သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှပ်နှံလိုသူများက မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေ

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှပ်နှံလိုသူများက မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေ
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် Wilmar Myanmar ၏ စက်ရုံကို တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် Wilmar Myanmar ၏ စက်ရုံကို တွေ့ရစဉ်
Published 29 December 2023

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့်စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမှုများပြန်လည်စတင် ၍ လက်ခံရရှိနေကြောင်း မြန်မာ-ဂျပန်သီလ ၀ါဒီပလော့မင့်လီမိတက်မှ သိရသည်။

မြန်မာ-ဂျပန်သီလ ၀ါဒီပလော့မင့်လီမိတက်(MJTD)သည် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်ဝက်အတွက် အသားတင်အမြတ်ငွေဒေါ်လာ နှစ်သန်းရရှိခဲ့ကြောင်း၊ အမြတ်လက်ကျန် ဒေါ်လာ ၅၇ ဒသမ ၄ သန်းနှင့် ငွေနှင့်ငွေ သားညီမျှခြင်းလက်ကျန်များအနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဒေါ်လာ ၄၅ သန်း ပိုင်ဆိုင်ထားသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ တည်ငြိမ်သောပတ်ဝန်းကျင်နှင့် အရည်အသွေးမြင့်မားသော အခြေခံအဆောက်အဦများအပြင် အထူးစီးပွားရေးဇုန်၏ အထူးခံစားခွင့်များကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှမြေ ယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိပြီဖြစ်ကြောင်း၊ အဓိကဝင်ငွေအနေဖြင့် ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများ၊ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်မီးလုပ်ငန်းများမှရရှိခဲ့ကြောင်း၊ ထို့ပြင် MJTD ၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ် လုပ်ရေး(ဆိုလာပရောဂျက်)မှလည်း လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေစီးဆင်းမှုရရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သီလဝါပရောပါတီးဒီဗလော့မန့် (TPD)သည် သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့်လူနေအိမ်ရာနှင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ စျေးကွက်တင်ရောင်းချခြင်းနှင့် နှစ်ရည်ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် တည်ထောင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေသော လေးနှစ်တာကာလနှင့်ပတ်သက်သော ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များအိမ်၊ခြံ၊မြေကဏ္ဍစျေးကွက်များ နှေးကွေးကျဆင်းခြင်း၊ ငွေလဲလှယ်နှုန်းမတည်ငြိမ်ခြင်းတို့ ကြောင့် ကုမ္ပဏီ၏ဝင်ငွေကို အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း၊ ယင်းအကျိုးဆက်များကြောင့် စက်တင်ဘာ ၃၀ ရက်တွင်ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဝက်အတွက် အရှုံးကျပ် ၂၁၄ သန်းပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေနှစ်အတွင်း နှစ်ရည်မြေငှားရမ်းခြင်းရှိခဲ့ပြီး ၎င်းမြေ ငှားရမ်းမှုဝင်ငွေနှင့်အမြတ်ငွေတို့သည့် လာမည့်နှစ်ကုန်ဘဏ္ဍာရေးရှင်းတမ်းတွင် ကော င်းမွန်သည့်ဘဏ္ဍာရေးအကျိုးအမြတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဝက်အတွက် အမြတ်ငွေမှာ ၈ ဒသမ ၃ ဘီလျံနှင့်ငွေသားနှင့်ဘဏ်လက်ကျန်မှာ ၃ ဒသမ ၁ ဘီလျံဖြစ်ပြီး ၎င်းလက်ကျန်ထဲတွင် ဒေါ်လာ  ၁ ဒသမ ၃၉ သန်းပါရှိကြောင်း သိရသည်။

Most Read

Most Recent