အမေရိကန်နှင့် အီရန်တို့ စစ်ခင်းကြတော့မည်လော

အမေရိကန်နှင့် အီရန်တို့ စစ်ခင်းကြတော့မည်လော
Published 31 January 2024
မင်းထက်

အမေရိကန် စစ်သားသုံးဦး သေဆုံးသွားခြင်းက အမေရိကန်ကို အီရန်နှင့်ဖြစ်ပွားမည့် ကိုယ်စားပြုစစ်ပွဲထဲ ဆွဲသွင်းလျက် ရှိသည်။ သမ္မတဂျိုးဘိုင်ဒင်ကမူ အဆိုပါစစ်ပွဲကို ရှောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ ထို့အပြင် သူသည် အီရန်နှင့်ဖြစ်ပွားမည့် ကိုယ်စားပြုစစ်ပွဲကို ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ထားဆဲဖြစ်သည်။

အပြန်အလှန် ဆွေးနွေးခြင်းမှတစ်ဆင့် အီရန်နှင့် တင်းမာမှုများ ပြေလျော့သွားစေရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး အစ္စရေး-ဟားမာ့စ် စစ်ပွဲ အရှိန်မြင့်တက်လာခြင်းမရှိအောင် လပေါင်းများစွာ နည်းလမ်းရှာနေခဲ့ ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ် ဖွဲ့များကို အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွ များ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုက ဘိုင်ဒင်အစိုးရအတွက် ကြေညာထားခြင်း မရှိသော သတိပေးမျဉ်းကြောင်းကို ဖြတ်သွား ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အီရန် ကျောထောက်နောက်ခံပြု နောက်ထပ်အုပ် စုဖြစ်သော ယီမင်၏ ဟူသီရ်တို့ကို တိုက် ခိုက်ထားသည်။ ပင်လယ်နီ ရေလမ်းကြောင်း တွင် ဟူသီရ် တိုက်ခိုက်မှုများ လုပ်ဆောင် ခြင်းမပြုရန် သတိပေး၍မရဖြစ်ခဲ့ပြီးနောက် အမေရိကန်က ယီမင်ရှိ ဟူသီရ်ပစ်မှတ်များ ကို တိုက်ခိုက်ခြင်းဖြစ်သည်။ ပင်လယ်နီတွင် ခုတ်မောင်းနေသော ကုန်တင်သင်္ဘောများ အထူးသဖြင့် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောများကို တိုက်ခိုက်ခြင်းသည် အမေရိ  ကန်၏ မဟာမိတ် အစ္စရေး ဗုံးကြဲတိုက်ခိုက်မှု ကို ခံနေရသော ပါလက်စတိုင်းပြည်သူများ နှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြ သသည့် လုပ်ရပ်များဖြစ်သည်ဟု ဟူသီရ်က သူပုန်များက ပြောသည်။

ဘိုင်ဒင်၏ ရီပတ်ဘလီကင်ပြိုင်ဘက် များက အီရန်ကို ထိုးစစ်ဆင်ရန်နှင့် အီရန်ကို ပေါ်တင် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းပြောကြားလျက်ရှိသော ရွေး ကောက်ပွဲနှစ် (၂၀၂၄ ခုနှစ်) ၏ နှစ်စပိုင်းဖြစ် သော ဇန်နဝါရီလတွင် ဖြစ်ပေါ်လာသည့် ဂျော်ဒန်တိုက်ခိုက်မှုကို ချက်ချင်းလက်ငင်း တုံ့ပြန်မည်ဟု အိမ်ဖြူတော်က ကတိပေးထား သည်။

သို့ရာတွင် အီရန်နှင့် စစ်မက်ဖြစ်ပွားလို ခြင်းမရှိဟု ဘိုင်ဒင်အစိုးရက ပြောကြားထား သည်။ အီရန်တာဝန်ရှိသူများကလည်း ဂျော် ဒန်တိုက်ခိုက်မှုသည် မိမိတို့နှင့်မသက်ဆိုင် ဟု ပြောသည်။

ဒါဟာ ဖြစ်နိုင်ခြေနှစ်ထဲက တစ်ခုကို ရွေးရမှာဖြစ်ပါတယ်”ဟု အရှေ့အလယ်ပိုင်း အင်စတီကျုရှိ အီရန်ပရိုဂရမ်တည်ထောင် ရေးဒါရိုက်တာ အဲလက်စ်ဗာတန်ကာက ပြောသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ် က အစ္စရေးကို တိုက်ခိုက်ပြီးနောက်ပိုင်း အီရန်၏ရည်မှန်းချက်မှာ အစ္စရေး၊ အမေရိ ကန်တို့နှင့်ဖြစ်ပွားမည့် စစ်ပွဲကို ရှောင်ရန်ဖြစ် သည်ဆိုသော်လည်း ရေရှည်ကစားပွဲအစီ အမံ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် နှစ် နိုင်ငံစလုံးကို ညှစ်ထုတ်ရန် ဤအခါအခွင့် ကို အသုံးပြုလျက်ရှိသည်။

အီရန်ကဲ့သို့ အမေရိကန်ပြည်ထောင် စုကဒေသတွင်း ပဋိပက္ခမြင့်တက်လာခြင်း ကို စိတ်မဝင်စားဆိုသည်ကို ဘာသာရေး ခေါင်းဆောင်အုပ်ချုပ်နေသော အီရန်နိုင်ငံ က သိရှိထားသည်။

အမေရိကန်ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ပြည်ပ ရန်သူတော်များကို ထိပ်တိုက်ရင်ဆိုင်ရာတွင် အားနည်းနေသည့် အတွက် သမ္မတဂျိုးဘိုင်ဒင် ပြင်းထန်စွာ ဝေ ဖန်ထိုးနှက်ခံနေရသည်ကို အီရန်တာဝန်ရှိ သူများကလည်း သိရှိထားသည်။

ပြဿနာပိုမိုကြီးထွားမလာစေရေးဟု ဆိုကာ အီရန်ထံ သတင်းစကားများပါခြင်း နှင့်အတူ အီရန်ခေါ်နေသည့် တော်လှန်ရေး မဟာမိတ်အုပ်စုများကို နောက်ထပ် အမေရိ ကန်တိုက်ခိုက်မှုများရှိလာမည်ဟု ဗာတန် ကာက ခန့်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စုသည် ကောင်းမွန်သော ရွေးချယ်မှုများမရှိဟု ယခု အခါ အတ္တလန်တစ်ကောင်စီတွင် တာဝန် ထမ်းဆောင်နေသော အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန တာဝန်ရှိသူဟောင်း သော မက်စ်ဝါးရစ်က ပြောသည်။

အီရန်လက်ဝေခံအုပ်စုများ၏ တိုက် ခိုက်မှုများကို အီရန်က တားဆီး၍ရလိမ့်မည် မဟုတ်ပေ။ အီရတ်$ အင်နှင့်အားနှင့်တိုက် ခိုက်မှုက အီရန်ကို မဟာဗျူဟာမြောက် အောင်ပွဲ ရရှိသွားစေနိုင်သည်။ အကြောင်း မှာ အမေရိကန်စစ်သားများ အီရတ်မှ ရုပ် သိမ်းပေးရန် အီရန်က ခိုင်ခိုင်မာမာတောင်း ဆိုလာနိုင်သောကြောင့်ဖြစ်ပါ သည်။

“အီရန်အစိုးရဟာ အမေရိကန် မူဝါဒ ရေးဆွဲသူတွေနဲ့ မဟာဗျူဟာချမှတ်သူတွေ လုပ်ဆောင်နေတဲ့ ဟန့်တားရေးဆိုတာကို မယုံကြည်ပါဘူး”ဟု ၎င်းင်းက ပြောသည်။

အခြားရွေးစရာများသည်ကား အီရန် နိုင်ငံထဲက ထိပ်တန်းစစ်ဘက်နေရာကို ပစ် မှတ်ထားခြင်း သို့မဟုတ် ဆီးရီးယားနိုင်ငံရှိ အီရန်တော်လှန်ရေးအစောင့်တပ်၏ နေရာ များကို ရှင်းလင်းခြင်းတို့ ပါဝင်သည်။ အစ္စ ရေးသည် ဆီးရီးယားနိုင်ငံရှိ အီရန်၏ စစ် ဘက်တည်နေရာများကို တိုက်ခိုက်လျက်ရှိ သည်။

“အဲဒီရွေးချယ်စရာတွေဟာ မကောင်း ပါဘူး။ နှစ်ခုစလုံးက အမေရိကန်ကို ဒေသ တွင်းပဋိပက္ခထဲ ဆွဲသွင်းသွားမယ့် အန္တရာယ် ရှိနေတာကြောင့် အဲဒီနှစ်ခုစလုံးကို ဘိုင်ဒင် အစိုးရက ရှောင်ရှားမယ်လို့ မျှော်လင့်ပါ တယ်”ဟု ၎င်းင်းက ပြောသည်။

ရွေးကောက်ပွဲကျင်းပသည့် နှစ်တစ်နှစ် ၏အစပိုင်းတွင် အီရန်ထောက်ပံ့ပေးထား သောအုပ်စုများနှင့် နောက်ထပ် ပဋိပက္ခဖြစ် ပွားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်ထဲတွင်ပင် သမ္မ တဟောင်း ဒေါ်နယ်ထရန့်က ဘဂ္ဂဒတ်လေ ဆိပ်$ တိုက်ခိုက်မှုလုပ်ဆောင်ရန် ညွှန်ကြား ခဲ့သည်။ အမေရိကန် ဒရုန်းတိုက်ခိုက်မှု ကြောင့် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေ မာနီ သေဆုံးသွားခဲ့ရသည်။ ဆိုလေမာနီ သည် ထိပ်တန်းတော်လှန်ရေးအစောင့်တပ် ၏ လူပြောသူပြောများနေသော ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။

သို့ရာတွင် စောစောပိုင်းလများတွင် ထရန့်သည် အီရန်ကို တိုက်ခိုက်မည့်အစီ အစဉ်များကို ရုတ်တရက် ပယ်ဖျက်ခဲ့သည်။ အမေရိကန် မောင်းသူမဲ့ဒရုန်းကို အီရန် ပစ် ချခြင်းနှင့်ပတ်သက်၍ ပဋိပက္ခ မြင့်တက်လာ မည်ကို စိုးရိမ်သောကြောင့် သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် အီရန်ကို တိုက်ခိုက် မည့်အစီအစဉ်အား ပယ်ဖျက်ခဲ့ခြင်းဖြစ် သည်။

ဘိုင်ဒင်အစိုးရအဖွဲ့ တက်လာသော အခါ အမေရိကန်သည် ဒေါ်နယ်ထရန့် နုတ် ထွက်ခဲ့သည့် ၂၀၁၅ နျူကလီးယားသဘော တူစာချုပ်ကို ပြန်လည်အသက်သွင်းရေးအ တွက် ဥရောပသမဂ္ဂမှတစ်ဆင့် စေ့စပ်ညှိနှိုင်း ကာ အီရန်နှင့် သံတမန်ကိစ္စများ ဆောင်ရွက် ရန် ကြိုးပမ်းခဲ့သည်။

ပိတ်ဆို့မှုများကို ပိုမိုဖြေလျှော့ပေးရန် အီရန်၏ တောင်းဆိုမှုများကြောင့် ဆွေးနွေး မှုများ ပျက်ပြားခဲ့ရသည်။ ၂၀၂၂ ခုနှစ် စက် တင်ဘာလထဲတွင် ပေါ်ပေါက်ခဲ့သော အမျိုး သမီးများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ဘာသာရေးခေါင်းဆောင်များပါဝင်သော အီရန်အစိုးရအဖွဲ့က ပြင်းထန်စွာ ဖြိုခွင်းခဲ့ ပြီးနောက် သဘောတူညီချက်များသည် နိုင်ငံရေးသဘောအရအဆိပ်အတောက်ဖြစ် လာသည်။

ယင်းနောက်ပိုင်းကာလများတွင် အမေ ရိကန်တာဝန်ရှိသူများသည် ဒေသဆိုင်ရာ တင်းမာမှုများနှင့်ပတ်သက်၍ အီရန်ကို တိတ်တဆိတ် ပြောဆိုခဲ့သည်။ အောက်တို ဘာ ၇ ရက်အထိ ဘိုင်ဒင်အစိုးရသည် အမေ ရိကန်တပ်ဖွဲ့များ တိုက်ခိုက်ခံရမှု ကျဆင်း သွားသည်ဟု လေလုံးထွားနေခဲ့သည်။

ယခုအချိန်တွင် အမေရိကန်တာဝန်ရှိ သူများသည် အစိုးရအဖွဲ့အပြောင်းအလဲဆို သောအသုံးအနှုန်းကို ပြောဆိုခြင်းမရှိသော် လည်း အရှေ့အလယ်ပိုင်းဒေသ$ အကြီးစား လုပ်ဆောင်ရမည့် တင်းမာမှုလျှော့ချရေး ဖြေရှင်းနည်း၏ အခြေခံကျသောအပိုင်းမှာ တီဟီရန်၌ အလွန်ကွဲပြားခြားနားသော နိုင် ငံရေး စနစ်တစ်ရပ်လိုအပ်နေခြင်းဖြစ်သည် ဟု ၎င်းင်းတို့ ကောက်ချက်ချခဲ့ကြသည်။

အမေရိကန်စစ်သားများ သေဆုံးမှု သည်အီရန်ကျောထောက်နောက်ခံပြုအုပ်စုက ပဋိပက္ခလှေကားကို ကြီးကြီးမားမား အဆင့်မြှင့်တင်လိုက်ခြင်းကို အမှတ်အသား ပြုနေသည်ဟု အပြည်ပြည်ဆိုင်ရာ အကျပ် အတည်းအုပ်စု (ICG) ရှိအီရန် ပရော်ဂျက် ဒါရိုက်တာအလီဗက်က ပြောသည်။ အမေရိ ကန်စစ်သားများ သေဆုံးသွားသည့် တိုက်      ခိုက်မှုတွင် တာဝန်ရှိသည်ဆိုခြင်းကို အီရန် ဘက်ကငြင်းပယ်မှုသည် သက်ရောက်မှု နည်းနည်းသာရှိပါလိမ့်မည်။ အမေရိကန် ကတုံ့ပြန်သည့်အခါ အမေရိကန်နှင့် အီရန် ထိပ်တိုက်တွေ့မည်လောဆိုသည်ကို စောင့် ကြည့်ရပါမည်။                              Ref: AFP

Photo: AFP

Most Read

Most Recent