ဆီးရီးယား၊အီရတ်၊ ပါကစ္စတန်တို့ တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ အီရန်သည် အမေရိကန်နှင့် ထိပ်တိုက် တွေ့ဆုံခြင်းမရှိဘဲ အစ္စရေး-ဟားမာ့စ်စစ်ပွဲ အခြေအနေဆိုးဖြစ်ပေါ်နေချိန် အင်အားပြ ရန် နည်းလမ်းရှာခဲ့သည်။
အိမ်နီးချင်း အီရတ်နိုင်ငံတွင် အီရန် တော်လှန်ရေးအစောင့်တပ်၏ တိုက်ခိုက်မှု များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေ သရှိ အစ္စရေးစပိုင်ရုံးချုပ်များကို ပစ်မှတ် ထားခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်များ တွင် အီရန်တပ်မှူးများနှင့် အီရန်လိုလား သော တပ်မှူးများ လုပ်ကြံခံရခြင်းကို တုံ့ပြန် သည့်အနေဖြင့် အီရတ် ကာ့ဒ်ဒေသတွင် အီ ရန်က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။
အီရန်သည် ဆီးရီးယားတွင် IS အုပ်စု ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ လွန်ခဲ့သောလေးနှစ်က အီရတ်နိုင်ငံ တွင် အမေရိကန်ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော အီရန် တော်လှန်ရေးအ စောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ ကွယ်လွန်သည့် လေးနှစ်မြောက် နှစ်ပတ် လည်နေ့ကို ယခုလအစောပိုင်းတွင် အီရန် တောင်ပိုင်းရှိ မြို့တစ်မြို့တွင်ပြုလုပ်ခဲ့သည်။ အဆိုပါနှစ်ပတ်လည်ပွဲကို တက်ရောက်လာ သော လူအုပ်အတွင်း မိနစ်ပိုင်းသာခြားပြီး အသေခံဗုံးခွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၉၀ ခန့် သေဆုံးခဲ့သည်။ IS အုပ်စု၏ အဆိုပါ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန် သည် ဆီးရီးယားရှိ IS ပစ်မှတ်များကို တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဆက်တိုက်အနှောင့်အယှက် တွေကို တုံ့ပြန်ဖို့ အင်အားပြရေးအတွက် အီ ရန်ခေါင်းဆောင်ပိုင်းမှာ ဖိအားအများကြီးရှိ နေပါတယ်” ဟု နိုင်ငံတကာအကျပ်အတည်း အုပ်စု (ICG) ၌ အီရန်ပရော်ဂျက်ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေသူ အလီဗက်က အေ အက်ဖ်ပီကို ပြောသည်။
“ဒါဟာ ပြည်တွင်း အမာခံအင်အားစု တွေ ကျေနပ်စေဖို့နဲ့ အမေရိကန်၊ အစ္စရေးတို့ နဲ့ တင်းမာမှုတွေ မြင့်တက်လာခြင်းမရှိရေးဆို တဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ အင်အားပြတဲ့ပုံစံ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က အဆိုပါတိုက်ခိုက်မှုများကို မဆင်မခြင် တိုုက်ခိုက်မှုများအဖြစ် ရှုတ်ချခဲ့သည်။ အိမ် ဖြူတော်ပြောရေးဆိုခွင့်ရှိသူကလည်း အမေ ရိကန်စစ်သားများ သို့မဟုတ် အမေရိကန် အဆောက်အအုံများကို ထိမှန်ခြင်းမရှိဟု ပြောကြားခဲ့သည်။
အီရတ်က ဘဂ္ဂဒတ်ရှိ အီရန်သံတမန် ကို ဆင့်ခေါ်ခဲ့သည်။ အီရတ်သည် မိမိ၏အချုပ်အခြာအာဏာ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ မဟာမိတ် အီရန်ကို ပြင်းထန် စွာ အပြစ်တင်သည့်အနေဖြင့် ဆွေးနွေးတိုင် ပင်မှုများ ပြုလုပ်ရန်အတွက်ဟုဆိုကာ တီဟီ ရန်မြို့ရှိ မိမိ၏သံအမတ်ကြီးကို ပြန်လည် ခေါ်ယူခဲ့သည်။
အာဘီမြို့ကို တိုက်ခိုက်သည့် ပစ်မှတ် မှာ အစ္စရေး ထောက်လှမ်းရေးရုံးချုပ်ဖြစ် သည်ဟု အီရန်က ပြောဆိုခြင်းကို အီရတ် အ မျိုးသားလုံခြုံရေးအကြံပေး ကာဆမ်အယ်လ် -အရာဂျီက စောဒကတက်ခဲ့သည်။ ပျက်စီး သွားသော အဆောက်အအုံကို သွားရောက် ကြည့်ရှုခဲ့ပြီးနောက် အဆိုပါအဆောက်အ အုံမှာ အီရတ် လုပ်ငန်းရှင်တစ်ဦး၏ မိသားစု နေအိမ်ဖြစ်သည့် အထောက်အထားများကို တွေ့ရသည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း လူလေးဦး သေ ဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု အီ ရတ်၏ ကာ့ဒ်လုံခြုံရေးကောင်စီက ထုတ်ပြန် ခဲ့သည်။
သေဆုံးသွားသော အရပ်သားအချို့ တွင် ထင်ရှားသော လုပ်ငန်းရှင် ပက်ရှဝါဒီဇာ ရီပါဝင်သည်ဟု ကာ့ဒ်ဒီမိုကရက်တစ်ပါတီ က ပြောကြားသည်။
စစ်ပွဲကို ရှောင်ခြင်း
ဆီးရီးယားတိုက်ခိုက်မှုသည် ကီလိုမီ တာ ၁, ၂၀၀ (မိုင် ၇၅၀) အကွာအဝေးအတွင်း အီရန်၏ အဝေးဆုံး ဒုံးကျည်ပစ်လွှတ်မှုဖြစ် သည်ဟု အီရန်အစိုးရသတင်းဌာန IRNA က ဖော်ပြခဲ့ပြီး အစ္စရေးကို တိုက်ရိုက်သတင်း စကားပါးမှုအဖြစ် အဓိပ္ပာယ်ကောက်ယူနိုင် သည်ဟုဆိုသည်။
IRGC သည် ဆီးရီးယားနိုင်ငံရှိ ပစ် မှတ်များကိုလည်း ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။ အထူးသ ဖြင့် မကြာသေးမီက IS အုပ်စုက လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်စစ်ဆင်ရေးများနှင့် ဆက်စပ်နေသော တပ်မှူးများနှင့် အဓိက အဖွဲ့များ ဆုံတွေ့ရာနေရာများကိုလည်း ပစ် မှတ်ထားခဲ့သည်ဟု ၎င်းတို့၏ ဆီပါသတင်း ဌာနက ဖော်ပြခဲ့သည်။
ဆီးရီးယားတွင် လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုသည် တောင်ပိုင်းမြို့များဖြစ် သော ကာမန်းနှင့် ရာ့စ်တို့တွင် အီရန်နိုင်ငံ သားများကို သေဆုံးစေခဲ့သော အကြမ်းဖက် အုပ်စုများ၏ မကြာသေးမီက တိုက်ခိုက်များ ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြ ထားသည်။
“အီရန်ဟာ အစ္စရေးဆန့်ကျင်မှု စစ် ဆင်ရေးကို လက်တွေ့ကျကျ အင်တိုက်အား တိုက် ဆက်လက်ထောက်ခံနေပါတယ်”ဟု တီဟီရန်တက္ကသိုလ် ပါမောက္ခ တိုဟစ်အ ဆာဒီက ပြောသည်။
အီရန်သည် ၁၉၇၉ အစ္စလာမ်မစ် တော်လှန်းကတည်းက ၎င်းနိုင်ငံခြားရေး မူဝါဒ၏ အရေးအကြီးဆုံးအချက်အဖြစ် ပါ လက်စတိုင်းအရေးကို ထောက်ခံခဲ့သည်။
အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်သည် ပါလက်စတိုင်းစစ်သွေး<ကအုပ်စု ဟားမာ့စ် ကို ထောက်ခံလျက်ရှိပြီး အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်၏ ပြင်းပြင်း ထန်ထန်တိုက်ခိုက်မှုအား အောင်မြင်မှုအ ဖြစ် ထုတ်ဖော်ချီးကျူးထားသည်ဆိုသော် လည်း အစ္စရေးကို ဟားမာ့စ် တိုက်ခိုက်ရာ တွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမှန်သမျှကို အီရန်က ပယ်ချထားသည်။
“တိုက်ရိုက် ကြားဝင်မှုမှန်သမျှဟာ ဒေ သကို အင်ပြည့်အားပြည့် ထိပ်တိုက်တွေ့မှု ထဲ ဆွဲသွင်းသွားမယ့် အန္တရာယ်ရှိနေတာ ကို အီရန်က သိနေပါတယ်”ဟု အဆာဒီက ပြောသည်။
“ဒါဟာ အီရန်အတွက် စိတ်ကြိုက်တွေ့ မှုအနည်းဆုံး ဖြစ်နိုင်ခြေဖြစ်ပါတယ်”ဟု ၎င်းင်း က ဖြည့်စွက်ပြောသည်။
နိုင်ငံတကာရေးရာ အထူးကျွမ်းကျင်သူ ဖေယက်ဇာဟက်ကလည်း အဆာဒီပြောဆို မှုကို သဘောတူသည်။
“အီရန်၊ အမေရိကန် ဒါမှမဟုတ် အ ခြားအင်အားကြီးနိုင်ငံတွေဟာ တိုက်ရိုက် ထိပ်တိုက်တွေ့တာကို စိတ်မဝင်စားကြပါ ဘူး။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်အကွက်ကိုယ် ကစားနေကြတာဖြစ်ပါတယ်”ဟု ဇာဟက်က ပြောသည်။
အီရန်ဥသျှောင် အယာတိုလာခါမေ နီ၏ ၃၅ နှစ်ကြာ အာဏာသက်တမ်းအ တွင်း ထူးခြားလက္ခဏာမှာ စစ်ပွဲကို ရှောင် ရင်း အီရန်၏ စစ်ရေးသြဇာကို ထိန်းသိမ်း ထားရေးပင်ဖြစ်သည်ဟု ဇာဟက်က ပြော သည်။
အောက်တိုဘာ ၇ ရက်တွင် အစ္စရေး- ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက လက်ဘနွန်၏ အီရန်ကျောထောက်နောက်ခံ ပြု ဟစ်ဇဘိုလာအဖွဲ့နှင့် အစ္စရေးတပ်ဖွဲ့များ သည် ပုံမှန်နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။
ယီမင်၏ အီရန်နှင့် မဟာမိတ်ဖွဲ့ထား သော ဟူသီရ်သူပုန်များသည် ပင်လယ်နီရေ လမ်းကြောင်းကို ပစ်မှတ်ထားသော ဒရုန်း တိုက်ခိုက်မှုများနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ကို လုပ်ဆောင်လျက်ရှိရာ သင်္ဘောကုမ္ပဏီ များသည် ပင်လယ်နီကို ရှောင်ကွင်းနေရ သည်။
လွန်ခဲ့သော သီတင်းပတ်တွင် အမေရိ ကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် ဟူ သီရ်ထိန်းချုပ်ထားသော စစ်ဘက်နေရာ ၃၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက် ခိုက်မှုများကို အီရန်က ပြစ်တင်ရှုတ်ချခဲ့ သည်။
ဟူသီရ်တို့၏ လုပ်ဆောင်ချက်များကိုခါ မေနီက ထုတ်ဖော်ချီးကျူးခဲ့ပြီး အဆိုပါကြိုး ပမ်းအားထုတ်မှုများသည် အောင်ပွဲရသည် အထိ ဆက်လက်ရှိနေလိမ့်မည်ဟု ပြောကြား ခဲ့သည်။
ဒေသတွင်းက တော်လှန်ရေးအုပ်စုများ ကို ထောက်ပံ့ရေးသည် မိမိ၏တာဝန်တစ်ရပ် အဖြစ် ရှုမြင်ထားသည်ဆိုသော်လည်း ယင်း အဖဲဲွ့များသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရာ တွင် သီးခြားလွတ်လပ်မှုရှိကြသည်ဟုအီရန် က ပြောသည်။
“ကျွန်တော်တို့ဟာ ဒေသဆိုင်ရာစစ်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်”ဟု ဗက်က ပြော သည်။ အီရန်သည် ပါကစ္စတန်ပိုင်နက်ထဲ တွင် ဒုံးကျည်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ကလေးနှစ်ဦး သေဆုံးသွားသည်ဟု ပါကစ္စ တန်ကပြောသည်။
Ref: AFP