန်ကို ဆန်ပြည်ပတင်ပို့မှုကို ဆန်ကွဲနဲ့ပေါင်းဆန်ကိုပဲ ဦးစားပေးပြီး ဆန်ဖြူဆိုလည်း အကန့်အသတ်နဲ့ပေါ့နော်။ ငါးမှတ်ဆန်လောက်ကို တင်ပို့တဲ့လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ၊ မတ်လမှာစပြီး ဆောင်ရွက်ဖို့ ဝန်ကြီးဌာနကို တင်ပြပြီး အတည်ပြုချက်ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် လက်ရှိကာလ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းကျော် တင်ပို့လေ့ရှိသော်လည်း ယခုနှစ်တွင်မူ တန်ချိန်တစ်သိန်းခွဲသာ တင်ပို့ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ဆိုသည်။

“ယခင်ကဆို ဒီလိုလတွေက တစ်လကို တန်ချိန် နှစ်သိန်းနဲ့သုံးသိန်းကြား တင်ပို့ပါတယ်။ ဆန်ပြည်ပတင်ပို့မှုကိုလည်း ပြည်တွင်းစျေးကွက်တည်ငြိမ်ရေးကို ရှေးရှုပြီး တော့ တဖက်ကလျှော့ချပါတယ်။ တဖက်မှာလည်း ပြည်တွင်းဆန်စျေးကွက် တည်ငြိမ်ရေး ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

ပြည်တွင်းဆန်စျေးနှုန်းနှင့် ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအတွက် သင့်တင့်မျှတသည့် စျေးနှုန်းရရှိရန် လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း စားသုံးသူ ပြည်သူများအတွက်လည်း ထည့်သွင်းစဉ်းစားရသည့်အနေအထားဖြစ်ကြောင်း၊ လတ်တလောအနေအထားတွင် အရန်ဆန်အစီအစဉ်များလည်းရှိကြောင်း သိရသည်။

“ဌာနဆိုင်ရာဝန် ထမ်းတွေ၊ စက်မှုဇုန်ဝန်ထမ်းတွေ၊ အခြေခံပြည်သူတွေ၊ များသောအားဖြင့် စက်ရုံအလုပ်ရုံအလုပ်သမားတွေ မိသားစုတွေအတွက် သက်သာတဲ့စျေးနှုန်းနဲ့ ဆန်ရောင်းချပေးတဲ့ အစီအစဉ်ကလည်း လက်ရှိလည်း ဆောင်ရွက်နေတဲ့အနေအထားဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။

Most Read

Most Recent