ထိုင်းနိုင်ငံအလယ်ပိုင်း ပထုံဌာနီပြည် နယ်တွင် မြန်မာနိုင်ငံသားအချင်းချင်း အရက် အလွန်အကျွံမူးယစ်သောက်စားပြီး ရန်ဖြစ် ကြရာမှ လူသတ်ထွက်ပြေးနေသူ မြန်မာ လုပ်သားတစ်ဦးကို ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချင်ဆောင်ပြည်နယ်တွင် ငါးရက်အကြာ ဒီဇင်ဘာ ၂၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း ပထုံဌာနီပြည် နယ်၊ လတ်လွန်ကျောမြို့နယ်၊ နားမိုင်းရပ် ကြက်ဝိုင်းတစ်ခုတွင် ဒီဇင်ဘာ ၂၅ ရက်က မကြာခဏ ပစ္စည်းပျောက်ဆုံးမှုကြောင့် ည အိပ်စောင့်ဆိုင်းနေသည့် မြန်မာလုပ်သား အချင်းချင်း အရက်အလွန်ကျွံမူးယစ်သောက် စားပြီးနောက် စကားများရန်ဖြစ်ရာမှ လူသတ် မှုကျူးလွန်ကာ ထွက်ပြေးရှောင်တိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသရဲတပ်ဖွဲ့ဌာနနှင့် လူဝင်မှုကြီးကြပ် ရေးရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က သံသယရှိ လူသတ်မှုကျူးလွန်သူကို ဖမ်းဝရမ်း ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်က ချာချင်ဆောင်ပြည်နယ်၊ ဖနွန်စမ်ခမ်မြို့နယ်၊ ဗန်းဆောင်းရပ်ကွက် နေအိမ်အခန်းရှေ့တွင် ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာလုပ်သား ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘက်မှလာသော သတင်းများအရ သိရ သည်။
“သင်ခန်းစာယူစရာပါ။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ လူသတ်မှုကျူးလွန်ပြီးတော့ ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချင်ဆောင်ပြည် နယ်ထဲမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်းအမိန့် အရ ပြန်လည်ဖမ်းမိခြင်းဖြစ်ပါတယ်။ ထိုင်း ရောက် မြန်မာအချင်းချင်း လူသတ်မှု၊ လက် ရောက်မှုရဲ့အဆုံးစွန်ထိဖြစ်တယ်ဆိုတာ အင် မတန်အမင်္ဂလာသတင်းဖြစ်ပါတယ်။ မိခင် ထိုင်းနိုင်ငံသားတွေရဲ့ ရွံရှာမုန်းတီးစက်ဆုပ် မှုကြားထဲမှာ အခြားသော မြန်မာနိုင်ငံသား တွေ ရှင်သန်ရမယ့်ဘဝဟာ ရေရှည်မှာ မကောင်းပါဘူး။ အဲဒါကြောင့် တစ်ယောက် နဲ့တစ်ယောက် စကားခွန်းကြီးခွန်းငယ်များချင်များပါ။ လူ့အသက်ဆုံးရှုံးလောက်တဲ့အထိ လက်ရောက်မှုမလုပ်ကြပါနဲ့။ ဒီလူသတ်မှုရဲ့ အခြေခံဟာ အရက်သေစာအလွန်အကျွံ သောက်ရာကနေဖြစ်တာပါ။ လောင်းကစား လုပ်ရာကနေ၊ သောက်စားရာကနေဖြစ်လေ့ ဖြစ်ထရှိပေမဲ့ လက်ရောက်မှုရဲ့အဆုံးစွန် သောအခြေအနေအထိ၊ လူသတ်မှုအထိမဖြစ် ရလေအောင် ၀ိုင်းဝန်းထိန်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။