ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (People’s Party)  ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (People’s Party)  ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်စဉ်
ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်စဉ်
Published 30 December 2023

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (People’s Party)  ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊ အမှတ် (၆၂)၊ တိုက် (ဒီ)၊ (၉) လွှာ၊ အခန်း (၉၀၂) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ပြည်သူ့ပါတီ (People’s Party)  ကို ၂၀၂၃ ခု နှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှစ၍နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ် ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည် ဟု UEC ၏ ကြေညာချက်တွင် ဖော်ပြထား သည်။

ပြည်သူ့ပါတီ (People’s Party)  ၏ မှတ် ုံတင်အမှတ်မှာ (၄၇) ဖြစ်ကြောင်း UEC ၏ ကြေညာချက်တွင် ပါရှိသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအ သစ်ကို ပြဋ္ဌာန်းခဲ့ပြီးနောက် ဦးကိုကိုကြီး ဦး ဆောင်သော ပြည်သူ့ပါတီ (People’s Party)  သည် နိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီအဖြစ် မတ်လကုန်ပိုင်းတွင် UEC ထံ ပြန်လည်မှတ် ပုံတင်ရန် လျှောက်ထားခဲ့သည်။

နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့်အတက် ပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ရက်ပေါင်း (၉၀) အတွင်း ပါတီဝင်အင်အား တစ်သိန်းရ ရှိရန် စုဆောင်းရမည်ဖြစ်သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးစိန်ဝင်း ဦးဆောင်သည့် အ မျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ သည် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါ တီနှင့်လည်း ပူးပေါင်းထားသည်။

ပြည်သူ့ပါတီ (People’s Party)  ဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းင်းသည် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းတွင်လည်း ခေါင်းဆောင်ပိုင်းမှ တာဝန် ယူ ဆောင်ရွက်ခဲ့သူဖြစ်သည်။

UEC အနေဖြင့် ပြည်သူ့ပါတီ (People’s Party)  အား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးနောက် တည်ဆဲနိုင်ငံရေးပါတီ (၄၇) ပါတီ ရှိခဲ့ပြီဖြစ် သည်။

အဆိုပါ ပါတီများမှာ (၁) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည် သူ့ဒီမိုကရက်တစ်ပါတီ၊ (၃) ဒီမိုကရေစီပါတီ သစ် (ကချင်)၊ (၄) ဖလုံ-စဝေါ်ဒီမို ကရက်တစ် ပါတီ၊ (၅) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ (၆) ရခိုင့်ဦးဆောင်ပါတီ၊ (၇) တိုင်းလိုင်း (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါ တီ၊ (၈) ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ် ရေးပါတီ၊ (၉) ရခိုင်ပြည်နယ်အမျိုးသားအင် အားစုပါတီ၊ (၁၀) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ (၁၁) မြိုတိုင်းရင်းသားပါတီ၊ (၁၂) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊  (၁၃) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၄) အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၅) အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၁၆) ကိုးကန့်ဒီမိုကရေစီနှင့် ညီ ညွတ်ရေးပါတီ၊ (၁၇) ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီ၊ (၁၈) ကရင်ပြည်သူ့ပါတီ၊ (၁၉) ရှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီ၊ (၂၀) နာဂအမျိုး သားပါတီ၊ (၂၁) ဓနုတိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၂၂) ပြည်သူ့ရှေ့ဆောင် ပါတီ၊ (၂၃) အမျိုးသားနိုင်ငံရေးဒီမိုကရက် တစ်ပါတီ၊ (၂၄) အမျိုးသားနိုင်ငံရေးမဟာ မိတ်များအဖွဲ့ချုပ်ပါတီ၊ (၂၅) ဖက်ဒရယ်ဒီမို ကရက်တစ်ပါတီ၊ (၂၆) ပြည်သူ့အလုပ်သ မားပါတီ၊ (၂၇) မြန်မာနိုင်ငံတောင်သူလယ်သ မားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂၈) ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊  (၂၉) ဒီမိုကရက်တစ်ပါတီ၊ (၃၀) ဒီမိုကရက်တစ်အင် အားစုလေဘာပါတီ၊ (၃၁) အမျိုးသမီးပါတီ (မွန်)၊ (၃၂) မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ (၃၃) အမျိုးသားဒီမိုကရေစီပါတီသစ်၊ (၃၄) အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ (၃၅) ဓဝဓ အမျိုးသားပါတီ၊ (၃၆) ခူမီးအမျိုး သားပါတီ၊ (၃၇) အမျိုးသားနိုင်ငံရေးအားမာန် သစ်ပါတီ၊ (၃၈) ညီညွတ်သောတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ၊ (၃၉) ပြည်ထောင် စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ (၄၀) မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သ မားပြည်သူ့ပါတီ၊ (၄၁) ခေတ်သစ်ပြည်သူ့ပါ  တီ၊ (၄၂) လေဘာပါတီ၊ (၄၃) အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ (၄၄) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန် မာနိုင်ငံ) ပါတီ၊ (၄၅) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ (၄၆) လူ ထုပါတီ၊ (၄၇) ပြည်သူ့ပါတီတို့ ဖြစ်သည်။

သို့သော် ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီကို နိုဝင်ဘာ ၂၀ ရက်တွင်လည်း ကောင်း၊ မြိုတိုင်းရင်းသားပါတီကို နိုဝင်ဘာ ၂၂ ရက်တွင်လည်းကောင်း UEC က နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ် ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သောကြောင့် မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ (၄၇) ပါတီ ရှိသော်လည်း (၄၅) ပါတီသာ ကျန်ရှိသည်။

Most Read

Most Recent