မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ တရုတ်နိုင်ငံသို့ ပြန်လာရမည်ဟု ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ထုတ်ပြန်

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ တရုတ်နိုင်ငံသို့ ပြန်လာရမည်ဟု ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ထုတ်ပြန်
Published 18 November 2023
Ref: Global Times

ဆက်သွယ်ရေးကွန်ရက်များတွင် တရားမဝင်ကိစ္စများကို ထိရောက်စွာတိုက်ဖျက်ရန်လည်းကောင်း၊ ပြည်သူတို့၏ အသက်နှင့်စည်းစိမ်တို့ ဘေးကင်းစေရန်လည်းကောင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လာရန် တိုက်တွန်းကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ပေါင်ရှန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တရားမဝင်နေထိုင်နေသူများ ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လာကြရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပြန်မလာမီ အနည်းဆုံး ခုနစ်ရက် ကြိုတင်၍ ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားပြီး သတင်းပို့ရန်လိုအပ်နေပြီး တရားဝင်နည်းလမ်းများဖြင့် တရုတ်နိုင်ငံသို့ ပြန်လာကြရမည်ဟုဆိုသည်။ ရောက်ရှိလာသည်နှင့်တစ်ပြိုင်တည်း ၎င်းတို့သည် ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ အမြန်ဆုံးအကြောင်းကြားရမည်ဖြစ်သည်။

သတ်မှတ်ချိန်အတွင်း ကြိုတင်အကြောင်းကြားသူများနှင့် တရုတ်နိုင်ငံသို့ ဆန္ဒအလျောက် ပြန်လာသူများကို ဥပဒေအတိုင်း သက်ညှာသောပြစ်ဒဏ်များပေးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရားမဝင်နေထိုင်သူများ၏ အခြေအနေများသည် ပြောပလောက်စရာမဟုတ်ခြင်းနှင့် အန္တရာယ် ရှိသည့်အနေအထားမဟုတ်ပါက အခြေအနေအပေါ်မူတည်၍ ၎င်းတို့ကို ပြစ်ဒဏ်ကင်းလွတ်ပေးနိုင်သည်ဟု ဆိုသည်။

မြန်မာပြည်မြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေကြသူများ၏ မိသားစုဝင်များသည် ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သင့်ပြီး ၎င်းတို့၏ ဆွေမျိုးများ တရုတ်နိုင်ငံသို့ အချိန်မီပြန်လာကြစေရန် တက်ကြွစွာ အားပေးသင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြံပေးချက်များကို လက်မခံသူများနှင့် မိမိတို့၏တရားမဝင်လုပ်ရပ်များကို မှန်ကန်စွာ ဝန်မခံသူများကို ရဲတပ်ဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ဥပဒေအတိုင်း အပြစ်ပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်မြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသူများနှင့် ပြစ်မှုကျူးလွန်သော သဲလွန်စရှိထားသူများကို ဖော်ထုတ်သတင်းပေးရန် ဒေသဆိုင်ရာရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် တရုတ်နိုင်ငံကို ပြန်မလာသော တရားမဝင်နေထိုင်သူများအတွက် ပြည်သူ့လုံခြုံရေးအာဏာပိုင်များက စည်းမျဉ်းဥပဒေတို့နှင့်အညီ ဒဏ်ခတ်သော အစီအမံများကို ချမှတ်သွားမည်ဖြစ်သည်။ ထိုအစီအမံထဲတွင် အိမ်ထောင်စု မှတ်ပုံတင်ခြင်းကို ဆိုင်းငံ့ခြင်းလည်းပါဝင်မည်ဖြစ်သည်။ ၎င်းတို့ကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး နိုင်ငံမှ ထွက်ခွာခြင်းကို တရားဝင်အားဖြင့် တားမြစ်သည့်စာရင်းတွင် ထည့်သွင်းမည်ဟု ဆိုသည်။

နေရပ်ကို အချိန်မီပြန်မလာသူများသည် ၎င်းတို့အသုံးပြုနေသော ဘဏ်ကတ်၊ အခြားသော အီလက်ထရွန်နစ် ငွေပေးချေမှုကတ်၊ ငွေပေးချေခြင်း၊ ငွေလွှဲခြင်း၊ ချေးငွေဆပ်ခြင်း၊ အကြွေးဆပ်ခြင်း၊ ငွေသားထုတ်ယူခြင်းတို့အတွက် အသုံးပြုသောသက်ဆိုင်ရာအကောင့်တို့ကို ရပ်ဆိုင်းမည်ဟုဆိုသည်။

၎င်းတို့အသုံးပြုနေသော Sim ကတ်များကို ပိတ်မည်ဖြစ်ပြီး ငါးနှစ်အတွင်း ဘဏ်ကတ်၊ Sim ကတ်တို့ လျှောက်ထားခွင့်မပြုဟု ဖော်ပြထားသည်။      

 

Most Read

Most Recent