ဆေးသုတ်လုပ်သားများ ပါလာသည့် Light Truck ယာဉ် ​ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ချောက်ထဲသို့ ထိုးကျတိမ်း​မှောက်ပြီး သုံးဦးသေဆုံး

ဆေးသုတ်လုပ်သားများ ပါလာသည့် Light Truck ယာဉ် ​ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ချောက်ထဲသို့ ထိုးကျတိမ်း​မှောက်ပြီး သုံးဦးသေဆုံး
Published 24 November 2023

ဆေးသုတ်လုပ်သားများ ပါလာသည့် Light Truck ယာဉ် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ပြီး သုံးဦးသေဆုံးမှု နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈/၄)မိုင်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် Light Truck ယာဉ်တစ်စီးသည် အဆင်းလမ်းညာဘက်ခြမ်းတွင် ရပ်ထားသော Saloon KIA Cerato (အနီရောင်)ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ချောက်ထဲသို့ ထိုးကျသိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းခုနစ်ဦးအနက် အမျိုးသားသုံးဦးသေဆုံးခဲ့ကာ အမျိုးသမီး တစ်ဦး(စိုးရိမ်ရ)နှင့် အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ဆေးသုတ်လုပ်သားများ လိုက်ပါလာသော light truck အမျိုးအစားယာဉ်သည် တောင်အဆင်း မောင်းနှင်နေချိန် အရှိန်မထိန်းနိုင်ပဲ လားရာတူမောင်းနှင်နေသည့် ယာဉ်ငယ်တစ်စီးနှင့် လမ်းဘေးရှိကာရံထားသော အတားအဆီးများကို တိုက်မိပြီး လမ်း​​ဘေးရှိချောက်အထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း၊ လူနာ အမျိုးသားတစ်ဦးသည် ကျောက်တုံးများအကြား ညှပ်မိနေခဲ့သောကြောင့် ခက်ခဲစွာ ထုတ်ယူခဲ့ကြောင်း စေတနာမွန်လူမှုကူညီအသင်း-အုန်းချောထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သို့ ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါသေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကူညီရေးဖြစ်စဉ်တွင် ပြည်သူများနှင့် Myanmar Rescue mdy အဖွဲ့လာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent