အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် မြန်မာ့စီးပွားရေး

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် မြန်မာ့စီးပွားရေး
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် မြန်မာ့စီးပွားရေး
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် မြန်မာ့စီးပွားရေး
Published 28 January 2024

(၁)

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဆင့်အတန်းသည် MSME အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် အစိုးရ၏အားပေးကူညီမှုနှင့် ယင်းတို့၏ ဖွံ့ ဖြိုးတိုးတက်မှုအပေါ် ကြည့်လျှင် သိနိုင်ပေသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်သော မြန်မာနိုင်ငံတွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွား ရေးတည်ငြိမ်မှု၊ ကျဆင်းမှုနှင့် တိုက်ရိုက်ဆက် စပ်နေလိမ့်မည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ပဋိပက္ခအခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုအတားအဆီး များ၊ ကျပ်ငွေတန်ဖိုးမတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု အခြေအနေပေါင်းစုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအပေါ်  အနုတ်လက္ခဏာ ဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ ကာလတိုအတွက် မြန် မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအနည်း ငယ်သာရှိ သည်ဟု ခန့်မှန်းထားသည်။

စီးပွားရေး ပြန်လည်ဦးမော့ရန်အတွက် ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ရေရှည်ရပ်တည်ရေးအပေါ် မည်သို့ လုပ်ဆောင်မည်နည်းဆိုသည့်အချက်သည် စိတ်ဝင်စားစရာဖြစ်သည်။ အစိုးရတစ်ရပ်အ တွက် ယင်းအချက်သည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

ခေတ်အဆက်ဆက်တွင်  အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင် မြင်ဖွံ့ဖြိုးအောင် ရလဒ်ကောင်းများဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက် အစိုးရအဆက်ဆက် စီးပွားရေးပြုပြင်ပြောင်း လဲ မှုများတွင် အောင်မြင်မှု နည်းပါးခဲ့သည်။ ပြည်တွင်း SME လုပ်ငန်းများမှာ ဒေသတွင်း အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းနည်းပါး ခဲ့သည်။

(၂)

နှစ်လကြာ ဆုတ်ယုတ်လာခဲ့မှုနောက် တွင် အာဆီယံထုတ်လုပ်မှုအခြေအနေများ သည် နောက်ဆုံး PMI ဒေတာအရဆိုပါက နိုဝင်ဘာလတွင် တည်ငြိမ်လာခဲ့ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန် သည့် S&P Global အာဆီယံထုတ်လုပ်မှု  စစ်တမ်းတွင် ဖော်ပြထားသည်။

S&P Global သည် အဓိကအကျဆုံး အညွှန်းကိန်းဖြစ်သည့် ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများရှိ ထုတ်လုပ်သူ စုစု ပေါင်း ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့များမှ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးသည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့်ဖြေကြား ချက်များကို အခြေခံတွက်ချက်ကြောင်း သိရ သည်။

၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ တစ်လပဲလို တော့တဲ့ နိုဝင်ဘာမှာ အော်ဒါအသစ်များ သုံး လဆက်တိုက်ကျဆင်းလာခဲ့ခြင်းက အာဆီ ယံထုတ်ကုန်များအတွက် လက်ရှိဝယ်လို အား အခြေအနေတွေရှေ့ဆက်အားပျော့လာမှုကို အချက်ပြနေပါတယ်။ ဒါပေမဲ့ အခုနှစ်အစော ပိုင်းလတွေမှာ အလုပ်တွေစုစည်းခဲ့မှုက အာ ဆီယံထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်မှုကို ဆက်ပြီး တိုးနိုင်အောင် ပ့ံပိုးခဲ့ပါတယ် ဟု  အာဆီယံကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။

မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ အ ခြေအနေမှာ ၂၀၂၃ ခုနှစ် ကုန်ဆုံးရန် တစ် လအလိုတွင် ဆိုးရွားလာနေကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အ ညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြထား သည်။

(၃)

နိုင်ငံတစ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ သည် ပြောင်းလဲလျက်ရှိပြီး ယင်းကဏ္ဍတိုး တက်မှုသည် လက်ရှိအခြေအနေတွင် ဖြစ် ပေါ်နေသော အပြောင်းအလဲများအပေါ် အဓိကမူတည်နေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် ထုတ်လုပ်မှုကဏ္ဍသည် အဓိကနေရာတွင် ဆက်လက်၍ ရှိနေသည်ဟူသည့် သုံးသပ် ချက်ကို မြန်မာနိုင်ငံ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းစစ် တမ်း (၂၀၁၉) က ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သော ကြောင့် တစ်ကမ္ဘာလုံးစီးပွားရေး အကျပ်အ တည်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာနိုင်ငံ တွင်လည်း ကိုဗစ်-၁၉ အပြင် နိုင်ငံရေးအ ပြောင်းအလဲကြောင့် စီးပွားရေးလုပ်ငန်း အခက်အခဲများစွာနှင့် စိန်ခေါ်မှု များစွာ ကြုံ တွေ့ခဲ့ရသည်။

ယင်းကာလတွင် စီးပွားရေးလုပ်ငန်း များ ပြန်လည်ရှင်သန်ရပ်တည်နိုင်ရန် နိုင်ငံ တော်အစိုးရ၊ COVID-19 ရောဂါ  ကာ ကွယ်၊ ထိန်းချုပ်၊ တားဆီးရေး၊ ကုသရေး လုပ် ငန်းကော်မတီ၊ စီးပွားရေး သက်ရောက်မှု ကုစားရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

အခြားတစ်ဖက်တွင် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များ ကြုံ တွေ့နေရသည့် အခက်အခဲများအတွက် တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

MSME တွေ့ဆုံမှုများတွင် အများဆုံး တင်ပြလာသည့် လိုအပ်ချက်အဖြစ် အရင်း အနှီးအတွက် ချေးငွေလိုအပ်ချက်၊ နည်း ပညာလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်၊ စျေးကွက်လိုအပ်ချက်နှင့် စက်ပစ္စည်းကိရိ ယာ၊ မြေနေရာများ လိုအပ်ချက်များကို တင် ပြကြသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းအနက် အရင်းအနှီးလိုအပ်ချက်ကို အများဆုံးတွေ့ရှိရသဖြင့် နိုင်ငံတော်အနေ ဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျပ် ၁၇၀ ဘီလျံအထိ မတည် ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ သတ်မှတ်ထား သော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိပါက online လျှောက်လွှာဖြင့် ရယူနိုင်ပြီး ပုဂ္ဂလိက ဘဏ် ၁၆ ခုတို့ဖြင့်လည်း ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။

အချို့ကုန်စည်များသည် ပြည်တွင်းတွင် အရည်အသွေးမီ ထုတ်နိုင်သော်လည်း အ များစုသည် ကောင်းစွာမသိကြကြောင်း၊ စျေး ကွက်ရှာဖွေရေးအတွက် ဝန်ကြီးဌာနများမှ တစ်ဆင့် ဆက်သွယ်၍ပြပွဲ၊ ပြိုင်ပွဲများပြု လုပ် ကာ promotion ပြုလုပ်ပေးရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေ သကြီးတို့သည် သီလဝါအထူးစီးပွားရေးဇုန် (SEZ) နှင့်ဆက်သွယ်၍ ပြည်ပစျေးကွက်သို့ ချိတ်ဆက်တင်ပို့နိုင်၍ အချို့ထုတ်ကုန်များ အမှာစာပေးပို့လာသည်ကို တွေ့ရကြောင်း၊ သီလဝါအထူစီးပွားရေးဇုန်တွင် free zone နှင့် promotion zone ဟူ၍ နှစ်ပိုင်းရှိပြီး စီမံ ခန့်ခွဲမှုကော်မတီနှင့် ဆက်သွယ်၍ မိမိတို့၏ ကုန်ပစ္စည်းများကိုတင်ပို့နိုင်ရန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအချင်းချင်း ချိတ်ဆက် ၍ သုံးစွဲသူတို့၏ လိုအပ်ချက်များနှင့် အ ကြိုက်ကိုသိရှိရန်လိုပြီး နည်းပညာဖြင့် အရည် အသွေးမီ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ ကြောင့် စျေးကွက်ရရှိရေး ပြည်နယ်အစိုးရ၊ MSME အေဂျင်စီများအနေဖြင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင် ရွက်နေရန် လိုသကဲ့သို့ လုပ်ငန်းရှင်များ ကလည်း မိမိတို့၏ထုတ်ကုန်များ အရည် အသွေးမြှင့်၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်လို ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ဆက်လက်ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ် ချက်အတွက် ချေးငွေအများဆုံး ကျပ် ၁၀ သန်းမှ သန်း ၁၀၀ အထိ  သက်သာသောအ တိုးနှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံ ခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည်။

MSME ချေးငွေ ထုတ်ချေးရာတွင် ဦး စားပေးလုပ်ငန်းများ သတ်မှတ်ထားသည်။ အဆိုပါလုပ်ငန်းများမှာ (က)တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ (ခ)နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်းများ၊ (ဂ) ဒေသထွက်ကုန်ကြမ်းများကို အခြေခံ ၍ထုတ်လုပ်သောလုပ်ငန်းများ၊ (ဃ)သွင်း ကုန်အစား ထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ (င) ပြည်သူများ၏ အလုပ်အကိုင်ရရှိရေးဖန် တီးပေးနိုင်သည့်လုပ်ငန်းများ၊ (စ) စွမ်းအင် ချွေတာရေး လုပ်ငန်းများ၊ (ဆ)လုပ်ငန်းအ တွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်း နှင့် ပတ်ဝန်းကျင် အန္တရာယ်ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊ (ဇ) ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ရေးမြှင့်တင်နိုင်သည့်လုပ်ငန်းများဖြစ်သည်။

MSME လုပ်ငန်းတစ်ခုကို အများဆုံး ထုတ်ချေးမည့်ပမာဏအနေဖြင့် အသေးစား စီးပွားရေးလုပ်ငန်းအတွက် အများဆုံးကျပ် ၁၀ သန်း၊ အငယ်စားစီးပွားရေးလုပ်ငန်းအ တွက် အများဆုံးကျပ်သန်း ၅၀၊ အလတ်စား စီးပွားရေးလုပ်ငန်းအတွက် အများဆုံးကျပ် သန်း ၁၀၀ ဖြစ်သည်။ ချေးငွေများကို မြန်မာ့ အာမခံလုပ်ငန်း (သို့မဟုတ်)အခြားအာမခံ ကုမ္ပဏီတစ်ခုခု၏ CGI စနစ်ဖြင့် ရယူထုတ် ချေးလိုပါက မြန်မာ့အာမခံလုပ်ငန်း (သို့မ ဟုတ်)  အခြားအာမခံကုမ္ပဏီနှင့် ညှိနှိုင်းဆောင် ရွက်ပေးမည်ဖြစ်သည်။               

ချေးငွေများအတွက် အတိုးနှုန်းအနေ ဖြင့် fixed capital အနည်းဆုံး ရာခိုင်နှုန်း ၃၀ နှင့်အထက် အသုံးပြုမည့်ချေးငွေအတိုး နှုန်း တစ်နှစ်လျှင် သုံးရာခိုင်နှုန်းနှင့် ချေးငွေ သက်တမ်း အများဆုံးသုံးနှစ်ဖြစ်သည်။ working capital (100 %) အသုံးပြုမည့် ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် လေးရာခိုင်နှုန်း နှင့် ချေးငွေသက်တမ်း အများဆုံးတစ်နှစ် ခြောက်လဖြစ်သည်။ CGI စနစ်ဖြင့်ထုတ်ချေး မည့် ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ငါးရာ ခိုင်နှုန်းဖြစ်သည်။(CGI စနစ်ဖြင့် ငွေချေးယူ သူသည် အထက်ပါအတိုးနှုန်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းအပြင် မြန်မာ့အာမခံလုပ်ငန်း  (သို့မဟုတ်) အခြားအာမခံကုမ္ပဏီတစ်ခုခု၏ ပရီမီယံကြေးနှုန်းကို ထပ်ဆောင်းကျခံရမည် ဖြစ်သည်။)

အဆိုပါချေးငွေများအတွက် အာမခံအ နေဖြင့် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ချေး ငွေလုံခြုံမှုအတွက် အာမခံပေးအပ်ရမည်ဖြစ် သည်။

မည်သို့ပင်ဆိုစေကာမူ ရာခိုင်နှုန်း ၉၀ ကျော်ရှိသော အသေးစားနှင့်အလတ်စား စီး  ပွားရေးလုပ်ငန်းများ တိုးတက်မှုမရှိခြင်းသည် နိုင်ငံစီးပွားရေးကို များစွာထိခိုက်စေသည့် အချက်ကိုမူ မငြင်းနိုင်ပေ။

ခေတ်အဆက်ဆက်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိ  သေးသည့်အတွက် စီးပွားရေးပြုပြင်ပြောင်း လဲမှုများ အားနည်းခဲ့ရသဖြင့် အနာဂတ်တွင် MSME များ  ရေရှည်ရပ်တည်နိုင်ရန်နှင့် စီးပွားရေးတိုးတက်ရန်မှာ လတ်တလော အ ခြေအနေများကို မှန်မှန်ကန်ကန်သုံးသပ် လျက် မှန်ကန်သည့်တုံ့ပြန်မှုများကို စနစ်တ ကျလုပ်ဆောင်ရတော့မည်ဖြစ်သည်။

Most Read

Most Recent