၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ ၁၂ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၃၉ စင်း ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ ၁၂ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၃၉ စင်း ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့
Published 2 January 2024

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ ၁၂ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၃၉ စင်းဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ဝင်ရောက်ထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင် ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ရန် လျာထားကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့  စံချိန်တင်အကြီးဆုံးကုန်သေတ္တာတင်သင်္ဘော ဆိုက်ကပ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည်။

ရေလမ်းကြောင်းတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာရှိဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခြင်း ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် ရေလမ်းကြောင်းတိုးတက်ကောင်းမွန် ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရေလမ်းကြောင်းကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်သည့် သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှု ပေးလာနိုင်ခဲ့ပြီး ဇွန် ၂၂ ရက် နံနက်က အေးရှားဝေါလ်ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အ ခြေစိုက် SITC Shipping line မှ  LOA ၁၈၅.၉၉ မီတာ GRT ၂၉၂၃၁  တန်နှင့် ကုန်သေတ္တာ ၂၆၉၈ TEU တင်ဆောင်နိုင် သည့်  MV SITC Zhoming ကုန်သေတ္တာ သင်္ဘောကြီးသည် ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့သည်။

 ၂၀၂၂ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent