■ ၂၀၂၄-၂၀၂၅ ရာသီ လိဂ်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် နှစ်ကျော့ယှဉ်ပြိုင်ရသည့်စနစ်ကိုသာ ဆက်လက်အသုံးပြုမည်     

■ ၂၀၂၄-၂၀၂၅ ရာသီ လိဂ်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် နှစ်ကျော့ယှဉ်ပြိုင်ရသည့်စနစ်ကိုသာ ဆက်လက်အသုံးပြုမည်     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

၂၀၂၄-၂၀၂၅ ရာသီလိဂ်ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို နှစ်ကျော့ယှဉ် ပြိုင်ရသည့်စနစ်သာ ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း EFL(ပရီးမီးယားလိဂ်မပါဝင်ဘဲ အောက်တန်းလိဂ်များဖြင့် ဖွဲ့စည်းထားသည့် အင်္ဂလိပ်ဘောလုံးလိဂ်) အမှုဆောင်ချုပ် ထရီဗာဘာ့ချ်က အတည်ပြုပြောကြားခဲ့သည်။ 

    

လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို (၃၆) သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သောကြောင့် ကြားရက်များတွင် ယှဉ်ပြိုင်ရသည့် ပွဲစဉ်အရေအတွက် ပိုများလာမည်ဖြစ်သည်။ 

ထို့ကြောင့် လိဂ်ဖလားဆီမီးဖိုင်နယ်ကို နှစ်ကျော့ကစားသည့်စနစ် ဖျက်သိမ်းဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ် ခဲ့သော်လည်း EFL နှင့် ပရီးမီးယားလိဂ်တို့အကြား ငွေကြေးခွဲဝေမှုနှင့်ပတ်သက်၍ သဘောတူညီမှုမရသဖြင့် လက်ရှိပုံစံအတိုင်း နှစ်ကျော့သာ ဆက်လက် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းအနေဖြင့် လိဂ်ဖလားဗိုလ်လုပွဲ၌ တတိယအကြိမ် တွေ့ဆုံနေခြင်းဖြစ်ပြီး ယခင်နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားသည်။ 

၎င်းတို့တွေ့ဆုံသည့် ဗိုလ်လုပွဲနှစ်ကြိမ်စလုံး မိနစ် (၉၀)အတွင်း အဖြေထွက်ပေါ်ခဲ့ခြင်း မရှိဘဲ ၂၀၀၅ ပြိုင်ပွဲတွင် မိနစ် ၉၀ အတွင်း (၁-၁) ဂိုးစီသရေ၊ အချိန်ပိုတွင် ချယ်လ်ဆီးအသင်းက (၂-၁) ဂိုး၊ စုစုပေါင်း (၃-၂) ဂိုးဖြင့် အနိုင်ရကာ ၂၀၂၂ ပြိုင်ပွဲတွင် မိနစ် ၉၀ အတွင်း ဂိုးမရှိသရေ၊ ပယ်နယ်တီတွင် လီဗာပူးလ်အသင်းက (၁၁-၁၀) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ 

ယခုနှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် လီဗာပူးလ်အသင်းက အလေးပေးမှု ၁း၂ ဖြင့် ပိုမိုရေပန်းစားနေပြီး ချယ်လ်ဆီးအသင်းက ၆း၄ သတ်မှတ်ခံထားရသည်။

Most Read

Most Recent