■ ဂွီရာဆေးအတွက် မန်ယူအသင်း အမြန်လှုပ်ရှားရမည်

■ ဂွီရာဆေးအတွက် မန်ယူအသင်း အမြန်လှုပ်ရှားရမည်
Photo: Getty Images
Photo: Getty Images
Published 12 January 2024

မန်ယူအသင်းသည် စတုဂတ်အသင်းမှ ဂီနီတိုက်စစ်မှူး ဂွီရာဆေးကို ခေါ်ယူရန် ကြိုးပမ်းနေရာ ၎င်း၏ လျော်ကြေးစာချုပ် အသက်ဝင်နေစဉ် အမြန်လှုပ်ရှား ရမည်ဖြစ်ကြောင်း သိရသည်။ 

ဂွီရာဆေးသည် လက်ရှိအချိန်၌ စတုဂတ်အသင်းမှ ပေါင်(၁၅)သန်းဖြင့် ထွက်ခွာခွင့်ရရှိနေသော်လည်း အဆိုပါလျော်ကြေး စာချုပ်သက်တမ်းမှာ ဇန်နဝါရီလဝက်တွင် အဆုံးသတ်မည်ဖြစ်သည်။ 

ထို့ကြောင့် မန်ယူအသင်းအနေဖြင့် အမြန်လှုပ်ရှားရမည်ဟု Bild က ဖော်ပြခဲ့သည်။

အသက် (၂၇) နှစ်အရွယ်ရှိ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူး ဂွီရာဆေးသည် ယခုရာသီတွင် စတုဂတ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၆) ပွဲတွင် (၁၉) ဂိုးအထိ သွင်းယူပေးထားသည်။ 

Most Read

Most Recent