မုဒုံမြို့နယ် ကျောက်တစ်လုံးကျေးရွာ မော်လမြိုင်-မုဒုံကားလမ်းတွင် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ ယာဉ်မောင်း ဦးမျိုးအောင် (၄၄ နှစ်) ဆိုသူမောင်းနှင်လာသည့် မော်တော်ယာဉ်မှာ မော်လမြိုင်-မုဒုံကားလမ်း မိုင်တိုင်အမှတ် (၁၃/၂) နှင့် (၁၃/၃) ကြား၊ တံတားအမှတ် (၂/၁၄) ပေါ်တွင် အရှိန်လွန်ကာ ခြေဆင်းတိုင်နှစ်တိုင်အား ချိတ်တိုက်မိပြီး တံတားပေါ်မှ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားချက်အရ သိရသည်။
၎င်းကဆက်လက်ပြီး “ကျောင်းတစ်လုံးရွာနားက ယာဉ်တိမ်းမှောက်မှုမှာ မော်တော်ယာဉ်ကတော့ ချောင်းထဲကျသွားပေမယ့် ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ မော်တော်ယာဉ်ကတော့ အရှေ့ပိုင်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။ နောက်တံတားဘေးအရံအတားတွေလည်း ပျက်ဆီးသွးတယ်” ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးမျိုးအောင်အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။