ဗဟိုဘဏ်က နှစ်ရက်အတွင်း နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၄ သန်းနှင့် ထိုင်းဘတ် သန်း ၂၅၀ ထပ်မံရောင်းချ

ဗဟိုဘဏ်က နှစ်ရက်အတွင်း နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၄ သန်းနှင့် ထိုင်းဘတ် သန်း ၂၅၀ ထပ်မံရောင်းချ
Published 26 January 2024

ဗဟိုဘဏ်က နှစ်ရက်အတွင်း နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၄ သန်းနှင့် ထိုင်းဘတ် သန်း ၂၅၀ ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ဘတ်သန်း ၅၀ ထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ် သန်း ၅၀ ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်းထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent