အာရှဖလားနှင့် အာဖရိကနိုင်ငံများဖလား ပွဲကြိုသုံးသပ်ချက်

အာရှဖလားနှင့် အာဖရိကနိုင်ငံများဖလား ပွဲကြိုသုံးသပ်ချက်
Photo: Facebook
Photo: Facebook
Published 18 January 2024

E.ဂီနီ နှင့် ဂီနီဘစ်ဆော (မြန်မာစံတော်ချိန် ကြာသပတေးည ၈း၃၀ နာရီ)

E.ဂီနီအသင်းက နိုင်ဂျီးရီးယားအသင်းကို သရေခံကစားနိုင်ခဲ့တယ်။ နှစ်သင်းခြေစွမ်းမကွာလို့ ဂီနီဘစ်ဆော သရေမျှော်လင့်လို့ရတယ်။

အိုင်ဗရီကို့စ် နှင့် နိုင်ဂျီးရီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

နှစ်သင်းခြေစွမ်း သိပ်မကွာပေမဲ့ တိုက်စစ်ပိုင်းမှာတော့ နိုင်ဂျီးရီးယားအသင်းက လုပ်ရည်ကိုင်ရည်ပိုရှိပြီး အိုင်ဗရီကို့စ်ကတော့ ဟန်ချက်ပိုညီပါတယ်။ အိုင်ဗရီကို့စ်အနေနဲ့ အိမ်ရှင် ပရိသတ်အားလည်းရှိနေတာ ထည့်တွက်ရမယ်။ အိုင်ဗရီကို့စ်ကိုပဲ ရွေးချယ်ချင်တယ်။

အီဂျစ် နှင့် ဂါနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ကစားသမားတစ်ဦးချင်းခြေစွမ်းကိုကြည့်ရင်တော့ ဂါနာအသင်းက နှာတစ်ဖျား ပိုသာပါတယ်။ ဆာလာ၊ အယ်လ်နန်နီတို့ ဦးဆောင်လာတဲ့ အီဂျစ်အသင်းကတော့ ပြိုင်ပွဲမှာ အအောင်မြင်ဆုံးဖြစ်ပြီး အစဉ်အလာကြီးမားပါတယ်။ သရေကျဖို့များလို့ ဂါနာကို ပိုကြိုက်တယ်။

ဆီးရီးယား နှင့် သြစတြေးလျ (မြန်မာစံတော်ချိန် ကြာသပတေးည ၆းဝ၀ နာရီ)

သြစတြေးလျအသင်းမှာ ရိုင်ယန်၊ အာဗိုင်းတို့လောက်ပဲ လူဟောင်းပါဝင်ပြီး မျက်နှာသစ်ကစားသမားတွေ အတော်များပါတယ်။ ဆီးရီးယားအသင်းက သြစတြေးလျနဲ့ တွေ့ဆုံမှုတိုင်းမှာ ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရတယ်။ သြစတြေးလျအသင်း ဂိုးမပြတ်လောက်ဘူး။

အိန္ဒိယ နှင့် ဥဇဘက်ကစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၉းဝ၀ နာရီ)

ဆယ်စုနှစ်နှစ်ခုကျော်ကြာမှ ဒီနှစ်သင်း ပြန်လည်ဆုံတွေ့ ကြတာပါ။ ဥဇဘက်ကစ္စတန်အသင်းမှာ အသင်းခေါင်းဆောင် ရှိုမူရိုဒေါ့ဗ် အခုပြိုင်ပွဲမှာ မပါဝင်နိုင်ပေမဲ့ ကစားသမားပိုင်းအရတော့ အိန္ဒိယထက် အဖက်ဖက်က သာပါတယ်။ ဒါပေမဲ့ ဥဇဘက်ကစ္စတန် (၃)ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။

ပါလက်စတိုင်း နှင့် ယူအေအီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂းဝ၀ နာရီ)

ပါလက်စတိုင်းက နိုင်ငံရေးအခြေအနေကြောင့် အသင်းလိုက်စုစည်းမှု ကောင်းကောင်းမရှိခဲ့ဘူး။ ယူအေအီး အနိုင်ကစားဖို့များတယ်။

Most Read

Most Recent