အရှေ့အလယ်ပိုင်းဒေသတွင်း စစ်မီး

အရှေ့အလယ်ပိုင်းဒေသတွင်း စစ်မီး
Photo: AFP
Photo: AFP
Published 24 January 2024
​​​​​​​မင်းထက်

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်တိုက်ခိုက်မှုနှင့် အစ္စရေး၏နောက်ဆက်တွဲ တုံ့ပြန်တိုက်ခိုက် မှုများဖြစ်သည့် လေကြောင်းထိုးစစ်နှင့် မြေ ပြင်ထိုးစစ်တို့ လုပ်ဆောင်ခဲ့ပြီး ကတည်းက ဤကာလရှည် ရန်သူတော်နှစ်ဦး နောက် ဆုံးထိပ်တိုက်တွေ့ခြင်းက ပိုမိုကျယ်ပြန့် သောဒေသတွင်း စစ်မီးပွားအဖြစ်အရှိန်မြင့် တက်လာနိုင်သည်ဟူသောစိုးရိမ်မှုများရှိနေသည်။

ဒေသတွင်း စစ်ပွဲ ဖြစ်မလာသေးသော်လည်း အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့် အာရပ်-အစ္စရေး ပဋိပက္ခတို့၏ ပိုမိုရှည်လျား သောသမိုင်းက တင်းမာမှုများ မြင့်တက်လာ နိုင်သည်ကို မီးမောင်းထိုးပြလျက်ရှိသည်။

အရှေ့အလယ်ပိုင်းတစ်ခွင်၌ ပိုမိုကျယ်ပြန့်လာသောအကြမ်းဖက်မှုများမြင့်တက် လာခြင်းနှင့်အတူ အီရန် ကမကထလုပ်ပေး ထားသောအုပ်စုများမှတစ်ဆင့် ပဋိပက္ခ ဖြစ်လာနိုင်စရာရှိနေသည့် လမ်းကြောင်း အ များအပြားရှိနေသည်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးများဆိုးရွားလာခြင်းနှင့်အင် အားကြီးနိုင်ငံများ ဆိုခဲ့ပါပဋိပက္ခတစ်ခုခု ထဲပါဝင်လာခြင်းတို့မှ တစ်ဆင့်ပဋိပက္ခဖြစ် လာနိုင်သည့် လမ်းကြောင်းများရှိနေသည်။

မတည်မငြိမ် လက်ဘနွန်

ပထမဦးစွာ အီရန် လက်ဝေခံအုပ်စုများ သည် ၎င်းင်းတို့၏လှုပ်ရှားမှုများကို ပိုမိုသိသာ ထင်ရှားစွာ လုပ်ဆောင်လာနိုင်သည်။ ပါ လက်စတိုင်းသားများနှင့် တစ်စည်းတစ်လုံး တည်းရှိကြောင်း ပြသသည့် ပုံစံဖြင့် လှုပ်ရှား လာနိုင်သည်။ ဟားမာ့စ်နှင့် ပါလက်စတိုင်း ဂျီဟတ်အုပ်စုတို့သည် တော်လှန်ရေးမဟာ မိတ်များအဖြစ် အီရန်က စပွန်ဆာပေးထား သော အုပ်စုများဖြစ်သည်။

လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာ နှင့်ပတ်သက်၍ ပြောရမည်ဆိုပါက ဤအဖွဲ့ သည် အစ္စရေး မြောက်ပိုင်းတွင် ဒုတိယစစ် မျက်နှာ ဖွင့်လာလိမ့်မည်ဟု ဆိုရပါလိမ့်မည်။

အစ္စရေးနှင့်လက်ဘနွန် နယ်စပ်အခြေ အနေသည် တင်းမာမှုများဖြစ်ပွားနေသည် မှာ လချီကြာမြင့်နေပြီဖြစ်သည်။ အထူး သဖြင့်အစ္စရေးက ဟစ်ဇဘိုလာခေါင်း ဆောင်များကို လက်ဘနွန်တောင်ပိုင်းတွင် ပစ်မှတ်ထားလုပ်ကြံမှုများအပါအဝင်တင်း မာမှု အချို့က ယခု ဖြစ်ပွားနေသော ပဋိပက္ခ ကို အမှန်တကယ်ဖြစ်လာမည့် အနေအထား နှင့်နီးစပ်လာစေသည်။

အမေရိကန်ပြည်ထောင်စုက အခြေ အနေကို ဝင်ရောက် ထိန်းသိမ်းရန် ကြိုးပမ်း မှုများသည်လည်း အနည်းအကျဉ်းသာ အောင်မြင်ပါသည်။ အစ္စရေးနှင့်ဟစ်ဇဘို လာတို့ သွယ်ဝိုက်ဆက်ဆံရေးလမ်းကြောင်း များသည် ပွင့်နေသည်။ ပိုမိုပြင်းထန်သော တိုက်ရိုက်ထိပ်တိုက်တွေ့မှုက ၂၀၀၆ တုန်း က အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ ဖြစ်ပွားခဲ့ သည့် စစ်ပွဲပုံစံမျိုး ဖြစ်ပေါ်လာနိုင်စရာရှိနေ သောကြောင့် သွယ်ဝိုက်ဆက်ဆံရေးလမ်း ကြောင်းများသည်ကား အထူးသဖြင့် အရေး ပါနေသည်။ သို့ရာတွင် အစ္စရေးနှင့်ဟစ်ဇ ဘိုလာတို့ ၂၀၀၆ စစ်ပွဲ ဖြစ်ပွားသည့် အနေ အထားမျိုး ပြန်ဖြစ်ရန် အလားအလာနည်း နေသည်ဟု ဆိုရပါမည်။ လက်ဘနွန်သည် နိုင်ငံရေးနှင့်စီးပွားရေးတို့ မတည်မငြိမ်ဖြစ် နေသောကြောင့် အစ္စရေးနှင့်အင်ပြည့်အား ပြည့်စစ်ပွဲကို ဖြစ်ပွားလိုပုံမရပါ။ ဤအနေအ ထားကြောင့် လက်ဘနွန်စစ်တပ်ထက်ပင် အင်အားပိုကြီးသော ဟစ်ဇဘိုလာသည် အ စ္စရေးနှင့်ထိပ်တိုက်တွေ့ဆုံမည်လားဆို သည်မှာ စဉ်းစားစရာပင်။

ဆီးရီးယား၊ အီရတ်၊ ပါကစ္စတန်တို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း

အစ္စရေးကို အမေရိကန် ထောက်ခံမှု သည် ပို၍ မရေမရာဖြစ်လာကြောင်း လွန် ခဲ့သော လများတွင် မြင်တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း အမေရိကန်သည် အစ္စရေး ကို အဓိက ထောက်ပံ့နေသော နိုင်ငံဖြစ်သည် ဆိုသော အချက်မှာ မငြင်းနိုင်ပါ။ ထို့ကြောင့် အစ္စရေးကို အဓိက ပံ့ပိုးသည့် အမေရိကန်၏ စစ်အခြေစိုက်စခန်းများ အရှေ့အလယ်ပိုင်း တွင် ပိုမို တိုက်ခိုက်ခံလာရသည်ကို တွေ့ရ သည်။ ထို့အတွက် အမေရိကန်တပ်ဖွဲ့များက လည်း တန်ပြန် တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်။ သူချကိုယ်ချဆိုသော ပုံစံဖြစ်လာ သော တင်းမာမှုများသည် ယခုအခါ အရှေ့ အလယ်ပိုင်းဒေသကိုသာမက ယင်းဒေသကို ပါကျော်လွန်၍ ဖြစ်ပွားလာနေသည်။

အစ္စရေးသည် ဆီးရီးယားမြို့တော် ဒမတ်စကပ်ရှိ အီရန်နှင့်ဆက်စပ်နေသော ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ ထို့အပြင်  ဂျော်ဒန်ကလည်း မူးယစ်မှောင်ခိုကူးသူများ ကို ဆီးရီးယားတွင် တိုက်ခိုက်ခဲ့သည်။

ဆီးရီးယားတစ်နိုင်ငံလုံး တည်ငြိမ်ရေး နှင့်ပတ်သက်သော စိုးရိမ်မှုများထက်ပို၍ စိုး ရိမ်စရာကောင်းသောအချက်မှာ အီရန်က ဆီးရီးယားရှိ IS ပစ်မှတ်များကို ဒုံးကျည်များ ဖြင့်လက်စားချေ တိုက်ခိုက်မှုဖြစ်သည်။ အီ ရန်သည် ဇန်နဝါရီ ၃ ရက်က ကာမန်မြို့၌ IS ၏အသေခံဗုံးခွဲတိုက်ခိုက်မှုများကို လက်စား ချေသည့်အနေဖြင့် ဆီးရီးယားရှိ IS များကို တိုက်ခိုက်ခြင်းဖြစ်သည်။

အီရန်သည် အဆိုပါအကြောင်းပြချက် ဖြင့်ပင် အီရတ်မြောက်ပိုင်းရှိ အာဘီလ်မြို့ကို တိုက်ခိုက်ခဲ့သည်။ အာဘီလ်မြို့ရှိ အစ္စရေး စပိုင်ရုံးကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု တီ ဟီရန်က ပြောသည်။ ယင်းတိုက်ခိုက်မှုက မတည်မငြိမ်ဖြစ်နေသော အီရတ်နိုင်ငံကို ပို မိုမတည်မငြိမ်ဖြစ်စေသည့်အန္တရာယ်ရှိနေ သောကြောင့် အီရန်၏တိုက်ခိုက်မှုများကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများရှိလာသည်။

အီရန်၏ ထင်ရာစိုင်းလုပ်ဆောင်မှုကို ထပ်မံဖော်ပြလိုက်သည့် တိုက်ခိုက်မှုတစ်ခု မှာ အီရန်သည် အီရန်-ပါကစ္စတန်နယ်စပ် ဒေသတွင် လှုပ်ရှားနေသော ဂျိုက်ရှ်အယ်လ် အဒယ်လ် အကြမ်းဖက်အုပ်စုကို ဝေဟင် တိုက်ခိုက်မှုများ လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ ပါကစ္စတန်သည် နှစ်ရက်အကြာ တွင် အီရန်ကို တုံ့ပြန်တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့သည်။

ယင်းဖြစ်ရပ်များက အချိန်ကြာနေပြီ ဖြစ်သော နယ်စပ်ဖြတ်ကျော်တိုုက်ခိုက်မှု များကို အရှိန်မြှင့်တက်လာစေသည်မဟုတ် ပါ။ သို့တိုင် နိုင်ငံရေးခေါင်းဆောင်များသည် သည်းခံမှုအတိုင်းအတာ အနည်းဆုံးဆို သည်ကို အီရန်နှင့်ပါကစ္စတန် အပြန်အလှန် တိုက်ခိုက်မှုက ညွှန်ပြလျက်ရှိသည်။ တစ်ချိန် တည်းမှာပင် အီရန်သည် နောက်ထပ် ပဋိပ က္ခထပ်မံဖြစ်ပွားလာနိုင်သည့်အနေအထား တွင် အရေးပါသော ကဏ္ဍ$ ပါဝင်ကစား နေသည်ဆိုခြင်းကိို ဆီးရီးယား၊ အီရတ်၊ ပါက စ္စတန်တို့ကို တိုက်ခိုက်သည့် ပုံစံများက ဖော် ပြလျက်ရှိသည်။

ပေါက်ကွဲလုနီးပါး အခြေအနေများ

ပေါက်ကွဲလုနီးပါး အခြေအနေတစ်ခုမှာ ဟူသီရ်က ပင်လယ်နီတွင် ခုတ်မောင်း သွားလာနေသော ကုန်သင်္ဘောများကို တိုက်ခိုက်ခြင်းလောက် ပိုမိုသိသာထင်ရှားသည့် သာဓကမရှိ။

အီရန် ကျောထောက်နောက်ခံပြုထားသော ဟူသီရ်တိုက်ခိုက်မှုများက ကမ္ဘာ့ကုန်သွယ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိသည်။ တစ်နှစ်လျှင် ပင်လယ်နီကို ဖြတ်သန်းသော ကုန်စည်တန်ဖိုးသည် အမေ ရိကန်ဒေါ်လာ တစ်ထရီလျံရှိပြီး အပြည် ပြည်ဆိုင်ရာ ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်း ခန့်ရှိနေသည်။

နှစ်စဉ်အားဖြင့် စူးအက်တူးမြောင်းကို ဖြတ်သန်းနေသော သင်္ဘော ၁၇,၀၀၀ ဝန်း ကျင်ကို အကာအကွယ်ပေးရန် အမေရိကန် နှင့် ဗြိတိန်တို့က ယီမင်ရှိ ဟူသီရ်သူပုန်များကို တိုက်ခိုက်ခဲ့ရသည်။

ယီမင်ကမ်းရိုးတန်းအလွန် နေရာများ တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုက တ ရုတ်၏ပို့ကုန်အသားပေးစီးပွားရေးကိုလည်း ထိခိုက်စေခဲ့သည်။ ထို့ကြောင့် တရုတ်က ပင် လယ်နီအခြေအနေကို အစ္စရေး-ဟားမာ့စ် စစ်ပွဲ၏ တိုက်ရိုက် နောက်ဆက်တွဲအကျိုး ဆက်များအဖြစ် ဘောင်ခတ်ခဲ့သည်။ သို့ဖြစ် ၍ တရုတ်သည် ဟူသီရ်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာ ဏာဖြင့် ပယ်ချခြင်းမပြုပေ။

ပင်လယ်နီ အကျပ်အတည်းက ယီမင် ပြည်တွင်းစစ် ပြီးဆုံးရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို အားနည်းသွားစေနိုင် သည်။ ယီမင်ပြည်တွင်းစစ်သည် ၂၀၁၅ ကတည်းကဖြစ်ပွားနေခြင်းဖြစ်သည်။ ယီမင် ၏နိုင်ငံတကာအသိအမှတ်ပြု အစိုးရက ဟူသီရ်သူပုန်များကို တိုက်ခိုက်ခြင်းကြောင့် ယီမင်ပြည်တွင်း စစ်ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ ပြည်တွင်းစစ်တွင် ဆော်ဒီအာရေဗျ နှင့်ယူအေအီးတို့က ယီမင်အစိုးရကို စစ်ရေး အားဖြင့်အထောက်အပံ့များပေးလျက်ရှိ သည်။

ယီမင်ပြည်တွင်းစစ်တွင် ဆော်ဒီနှင့်အီ ရန်တို့ ဆန့်ကျင်ဘက်တွင်ရှိနေသောကြောင့်  တင်းမာမှုမှန်သမျှက ယင်းနှစ်နိုင်ငံပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည်။

Ref: CNA