ဆက်တိုက် ဖမ်းဆီးခံနေရသည့် မလေးရှားရောက် မြန်မာလုပ်သားများ

ဆက်တိုက် ဖမ်းဆီးခံနေရသည့် မလေးရှားရောက် မြန်မာလုပ်သားများ
မလေးရှားနိုင်ငံ Bandar Tasik Kesuma ပြည်နယ်ရှိ နိုင်ငံခြားသားအများအပြားနေထိုင်သော Baiduri တိုက်ခန်းအား ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် တာဝန်ရှိသူများက ဝင်ရောက်စီးနင်းကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်စဉ် (ဓာတ်ပုံ-မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန)
မလေးရှားနိုင်ငံ Bandar Tasik Kesuma ပြည်နယ်ရှိ နိုင်ငံခြားသားအများအပြားနေထိုင်သော Baiduri တိုက်ခန်းအား ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် တာဝန်ရှိသူများက ဝင်ရောက်စီးနင်းကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်စဉ် (ဓာတ်ပုံ-မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန)
Published 21 January 2024

ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး မလေးရှားတွင် သွားရောက်လုပ်ကိုင်နေသည့်မြန်မာလုပ်သားများအတွက် သတိထားနေထိုင်နေရသည့် အခြေအနေလည်းဖြစ်သည်ဟု မလေးရှားရောက် မြန်မာလုပ်သားအချို့က ပြော ကြားသည်။

အကြောင်းမှာ နှစ်စပိုင်းမှစတင်ကာ မလေးရှားအစိုးရက မလေးရှားနိုင်ငံအတွင်း လာရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားအပါအဝင် နိုင်ငံခြားသားလုပ်သားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများလာ ခြင်းဖြစ်သည်။

“ အခုက မြန်မာအချင်းချင်း တစုတဝေးတည်းမနေရဲဘူး။ ဘေးပတ်ဝန်းကျင်က လုပ်သားတွေလို့ သိလိုက်တာနဲ့ လဝကကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာနဲ့ တစ်ခါတည်း အော်ပရာစီ ဝင်ကြတာ။ အကုန်လုံး အစစ်ခံရတယ်” ဟု မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပူချွန်းဧရိယာတွင် နေထိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလလယ်ပိုင်းကလည်း မြန်မာနိုင်ငံမှ အဆိုတော် အေမီစျာန်နှင့် မော် ဒယ်တစ်ဦးဖြစ်သည့် ဖူးပွင့်ခိုင်တို့မှာ မလေး ရှားနိုင်ငံ ပီနန်းပြည်နယ် ဘာတာဝပ်ရှိ ကလပ် တစ်ခုတွင် ဖျော်ဖြေပွဲပြုလုပ်စဉ် မလေးရှား အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာလုပ်သား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ သည်။

ဇန်နဝါရီ ၁၃ ရက်ညပိုင်းတွင် အဆိုပါ ကလပ်တွင် အဆိုတော် အေမီစျာန်၊ မော်ဒယ် ဖူးပွင့်ခိုင်၊ ဒီဂျေတစ်ဦးဖြစ်သည့် DJ Zoo3 Y  တို့က ဖျော်ဖြေနေစဉ် မလေးရှားအာဏာပိုင် များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

င်းကလပ်တွင် မြန်မာနိုင်ငံသား ၂၀၀ ကျော် စစ်ဆေးခံခဲ့ရပြီး ယင်းတို့အနက်မှ အ ဆိုတော် အေမီစျာန်၊ မော်ဒယ် ဖူးပွင့်ခိုင်နှင့် DJ Zoo3 Y တို့အပါအဝင် လူ ၃၀ ကျော်အား ဘာတာဝပ်ရဲစခန်းသို့ အချုပ်ကားဖြင့် တင် ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

“သူတို့က တရားဝင်ပွဲလုပ်ခွင့်ပါမစ်မရှိ တော့ အဖမ်းခံလိုက်ရတာ။ ကျန်တာတွေက အထောက်အထားမပြနိုင်တဲ့ မြန်မာအလုပ် သမားတွေဖြစ်နေတယ်။ အဲဒီဖြစ်စဉ်က အော် ပရာစီပုံစံ ဝင်ဖမ်းတာ မဟုတ်ဘူး။ ဘေးနား က တိုင်လို့ဖြစ်တာ” ဟု အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိသည့် မြန်မာလုပ်သားတစ် ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများ မှာ ဇန်နဝါရီ ၂၀ ရက်အထိ ပြန်လည်လွတ် မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

“အခုက အစစ်အဆေး အရမ်းကြမ်းတယ် မလေးရှားမှာ။ ဆက်တိုက်ကို အော်ပ ရာစီဝင်တယ်။ အလုပ်သမားအများဆုံးရှိတဲ့ နေရာတွေပေါ့။ ဥပမာ အဆောင်လိုနေရာမျိုး တွေ” ဟု မလေးရှားနိုင်ငံတွင် ရောက်ရှိကာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြား သည်။

မလေးရှားအစိုးရက သူ၏ နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံ ခြားသားအလုပ်သမားများ မရှိစေရန်အတွက်  အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်းမှာ နှစ်စဉ်လုပ်ကိုင်နေသည့် ကိစ္စ ဖြစ်သည်ဟု မလေးရှားနိုင်ငံတွင် ၁၀ နှစ် ကျော်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သားတစ်ဦးက ပြောကြားသည်။

“ အော်ပရာစီက နှစ်တိုင်းရှိတယ်။ နည်း တာနဲ့ များတာပဲကွာတာပေါ့။ မလေးအစိုးရ ရဲ့ လုပ်ကိုင်မှုပေါ်မှာပဲ မူတည်တယ်။ တရား မဝင် ဝင်လာတာများတယ်လို့ သူတို့မသင်္ကာ ရင် အော်ပရာစီဝင်ပြီ” ဟု ၎င်းင်းက ပြောကြား သည်။

ထို့ပြင် ပြည်ပလုပ်သားအများစုနေထိုင် သည့် နေရာများတွင် အလုပ်သမားများက စည်းကမ်းမဲ့နေထိုင်ခြင်းများ ရှိလာပါကလည်း ပတ်ဝန်းကျင်တွင်နေထိုင်သည့် မလေးရှားနိုင် ငံသားများက တိုင်ကြားပါက အဖမ်းခံရနိုင် သည်ဟု အဆိုပါမြန်မာလုပ်သားက ပြော ကြားသည်။

“ စည်းကမ်းနဲ့ မနေရင် ပတ်ဝန်းကျင်က တိုင်တာနဲ့ မလေး လဝကနဲ့ ရဲက ဝင်စစ်ရ တယ်။ တိုင်တာကို မစစ်ရင် အဲဒီအပိုင်က ရဲ နဲ့ လဝက အပြုတ်ပဲ။ အဲဒါကြောင့် ရဲကိုတိုင် ပြီဆိုတာနဲ့ မဖြစ်မနေ ဝင်စစ်ရတယ်။ အဲဒီမှာ အကုန်မိတာပဲ။ တရားဝင်အထောက်အထား ရှိရင်တော့ ဘာမှမဖြစ်ဘူး။ မရှိဘူးဆိုရင်တော့ မလေး လဝကအက်နဲ့ အဖမ်းခံရတယ်။တရား စွဲ ထောင်ချခံရမယ်” ဟု ၎င်းင်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မလေးရှားနိုင် ငံတွင် အော်ပရာစီ စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများမရှိစေရန် အလုပ်သမား များ၏ တန်းလျားများ၊ အဆောင်များကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ် ဆေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လခန့်က မလေးရှားနိုင် ငံ sunway မြို့တွင် မလေးရှားအာဏာပိုင် များက အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက် စစ်ဆေးစဉ် ထွက်ပြေးခဲ့သည့် မြန်မာအလုပ် သမ တစ်ဦး လှေကားပေါ်မှ ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ရန်ကုန်မြို့တွင်နေထိုင် ပြီး မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် ၂၂ နှစ်အရွယ် မရွှေဇင် ထက်ဖြစ်ပြီး သူမအလုပ်လုပ်ကိုင်နေသည့် စားသောက်ဆိုင်၏ နောက်ဖေးလှေကားမှ တစ်ဆင့် ထွက်ပြေးစဉ် လက်လွတ်ပြီး လှေ ကားပေါ်မှ လိမ့်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

မရွှေစင်ထက် အလုပ်လုပ်ကိုင်နေသည့် စားသောက်ဆိုင်မှ ရှစ်ဦးခန့်မှာ တရားမဝင် လုပ်သားများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသ ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

“အော်ပရာစီ တကယ်ဝင်ရင် မလေးရှား အာဏာပိုင်တွေက သူတို့ဝင်မယ့်နေရာကို ပိတ်လိုက်တာ။ တံခါးပိတ်ထားလို့ ဖွင့်မရဘူး ဆိုရင် တံခါးကို တူနဲ့ထုပြီး ဝင်တယ်။ နံရံကြီး ရှိနေရင်လည်း ဖျက်ပြီးဝင်စစ်တာ” ဟု အော် ပရာစီ စီမံချက်ကို တွေ့ကြုံခဲ့သည့် မြန်မာလုပ် သားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း မလေး ရှားတွင် အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက် စစ်ဆေးခြင်းများကို မလေးရှားအာဏာပိုင် များက သတင်းထုတ်ပြန်ခဲ့ရာတွင် ဖမ်းဆီးခံရ သူများတွင် ကလေးငယ်များ၊ အမျိုးသမီးငယ် များလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယခုနှစ်တွင်လည်း မလေးရှားအစိုးရက အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေး ခြင်းများကို စတင်လုပ်ဆောင်လျက်ရှိပြီး လတ်တလောတွင် ဖမ်းဆီးခံရသည့် မြန်မာ လုပ်သားများလည်းရှိနေသည်ဟု မလေးရှား ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် မလေးရှား နိုင်ငံ Bandar Tasik Kesuma မြို့ရှိ နိုင်ငံ ခြားသားအလုပ်သမား အများဆုံးနေထိုင် သည့် baiduri တိုက်တန်းလျားကို မလေးရှား အာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာ ပြည်ပလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရ သည်ဟု မလေးရှားနိုင်ငံ သတင်းဌာနများ က ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အနက် မြန်မာလုပ်သား ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သားအချို့က လူမှုကွန်ရက်စာမျက်နှာ များတွင် ရေးသားထားသည်ကို တွေ့ရသည်။

“baiduri မြို့မှာ မြန်မာအယောက် ၂၀၀ ဖမ်းဆီးခံရ၊ ည ၁၁ နာရီကျော် လဝက ညွှန်ချုပ်ကိုယ်တိုင် ပါဝင်ဖမ်းဆီးသွားပါ တယ်။ မလေးရှား လဝကမှ အိပ်မနေပါဘူး။ တရားမဝင်နေထိုင်သူတွေအိပ်ချိန်မှာ ငါတို့ ဝင်ဖမ်းမည်ဟု ညွှန်ချုပ်ကိုယ်တိုင်ပြောထား ပါသည်။ ယခုဖမ်းဆီးမှုမှာ PGA ,  jpN, jIM  အဖွဲ့ပေါင်းစုံ ၄၅၅ ယောက်ပူးပေါင်းပါဝင်ကာ တရားမဝင်နေထိုင် ၇၅၂ ယောက် ဘင်္ဂလား၊ မြန်မာ၊ အင်ဒိုနီးရှား၊ နီပေါဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ကြေညာထားပါသည်။ ဆောက်လုပ်ရေခွင်များ၊ စက်ရုံ၊ စားသောက်ဆိုင်များ လူနေအိမ်များလည်း တိုင်ကြားလက်ခံစာတွေ ရရှိထားပြီး ဆက်လက် ပိုက်စိပ်တိုက်ဖမ်းဆီး သွားမည်ဟုလည်း ပြောကြားထားပါတယ်” ဟု မလေးရှားတွင် မြန်မာလုပ်သားများ၏ အခြေအနေများနှင့် ပတ်သက်ပြီး သတင်းများ ဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာ တစ် ခုမှ ဖော်ပြထားသည်ကို တွေ့ရသည်။

မလေးရှားအခြေစိုက် သတင်းဌာနများ ၏ ဖော်ပြချက်အရ အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးသည့် အဆိုပါဧရိယာတွင် တရားမဝင်နေထိုင်သူ အများအပြားရှိနေ ကြောင်း တိုင်တန်းချက်အရ တာဝန်ရှိသူ အင်အား ၅၀၀ ကျော်ဖြင့်ဝင်ရောက်စီးနင်းခဲ့ သည်ဟု ဖော်ပြထားသည်။

နေထိုင်သူ ၇၅၂ ဦးအားစစ်ဆေးရာ  ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီး ယား၊ ဆီရာလီယွန်နှင့် ကင်မရွန်းနိုင်ငံသား ၅၆၁ ဦးမှာ တရားမဝင်နေထိုင်ကြောင်းစစ် ဆေး တွေ့ရှိရသဖြင့်ဖမ်းဆီးခဲ့ရကြောင်း ရေးသားထားသည်။

စစ်ဆင်ရေးတွင်ထွက်ပြေးရန်ကြိုးစားသူများ၊ အခန်းတံခါးမဖွင့်ပေးသဖြင့် တံခါးချိုး ဖျက်ရမှုများရှိခဲ့ကြောင်း၊ အဆိုပါဧရိယာတစ် ၀ိုက်တွင် ပြည်ပနိုင်ငံသား ၈၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း၊ အခြားနေထိုင်သူများ၊ ဒေသခံများ နှင့် အိမ်ပိုင်ရှင်များအတွက် မလုံခြုံမှုများနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာသဖြင့် ဝင် ရောက်ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားအာဏာပိုင်များကို ကိုးကားပြီး သတင်းအချို့တွင် ရေးသားထားသည်။

ဖမ်းဆီးရမိသူများမှာ တရားမဝင်နေ ထိုင်သူများဖြစ်ပြီးမလေးရှားနိုင်ငံ၏လူဝင်မှု ကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃ ကို ချိုးဖောက် သည့်အတွက်  Bukit Jalil လူဝင်မှုကြီးကြပ် ရေးဌာနတွင် ထိန်းသိမ်းထားပြီး အရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာ နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူအစရှိသည့် နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သား များပြားလာခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်း ကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/ PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁၃၂၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့၅၅၂၅၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆၄၇၂၀ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀၇၇၇ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွား ရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု ၍စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။

မလေးရှားနိုင်ငံမှာ စရိတ်စက သက်သာ ခြင်း၊ လုပ်ခလစာ ပိုမိုရရှိခြင်းအချက်များ ကြောင့် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများလည်း လက်ရှိအချိန်အ ထိ များပြားလျက်ရှိသည်။

“ မလေးရှားမှာ အလုပ်လာလုပ်ရင် အ နေအထိုင်ကအစ သတိထားရတယ်။ ကိုယ်က သက်တမ်းကုန်သွားလို့ သက်တမ်းမတိုးဘဲ နေရင် နေတဲ့နေရာမှာ ဆူဆူညံညံ လုပ်လို့မရ ဘူး။ ကိုယ်ကမလုပ်ရင်တောင် အတူနေတဲ့ သူတွေက အနေအထိုင်မတတ်ရင် ဘေးက တိုင်လို့ ဝင်စစ်ရင် အဖမ်းခံရမှာပဲ။ အဲဒါ ကြောင့် တရားမဝင်ဖြစ်နေပြီဆိုရင် အနေ အထိုင်ကအစ သတိထားရတယ်” ဟု မလေး ရှားတွင် အလုပ်လုပ်ကိုင်လျက်ရှိသူတစ်ဦးက ပြောကြားသည်။