ဇန်နဝါရီ ၂၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၆၀ ဝန်းကျင်ရှိနေကြောင်း သိရ

ဇန်နဝါရီ ၂၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၆၀ ဝန်းကျင်ရှိနေကြောင်း သိရ
Published 23 January 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၆၀  ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၄ ခုနှစ်  ဇန်နဝါရီ ၂၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၈၂၇ ကျပ်၊ စင်ကာပူဒေါ်လာ ၂၆၁၆ ကျပ်၊ မလေးရှားရင်းဂစ်ကျပ် ၇၄၉၊ ထိုင်း ဘတ် ကျပ် ၁၀၀.၀၂၊ တရုတ်ယွမ် ၄၈၉ ကျပ်၊ ဂျပန်ယန်း ၂၃.၉၂ ကျပ်တို့ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market Rate အတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်လိုက်သည်။

နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်(Online Trading)တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲစျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသောငွေလဲလှယ်နှုန်းပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

စျေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအားပြည်ပသို့လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

Most Read

Most Recent