ဇန်နဝါရီ ၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချ

ဇန်နဝါရီ ၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချ
Published 5 January 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်းထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၃ သန်းနီးပါး ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့ကြောင်း ဗဟိုဘဏ်  က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့် ညီမျှသောတရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

သီလဝါဆိပ်ကမ်းမှ စက်သုံးဆီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဖြူး ရာတွင်မျှောစနစ်ဖြင့်ဆောင်ရွက်နေပြီး အွန်လိုင်းမှတစ်ဆင့် မျှောစနစ်ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင် မျှောထုတ်ယူရသည့်စနစ်မှ အွန်လိုင်းဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့အသုံးပြု သွားနိုင်ရေးနှင့် Software pepf စနစ်တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူသုံးစွဲမှု အခြေအနေကို ကြီးကြပ်စောင့်ကြည့် နိုင်ရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်ကြရန်နှင့် စက်သုံးဆီအရောင်းဆိုင်များက အများပြည်သူသို့ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့် အရည်အသွေးနှင့်အချိန်အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဆီတင်/ဆီ ချဆောင်ရွက်ရာတွင် စက်သုံးဆီများ ယိုဖိတ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို အရည်အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်စခန်းများသို့ သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့သည်။              

ယခင်က သီလဝါမှ စက်သုံးဆီများထုတ်ယူရာတွင် သတ်မှတ်ထားသည့် Terminal များတွင် ဆီဆိုင်များက ရရှိသည့် စက်သုံးဆီခွဲတမ်းများ ထုတ်ယူပြီး ပြည်နယ်နှင့်တိုင်းများသို့ သယ်ဆောင်၍ ဆိုင်များတွင် ရောင်းချနေ သည့် ပုံစံဖြစ်ပြီး ယခုတွင် ထုတ်ယူပြီးသည့် စက်သုံးဆီများကို ပြည်နယ်နှင့်တိုင်းများသို့ သယ်ဆောင်ရာတွင် မျှောစနစ်ဖြင့် ထုတ်ပေးသည့်အခြေအနေသို့ ပြောင်းလဲခြင်းဖြစ်သည်။

လတ်တလောတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တန်းစီဝယ်ယူနေခြင်း အများအပြားဖြစ်ပေါ်နေကြောင်း၊ မကြာမီ စက်သုံးဆီပြတ်လပ်မည်၊ စျေးတက်မည်ဆိုသော ကောလာဟလသတင်းများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ပြီး ပုံမှန်သုံးစွဲမှု ပမာဏထက် ကျော်လွန်ဝယ်ယူနေခြင်းများဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းဇော်က ပြောကြား ထားသည်။

ပြည်ပတွင်လည်း မြန်မာနိုင်ငံအတွက် ဝယ်ယူပြီးဖြစ်သည့် စက်သုံးဆီများကို ဆီတင်သင်္ဘောများပေါ် တင်ဆောင်ဖြည့်တင်းလျက်ရှိသည့်အပြင် ဆီဖြည့်တင်းပြီး လာရောက်ဆဲ ဆီတင်သင်္ဘောများလည်းရှိကြောင်း၊ မြန်မာနိုင်ငံအတွက် စက်သုံးဆီဝယ်ယူထားပြီး ဆီတင်သင်္ဘောများပေါ် တင်ဆောင်ခြင်း၊ လမ်း ခရီးသယ်ယူခြင်း၊ မြန်မာနိုင်ငံပင်လယ်ဝ၌ အသင့်စောင့်ဆိုင်းခြင်းနှင့် ဆိပ်ကမ်းများ၌ ဆိုက်ကပ်ချယူသည့် လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိနေကြောင်း ဦးသန်းဇော်ကဆိုသည်။

Most Read

Most Recent