တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး အုပ်ချုပ်မှုနှင့် လုံခြုံရေးအားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး အုပ်ချုပ်မှုနှင့် လုံခြုံရေးအားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Published 30 January 2024

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး အုပ်ချုပ်မှုနှင့် လုံခြုံရေးအားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) အမှာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌက မိမိတို့ အစိုးရသည် နိုင်ငံရေးကင်းရှင်းသည့်အစိုးရဖြစ်ပြီး နိုင်ငံရေးအစိုးရမဟုတ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း နိုင်ငံ့ဝန်ထမ်းများကိုသာ အဆင့်အလိုက် တာဝန်ပေးအပ်ထား ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတွင် မှန်မှန် ကန်ကန်ဖြစ်ရမည်ဖြစ်ပြီး ဘက်လိုက်မှုမရှိဘဲ စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဖြစ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍လည်း အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများရှိပြီး လုံခြုံရေးနှင့်ပတ်သက်ပါက တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်အတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စေလိုကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် အုပ်ချုပ်မှုအားနည်း ဖြစ်စဉ်များ၊ လုံခြုံရေးအားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ကြရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအပေါ် တွင် အကောင်အထည်ဖော် ဆောင်ရွက်ရသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများရပ်များကိုလည်း ကူညီဆောင်ရွက်ပေးရသည်များရှိကြောင်း၊ ထို့သို့ လုပ်ငန်းတာဝန်များ များပြားသဖြင့် အစိုးရအဖွဲ့များ၌ အတွေ့ အကြုံရှိသည့် နိုင်ငံ့ဝန်ထမ်းအများစုကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ခန့်အပ်တာဝန်ပေးရာတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊  မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ယခင်ကလွဲမှားခဲ့သည့် လုပ်ငန်းရပ်များကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် နိုင်ငံရေးအရတောင်းဆိုမှုများရှိလာသဖြင့် အခက်အခဲများရှိခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂  ခုနှစ် နှင့် ၂၀၂၃ ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အရဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘောမဆောင်သည့် တုန့်ပြန်မှုများ မရှိခဲ့ပါက ယခုထက် များစွာ တိုးတက်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent