ကူကူရယ်လာကို အာဆင်နယ် စိတ်ဝင်စား

ကူကူရယ်လာကို အာဆင်နယ် စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 11 January 2024

အာဆင်နယ်အသင်းသည် ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးနောက်ခံကစားသမား ကူကူရယ်လာကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ စပိန်နောက်ခံကစားသမား ကူကူရယ်လာသည် ဘယ်နောက်ခံနေရာသာမက ခံစစ်အတွင်းလူအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။

လက်ရှိ အာဆင်နယ်အသင်း၏ ဘယ်နောက်ခံနေရာတွင် တင်မ်ဘာ ဒဏ်ရာရနေသလို၊ ဇင်ချန်ကိုမှာလည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည်။

အာဆင်နယ်အသင်းသည် ဘယ်နောက်ခံနေရာအတွက် လန်ဒန်ပြိုင်ဘက် ချယ်လ်ဆီးအသင်းမှ ကူကူရယ်လာကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

Most Read

Most Recent