■ ရှက်ဗ်ချင်ကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်လာ

■ ရှက်ဗ်ချင်ကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်လာ
Photo: Getty Images
Photo: Getty Images
Published 26 January 2024

ယူကရိန်းလက်ရွေးစင်အသင်း၏ နာမည်ကျော်တိုက်စစ်မှူးဟောင်း ရှက်ဗ်ချင်ကိုသည် ယူကရိန်းဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ 

ရှက်ဗ်ချင်ကိုသည် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် ယူကရိန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

"အခက်ခဲဆုံးအချိန်နဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းဘောလုံးလောကကို တိုးတက်အောင် လုပ်ဆောင်သွားမှာပါ"ဟု ရှက်ဗ်ချင်ကိုက ပြောကြားခဲ့သည်။

အသက် (၄၇) နှစ်အရွယ်ရှိ ရှက်ဗ်ချန်ကိုသည် ယူကရိန်းလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၁၁) ပွဲကစားကာ (၄၈) ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသူဖြစ်သည်။ 

ထို့ပြင် ရှက်ဗ်ချင်ကိုသည် ယူကရိန်းလက်ရွေးစင်အသင်းနည်းပြအဖြစ်လည်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်သည်။ 

Most Read

Most Recent