ဇန်နဝါရီ ၁၂ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ရှိနေ

ဇန်နဝါရီ ၁၂ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ရှိနေ
Published 12 January 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်း ကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ  စျေးကွက်အတွင်းနိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသောငွေလဲလှယ်နှုန်းအပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

စျေးကွက်အတွင်း  ဝယ်ယူရရှိခဲ့သည့်ပ နိုင်ငံခြားငွေအား ပြည်ပသို့လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ  လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

Most Read

Most Recent