၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ သန်းကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ သန်းကျော်ဖြင့် အများဆုံးဖြစ်
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်
Published 27 January 2024

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၉ လအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၂၃ ဒသမ ၄၆၉ သန်း၊ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအ ပါအဝင် ဒေါ်လာ ၁၁၂ ဒသမ ၃၂၀ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်း၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၇၇ ဒသမ ၈၂ဝသန်း၊ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအ ပါအဝင် ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ ဝန် ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၈၀၉ သန်း ဝင်ရောက်ထားသည်။

ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းနီးပါးသာ ဝင်ရောက်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် ၉ လ အတွင်း စုစုပေါင်း FDI ဒေါ်လာ ၆၀၂ သန်း ကျော် ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာအထိ ၉ လအတွင်း ဘရူနိုင်းက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၈၃၅ သန်း၊တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၁၅ ဒသမ ၆၁၈  သန်း ၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ၇ ဒသမ ၀၆၈ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင်ဒေါ်လာ ၁၅ ဒသမ၉၂၄ သန်း၊  အိန္ဒိယက ဒေါ်လာ ၀ ဒသမ ၆၀၀ သန်း၊ဂျပန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၃ ဒသမ ၂၂၉ သန်း၊ Republic of the Marshall Island က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၃ သန်း၊ကိုရီးယားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၂ ဒသမ ၁၆၀ သန်း၊ Samoa က ဒေါ်လာတစ်သန်း၊စင်ကာပူက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၃၄၄ ဒသမ ၅၁၆ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ခုနစ်သန်း၊UK က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁ ဒသမ ၇၁၇ သန်း၊ USA က ဒေါ်လာ ၁ ဒသမ ၀၈၇ သန်းဖြင့် ၉ လအတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၆၀၂ ဒသမ ၂၃၄ သန်းရှိသည်။