အင်းစိန်မြို့နယ် ကြို့ကုန်းမီးပွိုင့်တွင် အငှားယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိရာ ယာဉ်မောင်းဖြစ်သူ အပြင်းအထန်ဒဏ်ရာရ

အင်းစိန်မြို့နယ် ကြို့ကုန်းမီးပွိုင့်တွင် အငှားယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိရာ ယာဉ်မောင်းဖြစ်သူ အပြင်းအထန်ဒဏ်ရာရ
Published 15 December 2023

အင်းစိန်မြို့နယ် ကြို့ကုန်းမီးပွိုင့်တွင် အငှားယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိရာ ယာဉ်မောင်းဖြစ်သူ အပြင်းအထန်ဒဏ်ရာရရှိမှု ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက် ည ၁၂ နာရီခွဲကျော်ခန့်တွင် အင်ူစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကြို့ကုန်းမီးပွိုင့်တွင် အငှားယဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“အရှိန်မထိန်းနိုင်ဖြစ်သွားတာပါ။ သစ်ပင်ကို ရှောင်ရင်း လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိတာပါ။ ယာဉ်မောင်း အခြေအနေက အနီရောင်အဆင့်ပါ” ဟု ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် အငှားယာဉ်မောင်း၏ ဒဏ်ရာမှာ(စိုးရိမ်ရ)ဖြစ်ကြောင်း၊ ၎င်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent